Tag: News

  • စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ပြန်လည်တိုက်ခိုက်g

    စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ပြန်လည်တိုက်ခိုက်g

    ပလမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ပြန်လည်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံး၊ စစ်တပ် ၏ ပစ်ခတ်မှုကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၂၀ ဦးသေဆုံး

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ နှင့် ဒရုန်း ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇူလိုင်လ ၂၄ ရက်နေ့မှစတင်၍ ပုလောမြို့နယ်၊ ပလမြို့သို့ စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးပမ်းလာသည့် အကြမ်းဖက် စစ် တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲကြီး ၉ ကြိမ်နှင့် ထိတွေ့တိုက်ပွဲငယ်များစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦးရှိကြောင်း၊ တိုက် ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်း တိုက်ခိုက်မှု ၁၁ ကြိမ်၊ ရေတပ်စစ်သင်္ဘောက ၂၆ ကြိမ် ပစ်ကူပေး တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

    “စခတွေက စက်တော်ရာနဲ့ အနီးတဝိုက်ကရွာတွေမှာ အင်အားစုဖွဲ့နေတာကြာပြီ။ မြိတ်မြို့ကနေ လာတာလည်းရှိတယ်။ အင် အားက ၃၀၀ ကနေ ၄၀၀ ကြားရှိနိုင်တယ်။ ပထမဆုံးထိတွေ့မှုဖြစ်တာ က ပလမြို့မှာရှိတဲ့ ဇာဒီရေနက် ဆိပ်ကမ်းကနေ ကမ်းတက်လာချိန်မှာ စတင်ထိတွေ့တိုက်ပွဲဖြစ်တာ ပါ။” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောကြားသည်။

    တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူ ၁၈ ဦးသေဆုံးခဲ့ပြီး သံဃာတော် ၂ ပါးလည်း ပျံလွန်တော်မူခဲ့ကြောင်း၊ ထို ထိတိုက်ပွဲများအတွင်း ပလမြို့တွင်း၌ ပိတ်မိနေသည့် အရပ်သား ပြည်သူ ၃၂၉ ဦးကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

    “ဖမ်းဆီးခံရမှုအခြေအနေကတော့ မသိရဘူး။ စခတပ်တွေက တည့်တည့်တိုးတဲ့ အရပ်သားပြည်သူ တွေကိုတော့ ပစ်သတ်ခဲ့တာများတယ်။ ကျနော်တို့ သိရသလောက်တော့ ၂ ဦးပါ။ အခုထုတ်ပြန်ထား တဲ့ အရပ်သားပြည်သူသေဆုံးသူ ၁၈ ဦးထဲမှာ ပစ်သတ်ခဲ့တဲ့ ပြည်သူ ၂ ဦးရောပါပါတယ်။ လက်ရှိ အချိန်အထိလည်း ပလမြို့ထဲကအိမ်တွေမှာ ခိုးအောင်နေတာတွေရှိသေးတယ်။ ကျနော်တို့ ရှင်းလင်း ဖို့ကြိုးစားနေတုန်း” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

    ထို့ပြင် တိုက်ပွဲများအတွင်း မဟာမိတ်တပ်ဖွဲ့ဘက်မှ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် ၃ ဦးနှင့် ကရင်အမျိုး သား ကာကွယ်ရေးတပ်(KNDO) ရဲဘော် ၁ ဦး အသက်စွန့်လွှတ်ခဲ့ရကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများထံမှ ပစ္စတို သေနတ် ၁ လက်၊ MA-1 ရိုင်ဖယ် ၂ လက်၊ RPG-7 ၁ လက်နှင့် ဗုံးသီးများ၊ ဒရုန်း ၁ စီးတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

