Tag: News

  • မြောက်ဦးတွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စစ်သုံ့ပန်းမိသားစုဝင် ၂၈ ဦးသေဆုံးပြီး ၂၅ ဦး အပြင်းအထန် ဒဏ်ရာရ

    မြောက်ဦးတွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စစ်သုံ့ပန်းမိသားစုဝင် ၂၈ ဦးသေဆုံးပြီး ၂၅ ဦး အပြင်းအထန် ဒဏ်ရာရ

    မြောက်ဦးတွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စစ်သုံ့ပန်းမိသားစုဝင် ၂၈ ဦးသေဆုံးပြီး ၂၅ ဦး အပြင်းအထန် ဒဏ်ရာရ၊ သေဆုံးဒဏ်ရာရရှိသူများတွင် အမျိုးသမီးများနှင့်ကလေးများ ပါဝင်

    မြောက်ဦးတွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စစ်သုံ့ပန်းမိသားစုဝင် ၂၈ ဦးသေဆုံးပြီး ၂၅ ဦး အပြင်းအထန် ဒဏ်ရာရ၊ သေဆုံးဒဏ်ရာရရှိသူများတွင် အမျိုးသမီးများနှင့်ကလေးများ ပါဝင်ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်၊ ညနေ ၄ နာရီ ၄၆ မိနစ်နှင့် ညနေ ၄ နာရီ ၄၇ မိနစ်အချိန်တို့တွင် မြောက်ဦးမြိုနယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံပန်းမိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲမှ အချိုမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး ၎င်းထဲမှ ဒဏ်ရာပြင်းထန်သူအချိုမှာလည်း နောက်ထပ်သေဆုံးသူများစာရင်းထဲတွင်ရှိလာနိုင်ကြောင်း AA က ဆိုသည်။

    ယခုကဲ့သိုဗုံးကျဲခံရ၍ သေဆုံး/ဒဏ်ရာရရှိသော စစ်သုံပန်းမိသားဝင်များမှာ အာရက္ခဒေသ စစ်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တပ်မိသားစုဝင်များဖြစ်ပြီး မကြာမီအချိန်ကာလတစ်ခုတွင် ၎င်းတို့ကို အာရက္ခတပ်တော်မှ ပြန်လည်လွှတ်ပေးရန် စီစဉ်ထားရှိပြီး ဤနေရာ၌ ယာယီထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။

    နိုင်ငံတစ်ဝန်း စစ်ရှုးနေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သောနေရာများ စသည့် ပြည်သူကိုမှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရားလက်လွတ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်ဟု AA က ပြောသည်

    ၂၀၂၅ ခုနှစ် အစောပိုင်းကာလမှစ၍ ဤကဲ့သိုသော အကြမ်းဖက်တိုက်မှုများကို ဖက်ဆစ်စစ်ကောင်စီမှ ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာသောကြောင့် လေကြောင်းရန် နှင့် လေကြောင်း အန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြပါရန်၊ အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြပါရန် AA က တိုက်တွန်းနှိုးဆော်ထားသည်။

    Photo: ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ ရန်သူ့စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူများအား အာရက္ခတပ်တော် ဆေးတပ်ဖွဲ့ဝင်များမှ ဆေးကုသမှုပေးနေစဉ်

  • CDM များကို အမည်ပျက်စာရင်း မှ ပယ်ဖျက် ပေးမည်ဆိုသော ကြေညာချက်ကြောင့် သွားရောက် လျှောက် ထားခဲ့ သော်လည်းကို ပယ်ဖျက်ပေးခြင်းမရှိ

    CDM များကို အမည်ပျက်စာရင်း မှ ပယ်ဖျက် ပေးမည်ဆိုသော ကြေညာချက်ကြောင့် သွားရောက် လျှောက် ထားခဲ့ သော်လည်းကို ပယ်ဖျက်ပေးခြင်းမရှိ

    စစ်ကောင်စီက CDM များကို အမည်ပျက်စာရင်း မှ ပယ်ဖျက် ပေးမည်ဆိုသော ကြေညာချက်ကြောင့် သွားရောက် လျှောက် ထားခဲ့ သော်လည်းကို ပယ်ဖျက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်နှင့် ပြည်ပထွက်ခွင့် ဆက်ပိတ်

    အကြမ်းဖက် စစ်ကောင်စီက CDM များကို Blacklist မှ ပယ်ဖျက်ပေးမည်ဆိုသော ကြေညာချက်ကြောင့် သွားရောက် စာရင်းပေးခဲ့သူများကို အမည်စာရင်း ပယ်ဖျက်ပေးခြင်းမရှိဘဲ ပြည်ပထွက်ခွာခွင့် ဆက်လက် ပိတ်ပင်ထားကြောင်း လျှောက်ထားခဲ့သော CDM ဝန်ထမ်း တစ်ဦးက ပြောဆိုသည်။

    ၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီက နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး Blacklists တွင် ပါဝင်နေသူများအား ဖြေလျှော့ပေးမည်ဟုဆိုကာ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်း ထုတ်ပြန်ချက်ကြောင့် CDM ဝန်ထမ်း တချို့က သွားရောက်စာရင်းပေးသွင်းခဲ့ပြီး လက်ရှိချိန်ထိ Blacklists မှ ပယ်ဖျက်ပေးခြင်းမရှိသေးဘဲ ပြည်ပထွက်ခွာခွင့် ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်ကောင်စီက Blacklists ပယ်ဖျက်ရန် လျှောက်ထားခဲ့သော CDM ဝန်ထမ်းများကို NLD အစိုးရ လက်ထက်က ထုတ်ချေးထားသော ချေးငွေများကို ပြန်ဆပ်ခိုင်းပြီး ကတိကဝတ်များဖြင့် အချက်အလက်များကို စုံလင်စွာ တောင်းခံခဲ့ပြီး ၎င်းတို့ တောင်းခံသော အချက်အလက်များ စုံလင်စွာပေးပို့ထားသော်လည်း လက်ရှိချိန်ထိ ပြည်တွင်းပြည်ပ အလုပ်လုပ်ကိုင်ခွင့်များကို တားဆီးပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

    “စစ်ကောင်စီရဲ့ Blacklist ပယ်ဖျက်ပေးမယ်ဆိုတဲ့ ကြေညာချက်ချက်ကြောင့် ကျနော်နဲ့ နဲ့ကျနော် အသိမိတ်‌ဆွေတွေ စာရင်းပေးခဲ့ပါတယ်။ စာရင်းပေးခဲ့ပေမယ့်လည်း ၇ လ ကြာတဲ့အထိ Blacklist မပယ်ဖျက် ပေးသေးပါဘူး။ စာရင်းပေးတုန်းကလည်း စစ်ကောင်စီက NLD အစိုးရ လက်ထက်က ပေးထားတဲ့ ၂ လ ချေးငွေလည်း ပြန်တောင်းခံပါတယ်။ ကတိကဝတ် အချက်အလက်တွေလည်း စုံလင်စွာ‌ပေးခဲ့ရပါတယ်။ အခုထိ ဘာသတင်းမှ အကြောင်းမပြန်ပါဘူး။ နောက်လူတွေလည်း အယုံလွယ်ပြီး Blacklist စာရင်း ပယ်ဖျက်ဖို့ စာရင်းသွားပေးမယ်ဆိုရင် သေချာစဉ်းစားဖို့လိုပါတယ်” ဟု CDM ဝန်ထမ်း တစ်ဦးက ပြောဆိုသည်။

    အဆိုပါ စာရင်း သွားရောက်ပေးခဲ့သော CDM ဝန်ထမ်းသည် ၂၀၂၁ ခုနှစ်တွင် ခွင့်မဲ့ ပျက်ကွက်သည်ဟုဆိုကာ CDM စာရင်းသွင်းခံရသော ဝန်ထမ်းတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် Passport လုပ်ရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်းထား၍ ပတ်စ်ပို့လုပ်မရဟု အကြောင်းပြန်လာကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်၏ ထုတ်ပြန်ချက်တွင် နိုင်ငံ့ဝန်ထမ်း အချို့သည် အကြောင်း အမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာ ဌာနများ၏ Blacklists တွင် ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအဖြစ် ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝ များလည်း နစ်နာလျက်ရှိသောကြောင့် ကုစားပေးနိုင်ရန် လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းခြင်းရာအပေါ် မူတည်၍ Blacklists မှ ပယ်ဖျက် ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

  • ပေါ်တာဆွဲ ဖမ်းဆီးနေ၊  လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွတ် ပြည်သူများကို  ဖမ်းဆီးထား

    ပေါ်တာဆွဲ ဖမ်းဆီးနေ၊ လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွတ် ပြည်သူများကို ဖမ်းဆီးထား

    ကြို့ပင်ကောက်၊ သင်္ခရိုင်ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း စီးနင်း ပေါ်တာဆွဲ ဖမ်းဆီးနေ၊ လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွတ် ပြည်သူများကို ဖမ်းဆီးထားကာ ရွာနှင့်လူများကို သတ်ဖြတ် မီးရှို့ မည်ဟု ခြိမ်းခြောက်

    ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်း ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွတ် ဖမ်းဆီးထားပြီး နေအိမ်များကို မီးရှို့၍ ပြည်သူမျာကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် လူငယ်များ ထွက်ပြေးသွား၍ ရွာလုံးကျွတ် ဖမ်းဆီးထားပြီး နေအိမ်များကို မီးရှို့၍ ပြည်သူမျာကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း သိရသည်။

    လက်ရှိချိန်တွင် သင်္ခရိုင်ရွာထဲ၌ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီး အများစုကျန်ရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ခန့်က ရွာထဲ၌ ရှိနေကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သင်္ခရိုင်ရွာကို PDF တပ်ဖွဲ့များ လာရောက် တိုက်ခိုက်ရန် ဖုန်းဆက် ပြောဆိုပြီး တိုက်ခိုက်ခြင်းမရှိပါကာ ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူများကို သတ်ဖြတ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    “ကြို့ပင်ကောက်၊ သင်္ခရိုင်ရွာကို စစ်ခွေး ဒီနေ့ နံနက် ၁၀ နာရီလောက်က ရွာထဲဝင်ရောက်ပေါ်တာဆွဲတာ သူတို့လာဆွဲတော့ ရွာထဲက လူငယ်တွေ အကုန်လုံးထွက်ပြေးလို့ဆိုပြီး ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ ကလေးတွေ နဲ့ မိန်းကလေးတွေ တစ်ရွာလုံးကို ဖမ်းဆီးထားတာ တော်လှန်ရေးအဖွဲ့တွေကိုလည်း လာတိုက်ရင်တိုက် မတိုက်ရင် ရွာကို မီးရှို့မယ်လို့ စစ်ခွေးတွေက ဖုန်းဆက်ပြီး ခြိမ်းခြာက်ပြောဆိုတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်တွင်ပေါ်တာဆွဲ ဖမ်းဆီးရုံတင်မကတော့ဘဲ စစ်ကြောင်းထိုး၍ ကျေးရွာများကို စီးနင်းကာ လူငယ်များကို လိုက်လံ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ပဲခူးတိုင်းအတွင်းရှိ ကင်းထောက်သတင်းရင်းမြစ်များက ပြောဆိုကြသည်။

  • ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အဆောက်အဦးများ ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးနိုင်

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စက်ရုံအတွင်း အဆောက်အဦးများ ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှုကြောင့် ကပစ ၂၁ ဗုံးသီးထုတ် စက်ရုံ အတွင်း ကြီးမားသော ထိခိုက်မှုရှိခဲ့ကြောင်း ကနဦး သတင်းရရှိခဲ့ပြီး ပျက်စီးမှု အသေးစိပ်နှင့် နောက်ဆက်တွဲ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

    ထိုသို့ တိုက်ခိုက်ခြင်းသည် ကပစ ၂၁ စက်ရုံက နိုင်ငံတဝန်းရှိ ပြည်သူလူထုကို ဗုံးကျဲ သတ်ဖြတ်ရာတွင် အသုံးပြုသော ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများ ၊ cluster ဗုံးသီးများ အပါအဝင် တိုက်လေယဥ်သုံး လူသတ်ဗုံးသီး အမျိုးမျိုးကို အဓိက ထုတ်လုပ်ပေးနေသည့်စက်ရုံဖြစ်သည့်အတွက် လေတပ် ဆက်စပ် ပစ်မှတ်အဖြစ် သော်လည်းကောင်း၊ အရေးပါသော အကြီးစား စစ်ရေး ပစ်မှတ် အဖြစ်သော်လည်းကောင်း သတ်မှတ်၍ Brave Warriors for Myanmar (BWM) အဖွဲ့က Mission 31 အဖြစ် ဖော်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ကျနော်တို့ အဖွဲ့အနေနဲ့ တော်လှန်ရေးအတွက် အကောင်းဆုံး ဆက်လက်ကြိုးပမ်းနေပါတယ်။ ပြည်သူတွေ ဆက်လက်တောင့်ခံဝ န်းရံပေးထားကြဖို့ ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Eagle Brigade (ANyar Eagle) အဖွဲ့၊No More Dictatorship-NMD အဖွဲ့၊ Shadow (Mandalay)အဖွဲ့နှင့် ဒေသခံ တော်လှန်ရေး ရဲဘော်အင်အားစုများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ယင်း စစ်ဆင်ရေး Misison 31 ဖြစ်မြောက်ရေးအတွက် တတ်နိုင်သော ကဏ္ဍမျိုးစုံမှ ပူးပေါင်း ပါဝင် ပေးခဲ့ကြသည့် မဟာမိတ် တော်လှန်ရေးအဖွဲ့အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း၊ ရှေ့ဆက်၍လည်း ထိရောက်သော တော်လှန်ရေးအရွေ့ဖြစ်စေမည့် အကြီးစားစစ်ရေးပစ်မှတ်များကို ရှာဖွေဖော်ထုတ်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

  • ရေးမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ ဒရုန်းဗုံးသီး အလုံးရေ ၁၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ဟု PDF ထုတ်ပြန်

    ရေးမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ ဒရုန်းဗုံးသီး အလုံးရေ ၁၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ဟု PDF ထုတ်ပြန်

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား ဖြစ်ပွားနေဆဲ တိုက်ပွဲများအတွင်း ဒရုန်းဖြင့် ဗုံးသီး ၁၂၇ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေါနတပ်ခွဲ(၄) KBDF ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

    ဇန်နဝါရီလ ၉ ရက်နေ့မှစ၍ ကျုံလောင်းရွာဟောင်းဘက်သို့ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) (၁၉) လက်အောက်ခံ ရေးမြို့နယ်အခြေစိုက် တပ်ရင်းများမှ အင်အား ရာနှင့်ချီ၍ စစ်ကြောင်းထိုးခဲ့သည်။ ထိုစစ်ကောင်စီစစ်ကြောင်းနှင့် မွန်၊ ကရင်၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) စသည့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ပစ်ခတ်မှုများ ရှိကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

    အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ကူတို့ကို အဓိကသုံး၍ ခုခံခဲ့သည်။

    ထို့ပြင် စစ်ကောင်စီ​၏ စစ်အင်အားဖြည့်တင်းခြင်း၊ လေကြောင်းမှကင်းထောက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ပေးနေခြင်းများကြောင့် စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ကြောင်း ပူးပေါင်းတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ” အခုထိလည်း သူတို့ အင်အားတွေ ဖြည့်ဖို့ လုပ်နေဆဲပဲ။ တပ်ရင်းတွေက အစုံပါတယ်။ စကခ (၁၉) က ရင်းတွေဆိုတော့ သံဖြူဇရပ်၊ ရေး၊ လမိုင်း အဲ့ဒီဘက်တွေက တပ်တွေပေါ့။ တခြား အမြှောက်တပ် (၃၁၆) လို တပ်တွေကနေလည်း လက်နက်ကြီးတွေ အမြှောက်တွေ ပစ်ကူပေးနေတာရှိတယ်။ လေကြောင်းကနေ ကြဲနေတာတွေလည်း ရှိနေပါတယ်။ တိုက်ပွဲက ဆက်လက်ပြင်းထန်နိုင်သေးတာမို့ ဒေသခံတွေအနေနဲ့တော့ ပြန်နေဖို့ မလွယ်သေးဘူးနော်” ဟု ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အဆိုပါ တိုက်ပွဲများအတွင်း KBDF Droneတပ်ဖွဲ့ က စစ်ကောင်စီစစ်ကြောင်းကို နည်းပညာမြှင့်တင်ထားသည့် TOPPV (2) အမျိုးစား UAV မောင်းသူမဲ့ Fixedwings Drone‌ များဖြင့်Drop ဗုံးသီး ၁၂၇လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

    မွန်၊ ကရင်၊ PDF တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များ​၏ မြေပြင်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အရာရှိ အပါအဝင် ၇၀ ဦးခန့် သေဆုံးခဲ့ပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို ပူးပေါင်းတပ်ဘက်မှလည်း ရဲဘော်သုံးဦး ဒဏ်ရာရခြင်းရှိသည်ဟု ဆိုသည်။

    ကျုံလောင်းရွာတဝိုက် ဖြစ်ပွားနေဆဲ တိုက်ပွဲများနှင့် စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ကျုံလောင်း ရွာဟောင်း၊ ရွာသစ်၊ ကျောက်မိကျောင်း၊ ဝယ်ပေါင်၊ ဝယ်ဇင် အပါအဝင် အနီးအနား ကျေးရွာများမှ ဒေသခံ ဦးရေ ၁,၀၀၀ ခန့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများနှင့် ဆွေမျိုးများရှိရာ ရေးမြို့ပေါ် ဒေသများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။ ထို့ပြင်စာသင်ကျောင်း ငါးကျောင်းလည်း ပိတ်သိမ်းထားရကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ဇန်နဝါရီ ၁၅ ရက်နေ့က ပြောသည်။

    ပုံအညွှန်း- ရေးမြို့နယ်၊ ကျုံလောင်းရွာတွင် ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များဘက်မှ ဒရုန်းဖြင့် ဗုံးသီးအလုံးရေ ၁၂၇ လုံး ကြဲချတိုက်ခိုက်စဥ် ၊ (ဓာတ်ပုံ-KBDF)