Tag: News

  • အာဏာရှင် အုပ်ချုပ်ရေး ယန္တရား နောက် ထပ် တစ်ကြိမ် အခြေမစိုက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားကြရန် ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောဆို

    အာဏာရှင် အုပ်ချုပ်ရေး ယန္တရား နောက် ထပ် တစ်ကြိမ် အခြေမစိုက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားကြရန် ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောဆို

    ၂၀၂၅ ခုနှစ်တွင် စစ်အာဏာရှင်အုပ်စုကို စုစည်းညီညွတ်အားဖြင့် ဖြိုချပစ်ရေး ၊ စစ်အာဏာရှင် အုပ်ချုပ်ရေး ယန္တရား နောက် ထပ် တစ်ကြိမ် အခြေမစိုက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားကြရန် ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောဆို

    ၂၀၂၅ နှစ်တွင် စစ်အာဏာရှင်အုပ်စုကို စုစည်းညီညွတ်အားဖြင့် ဖြိုချပစ်ရေး၊ တအာင်း TNLA က သိမ်းပိုက်ထားသော နယ်မြေများတွင် စစ်အာဏာရှင်အုပ်စု၏ အုပ်ချုပ်ရေး ယန္တရား နောက်ထပ် တစ်ကြိမ် အခြေမစိုက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားကြရန် TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားသည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ၆၂ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြု မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

    ယခု ၂၀၂၅ ခုနှစ်အတွင်း TNLA အနေဖြင့် ယခင်နှစ်များထက် ချိတ်ဆက်လက်တွဲပြီး ယိုင်နဲ့နေသည့် စစ်အာဏာရှင်အုပ်စုကို ဖြိုချပစ်ရန် စုစည်းညီညွတ်အားဖြင့် တော်လှန်ရေးတာဝန်များကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း တိုင်ပြည်တွင် ရှိနေသည့် စစ်အာဏာရှင် စနစ်ဆိုးဖြုတ်ချနိုင်ရန်အတွက် လူတန်းစား အလွှာပေါင်းစုံဖြင့် တော်လှန်ရေး အင်အားစု အဖွဲ့အစည်းပေါင်းစုံက မိမိကျရာ အခန်းဏ္ဍမှ တော်လှန်ရေးတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အသုံးချပြီး စည်းလုံးညီညွတ်စွာဖြင့် တော်လှန်တိုက်ခိက်ခဲ့ကြသည့်အတွက် တော်လှန်ရေး၏ အောင်မြင်မှု အလင်းတန်း ရောင်နီသန်းလာပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

    “အရှိန်ကောင်းရလာတဲ့ ဒီတော်လှန်ရေး ရေစီးကြောင်း စုစည်းညီညွတ်မှုအင်အားတွေကို ဆက်လက်ထိန်းသိမ်းပြီးတော့ မိမိတို့ နိုင်ငံ့အတွင်း အခြေစိုက်ကျန်ရှိနေသေးတဲ့ ဘုံရန်သူရဲ့ နေ့စဉ် မပြတ် မိဘပြည်သူတွေကို ဒုက္ခပေးနေတဲ့ ထောက်တိုင်တွေကို အပြီးတိုင်ဖြိုလှဲပစ်ဖို့ အသုံးချသွားရမှာဖြစ်တယ်။ တိုင်းရင်းသားလူထု တစ်ရပ်လုံးအနေနဲ့လည်း မိမိတို့ကို နေ့စဉ် ဒုက္ခပေးနေတဲ့ လေကြောင်းအန္တရာယ်တွေကို တာဝန်သိသိ သတိဝီရိယရှိရှိနဲ့ လုပ်ကိုင်နေထိုင်စားသောက်ကြဖို့ အထူးမေတ္တာရပ်ခံ ပန်ကြားလိုပါတယ်။ ၂၀၂၅ ခုနှစ်ဟာ မြေပြန့်ဒေသနဲ့ အခြားဆက်စပ်ဒေသတွေမှာ စုစည်းညီညွတ်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက တော်လှန်ရေးအရှိန် ပိုမို မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေစဉ် ကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများ ချမှတ်တဲ့ ဘေးကင်းလုံခြုံရေး အစီအမံတွေကို အထူးလိုက်နာပြီး ဘေးကင်းလုံခြုံစွာနဲ့ တော်လှန်ရေးရဲ့ အောင်မြင်မှု အသီးအပွင့်တွေကို မြင်တွေ့ ခံစားနိုင်ကြပါစေကြောင်း” ဟု TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောဆိုသည်။