    “ပလမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေကို ဇူလိုင်လ ၂၄ ရက်နေ့တည်းက စတင်ပြီး ကျနော်တို့ ထိုးစစ်ဆင်ပြီး ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၅၀ ကျော်သေပြီး ဒဏ်ရာရတာလည်း အတော်များတယ်။ တိုက်ပွဲတွေကတော့ မရှိတော့ဘူး။ ကျနော်တို့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ် – ပုလော လမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်ပါပြီ” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ က ဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၃၄ ၊ ၃၅ နည်းဗျူဟာ လက်အောက်ခံတပ်ရင်းများနှင့် တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း၊ တနင်္သာရီတိုင်းပကဖ၊ ပုလောမြို့နယ်ပကဖ၊ ပလဖ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ ၊ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    “ကျနော်တို့ ၁၁ ရက်နေ့ကလည်းထုတ်ပြန်ချက် ထုတ်ထားခဲ့တာရှိပါတယ်။ ပြည်ထောင်စုလမ်းပိုင်း ကိုတော့ ပြန်သုံးလို့ရပါပြီ။ ပလမြို့ထဲတော့ ပြန်ဝင်လို့မရသေးဘူး။ တိုက်ပွဲကလည်း အချိန်မရွေးဖြစ် နိုင်တဲ့အနေအထားရှိသေးလို့ ခရီးသွားပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာဖို့ရယ်။ စစ်ရေးသတင်းကို သေချာနားစွင့်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက သတိပေးသည်။

  • ငဖဲတွင် စစ်သား ၂၀ ၏ ရုပ်အလောင်းနှင့် လက်နက်ခဲယမ်းများ ရရှိဟု AA ထုတ်ပြန်

    ငဖဲတွင် စစ်သား ၂၀ ၏ ရုပ်အလောင်းနှင့် လက်နက်ခဲယမ်းများ ရရှိဟု AA ထုတ်ပြန်

    မကွေးတိုင်း ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ မြောက်ဘက် မီတာ ၃၀၀၀ အကွာအဝေးရှိ AA တပ်ဖွဲ့ဝင်များ ရှိရာဘက်သို့ ထိုးစစ်ဆင်လာသော တပ်မ ၉၉ လက်အောက်ခံတပ်များနှင့် ဩဂုတ်လ ၁၄ ရက် မွန်းလွဲပိုင်းတွင် နာရီဝက်ခန့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သားအလောင်း ၂၀ နှင့် အတူ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း AAက ယမန်နေ့ ညပိုင်း၌ ရုပ်သံဖိုင်နှင့်တကွ ထုတ်ပြန်သည်။

    ရခိုင်ရိုးမတောင်တန်းတလျှောက်ရှိ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းအစပ် နေရာများတွင် စစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့ ကြား တိုက်ပွဲများ တနှစ်ကျော်ကြာသည်အထိ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေကြောင်း AA က ပြောထားသည်။

    ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်များနှင့်အတူ ဟန်ချက်ညီ တိုက်ပွဲများမှတဆင့် AA၏ စစ်ရေးရည်မှန်းချက်များ အပြည့်အဝ အကောင်အထည်ဖော်ရန် တိုက်ပွဲများမှာ နေ့တိုင်း (သို့မဟုတ်) မကြာခဏ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    Download Video Here

  • မြောက်ဥက္ကလာမြို့မရဲစခန်းကို လက်ပစ်ဗုံး၊ ၆၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    မြောက်ဥက္ကလာမြို့မရဲစခန်းကို လက်ပစ်ဗုံး၊ ၆၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့မရဲစခန်းကို လက်ပစ်ဗုံး၊ ၆၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း The Light of Union မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၁၄ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်အချိန် The Light of Union မြို့ပြစစ်ဆင်ရေးအဖွဲ့က ရန်ကုန်တိုင်း၊ မြောက် ဥက္ကလာပမြို့နယ် ခေမာသီလမ်းနှင့် သုခမိန်လမ်းထောင့်တွင်ရှိသော မြောက်ဥက္ကလာပမြို့နယ် အမှတ် ၉ ရဲစခန်းကို လက်ပစ်ဗုံး နှင့် ၆၀ မမ ဗုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုသည်။