    ထို့ပြင် ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ချက် မူဝါဒ မပြောင်းလဲကြသေးသည့် ဒေသတွင်းရှိ နိုင်ငံတချို့၏ ရပ်တည်ချက်များကြောင့် တစ်တိုင်းပြည်လုံး တော်လှန်ရေးအင်အားစုများနှင့်အတူ မိမိတို့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေအတွင်း စစ်အာဏာရှင်အုပ်စု၏ အုပ်ချုပ်ရေး ယန္တရား နောက်ထပ် တစ်ကြိမ် အခြေမစိုက်နိုင်ရေး တအားတပ်မတော်သားများနှင့်ဒေသပြည်သူများက ဟန်ချက်ညီညီ အစွမ်းကုန် ကြိုးပမ်းကာကွယ်သွားရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းပြောဆိုသွားသည်။

    TNLA သည် ၁၀၂၇ စစ်ဆင်ရေးများအတွင်း နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ် စုစုပေါင်း မြို့နယ် ၁၂ ခုကို သိမ်းပိုက်ထားသည်။

  • ခွေးသေဝက်သေ သေဆုံးခဲ့တဲ့ စင်တင်မရဲ့ နောက်လိုက် ငပျူများ

    ခွေးသေဝက်သေ သေဆုံးခဲ့တဲ့ စင်တင်မရဲ့ နောက်လိုက် ငပျူများ

    “ခွေးသေဝက်သေ သေဆုံးခဲ့တဲ့ စင်တင်မရဲ့ နောက်လိုက် ငပျူများ”

    ဇန်နဝါရီလ ၁၂ ရက်နေ့ မနေ့က ဖြစ်ပွားခဲ့တဲ့ မြင်းခြံမြို့အဝင် နန်းမြင့်တောင် အနီးက တိုက်ပွဲမှာ စင်တင်မ သီတာယုမွန်ရဲ့ နောက်လိုက် ငပျူတွေ ခွေးသေဝက်သေ သေဆုံးခဲ့တဲ့ မှတ်တမ်းလေးပါ။

    သတိ-နှလုံးရောဂါရှိတဲ့သူများ မကြည့်ရ ❌

  • မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA က ချေမှုန်းသုတ်သင်

    မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA က ချေမှုန်းသုတ်သင်

    ကချင်ပြည်နယ်၊ မံစီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လိုက်လံ ချေမှုန်းသုတ်သင်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကိုအပြီးသတ်သိမ်းပိုက်ခဲ့ပြီး မံစီမြို့ နယ်တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ တပ်ရင်းများမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံ ချေမှုန်းသုတ်သင်ခဲ့ရာ စစ်သားစုစု ပေါင်း ၁၄၀ ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ကြောင်း သိရှိရသည်။

    “ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံချေမှုန်းမှာရာမှာ ၁၄၀ ကိုလိုက်လံချေမှုန်းသုတ်သင်နိုင်ခဲ့ပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    လက်ရှိအချိန်အထိလည်း KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မံစီမြို့နယ်မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက် လိုက် လံ ချေမှုန်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

    အလားတူ ဗန်းမော်မြို့နယ်တွင် KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရန် အမှတ် ၂၁ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ ၄၇ တပ်ရင်းတို့ ကျန်ရှိနေရာ ယင်းစခန်း ၂ ခုကို အပြင်းအထန် ဆက်လက်တိုက် ခိုက်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲများ ဆက်လက်ရှိနေဆဲဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူများလည်း ဆက်လက် ထွက်ပြေးနေဆဲဖြစ်ကြောင်း သိရှိရသည်။

    ကချင်ပြည်နယ်၊ မံစီမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ကို ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက KIA က ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် မံစီမြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ကာ ဗန်းမော်မြို့နယ်ကိုမူ အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

  • စစ်ကောင်စီက လေတပ်ကုန်ချစရိတ် လျှော့ချနိုင်ရန် အင်ဂျင်တပ်လေထီးဖြင့် စမ်းသပ်ဗုံးကြဲလာ

    စစ်ကောင်စီက လေတပ်ကုန်ချစရိတ် လျှော့ချနိုင်ရန် အင်ဂျင်တပ်လေထီးဖြင့် စမ်းသပ်ဗုံးကြဲလာ

    စစ်ပွဲများတွင်ရှုံးနိမ့်လာသည့် အာဏာသိမ်းစစ်ကောင်စီသည် လက်ရှိတွင် ဝေဟင်(လေကြောင်း) အဓိကထား အားပြုတိုက်ခိုက်နေရပြီး ယခုအခါတွင် ၎င်းတို့၏လေတပ် ကုန်ချစရိတ် လျှော့ချနိုင်ရန် အတွက် အင်ဂျင်တပ်လေထီး (Paramotor/Paraglider) များကို အသုံးပြု၍ ကျေးရွာများကို စမ်းသပ်ဗုံးကြဲလာကြောင်း သိရသည်။

    စစ်ကောင်စီသည် လက်ရှိတွင် အင်ဂျင်တပ်လေထီးများအသုံးပြု၍ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ထိခိုက်သေဆုံးမှုများ ရှိနေပြီး ထိုသို့လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ၊ ဧပြီ(သင်္ကြန်အပြီး)မှ စတင်ကာ ပြင်ဦးလွင် တပ်နယ်အတွင်း လေ့ကျင်ခဲ့ကြောင်း တပ်မတော်သား CDM အရာရှိများထံက သိရသည်။

    “အဲအချိန်ကာလက ပြင်ဦးလွင်ဘက်ခြမ်းမှာ ကျွန်တော်ရှိနေတယ်၊ အဲဒီမှာ ကျွန်တော်ကိုယ်တိုင် ပြင်ဦးလွင်တပ်နယ် တစ်နေရာကနေ မြင်ခဲ့တာပါ။ အဲဒီကနေ စလာတာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    ယင်းနောက် မိတ္ထီလာရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)နှင့် တံတားဦး လေတပ်စခန်းအပါအဝင် စသည်တို့ကို ရောက်ရှိကာ ကျေးရွာများကို စမ်းသပ်၍ ဗုံးကြဲလာခြင်းဖြစ်ပြီး စစ်တပ်သမိုင်းတစ်လျှောက်၌ ယခုပထမဆုံး အသုံးပြုခြင်းလည်းဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်၊ ညပိုင်းကလည်း တံတားဦးလေတပ်စခန်းမှ အင်ဂျင်တပ်လေထီးများ အနောက်တောင်အရပ်သို့ ပျံတက်သွားသဖြင့် ငါန်းဇွန်၊ မြို့သာ၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ နယ်များမှ ပြည်သူများအနေဖြင့် ဂရုပြုသတိထားသင့်ကြောင်း ဝေဟင်စောင့်ကြည့်သူများက အသိပေးထားသည်။

    “လေတပ်ရဲ့ ကုန်ချစရိတ်က များတဲ့အတွက် လျှော့ချနိုင်အောင် အခုလိုလုပ်နေတာလို့ ထင်တာပဲ။ အဲဒါတွေက နေရာတိုင်းမှာ သုံးလို့မရဘူး။ အခုသုံးနေတယ်ဆိုတာ မြန်မာနိုင်ငံ အလယ်ပိုင်းက ဘာမှ ပြန်မပစ်နိုင်တဲ့ ရွာတွေကို လိုက်ကြဲတဲ့ ပုံစံမျိုးလောက်ပဲ တွေ့ရတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

    စစ်ကောင်စီသည် အင်ဂျင်တပ်လေထီးဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်မှ ယခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ဇရပ်ကြီးနှင့် ရွှေစည်ကြီး ကျေးရွာအပါအဝင် စုစု ပေါင်းသုံးကြိမ် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိကြောင်း သိရသည်။

    “လေကြောင်းတိုက်ခိုက်ဖို့ တင်ပြမယ်ဆိုရင်လည်း ဆင့်ကဲဆင့်ကဲ သွားရပြီး အချိန်နောက်ကျတယ်။ ဒါကို လေတပ်အနေအထားနဲ့ မဟုတ်ဘဲနဲ့ ခြေလျင်တပ်ကနေ လေကြောင်းတိုက်ခိုက်မှုမျိုးကို သူတို့အနေ အထားနဲ့ သူတို့လုပ်လို့ရအောင် သုံးလာတာလို့ မြင်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

    ယင်းအပြင် ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်က လေကြောင်းအပြင် အင်ဂျင်တပ်လေထီးနှင့်ပါ ဗုံးကြဲတိုက်ခိုက်သဖြင့် ငါးဦး သေဆုံးခဲ့သလို စစ်ကိုင်းမြို့နယ်၊ မြင်းဆည် ကျေးရွာတွင်လည်း ဇန်နဝါရီ ၃ ရက်က ထိုကဲ့သို့ တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

    အဆိုပါထိခိုက် သေဆုံးသူများသည် အပြစ်မဲ့ အရပ်သားများဖြစ်ကြပြီး ကလေးငယ်များလည်း ပါဝင်နေကာ စစ်ကောင်စီသည် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ လာရောက်ဗုံးကြဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ပြောဆိုချက်နှင့် သတင်းများ အရ သိရသည်။

    ထိုအင်ဂျင်တပ်လေထီးကို လေယာဉ်ဆီ မဟုတ်သော အခြားစက်သုံးဆီများဖြင့် လေငြိမ်သောအချိန် ဆောင်းတွင်းနှင့် နွေရာသီတွင် အသုံးပြု၍ လူတစ်ဦးမှ အများဆုံး လူနှစ်ဦးထိ လိုက်ပါနိုင်သော်လည်း တစ်နာရီလျှင် ၄၀ မှ ၆၀ ကီလိုမီတာခန့်သာ မောင်းနှင်နိုင်သောကြောင့် အရှိန်နှေးကြောင်း သိရသည်။

    ယင်းအပြင် ပျံသန်းမှု နိမ့်သောကြောင့် မြင်သာလွယ်ခြင်း၊ မောင်းသူ၏ ကိုယ်အ‌လေးချိန်အပါအဝင် ဝိတ်ပမာဏများစွာ မတင်ဆောင်နိုင်ခြင်း၊ ဗုံးသီးကို တိတိကျကျ ကြဲချရန်ခက်ခြင်း၊ မောင်းသူအတွက် အန္တရာယ်ကြီးခြင်း၊ အသံကျယ်ခြင်း စသည့်အားနည်းချက်များ ရှိနေကြောင်း သိရသည်။

    အဆိုပါ အင်ဂျင်တပ်လေထီး (Paramotor/Paraglider) များကို ငါးကြင်းမြီး၊ ပွိုင့်ဖိုက်ကဲ့သို့ စက်လတ် ဖြင့် တုံ့ပြန်နိုင်ပြီး နှစ်စီးသုံးစီးခန့်ကို ပစ်ချလိုက်ပါက နောင်များတွင် စစ်ကောင်စီအနေဖြင့် သုံးလာ တော့မည် မဟုတ်သလို မောင်းနှင်ပျံမည့် လက်အောက်ခံ တပ်ဖွဲ့ဝင်များလည်း ရှိမည်မဟုတ်တော့ ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

    ဓာတ်ပုံ- အင်တာနက်

  • တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်

    တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်

    တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

    ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -သံတောင်လမ်းမပေါ် ၆ မိုင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း KNLA တပ်မ ဟာ ၂ တပ်ရင်း ၅ ၏ သတင်းရင်းမြစ် Thawthikho မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီက သံတောင်ကြီးမြို့နယ်၊ တောင်ငူ – သံတောင်လမ်းမပေါ် တွင် တပ်မဟာ ၂ တပ်ရင်း ၅ နှင့်ပူးပေါင်းတပ်များ ၆ မိုင်တွင် လမ်းပိုင်းလုံခြုံရေးအတွက် ခရီးသွား ပြည်သူကား များကို စစ်ဆေးနေစဉ် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း ၃၉ မှ ဘုရင့် နောင် တပ်မြို့ သို့ ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

    “အမှန်ပြောရရင် ဘုရင့်နောင်တပ်ကနေ တောင်ငူကို KTV သွားပြီး အပြန်မှာဖြစ်တာ။” ဟု KNLA တပ်မ ဟာ ၂ တပ် ရင်း ၅ Thawthikho မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

    ယင်းတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသား ၃ ဦးသေဆုံးပြီး M3 အမျိုး အစား သေနတ် ၃ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည် အတောင့် ၂၀၀ ၊ စစ်ဖက်ဆိုင်ရာပစ္စည်းအချို့နှင့် ကား ၁ စီးဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

    KNU တပ်မဟာ ၂ တွင် လက်ရှိ PDF တပ်များနှင့် တော်လှန်ရေးတပ်များကပါ ပူးပေါင်း စစ်ရေး လှုပ်ရှားနေပြီး စစ်ကောင်စီတပ်များမှာ မြို့ပေါ်နေရာများတွင်သာ စစ်ရေး အခြေပြုလှုပ်ရှားနိုင်တော့ကြောင်း၊ ကျေးရွာများနှင့်နယ်ဘက်များတွင် စစ်ကြောင်း လှည့်လည်ခြင်းမှလွဲ၍ အခြေပြု စခန်းများ တဖြည်းဖြည်း ရုပ်သိမ်းဆုတ်ခွာမှုများရှိနေကြောင်း သိရှိရသည်။

    “သံတောင်ကြီးဘက်မှာဆိုရင်တော့ စခတွေက မြို့ပေါ် ဧရိယာလောက်ပဲ အဓိက အထိုင်ချတပ်စွဲနိုင်တော့တယ်။ လမ်းပိုင်းတွေနဲ့ ရွာတွေဘက်တော့ ရံဖန်ရံခါ စစ်ကြောင်းလှည့်လာတာလောက်ကလွဲပြီး စစ်ရေး လှုပ်ရှားမှု သိပ်မလုပ်နိုင်တော့ဘူး” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။