    “အဲဒီနေ့ည ၇ နာရီခွဲမှာ ပေါက်ကွဲသံတွေကြားရတာမှန်ပါတယ်။ ညသန်းခေါင်ယံမှာ ဧည့်စာရင်း စစ်တာတွေရှိတယ်။ အိမ်တိုင်းကို စစ်တာမဟုတ်ဘူး။ သူတို့ မသင်္ကာတဲ့အိမ်ကို စစ်တာမျိုးလို့ထင်တယ်။ ပေါက်ကွဲမှုဖြစ်တာတော့ဟုတ်တယ်” ဟု မြောက်ဥက္ကလာမြို့နယ် ညရပ်ကွက် ခေမာသီလမ်းအနီး ဘုမ္မာလမ်းသွယ်အနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

    ရန်ကုန်ကင်းထောက်အဖွဲ့ဖြစ်သော Rangoon Scout Network (RSN) ကလည်း ဩဂုတ်လ ၁၄ ရက်နေ့ ညပိုင်း ၇ နာရီ ၂၂ မိနစ်အချိန် မြောက်ဥက္ကလာမြို့နယ်နှင့် ထိစပ်မြို့နယ်များတွင် ဗုံးပေါက်ကွဲသံကဲ့သို အသံကျယ် ၂ ချက်ကြားလိုက်ရပြီး ခေမာသီလမ်းနှင့် သုခမိန်လမ်းထောင့်ရှိ မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ဗုံး ၂ လုံးပေါက်ကွဲသည်ဟု သိရှိရကြောင်း သတင်းထုတ်ပြန်ထားသည်။

    အလားတူ ဩဂုတ်လ ၁၄ ရက်နေ့ ည ၁၀ နာရီအချိန်ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအတွက် အစည်း အဝေး ပြုလုပ်နေကြသော အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကို လုံခြုံရေးယူထားသည့် စစ်တပ်နှင့်ရဲများကို ပြင်းအားမြှင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်တော်သားတချို့ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်က လူငယ်တချို့ကို မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်မြို့ပြ UG များက ပြောဆိုသည်။

    ဓာတ်ပုံ- စစ်အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းရှေ့လမ်းကို လမ်းပိတ်ဆို့ထားခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • နိုင်ငံတကာ တရားရုံးများတွင် တရားစွဲခံထားရသော စစ်တပ်က AA ကို လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေဟု  ဇော်မင်းထွန်း ပြောဆို

    နိုင်ငံတကာ တရားရုံးများတွင် တရားစွဲခံထားရသော စစ်တပ်က AA ကို လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေဟု ဇော်မင်းထွန်း ပြောဆို

    ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်စစ်ရာဇဝတ်မှုများ ကျူးလွန်ထားမှုကြောင့် နိုင်ငံတကာ တရားရုံးများတွင် တရားစွဲခံထားရသော စစ်တပ်က AA ကို လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေဟု ဇော်မင်းထွန်း ပြောဆို

    (more…)

  • လူမြတ်ကျော် ရဲ့ ဂရုချက် ပေါက်ပြီ

    လူမြတ်ကျော် ရဲ့ ဂရုချက် ပေါက်ပြီ

    NUG ကို ဖောင်းထုနေမည့်အစား ၊ NUG ကိုလက်မခံတဲ့အဖွဲ့တွေ၊ နိုင်ငံရေးစစ်ရေးကော်မရှင်ကိုယ်စီ၊ စစ်ဦးစီးချုပ်ကိုယ်စီနဲ့ တပ်တော်တွေ၊ အချင်းချင်းစုဖွဲ့ပြီး အားကောင်း မောင်းသန်တော်လှန်ရေးအင်အားစုတည်ဆောက်ကြဖို့ ၊ အကယ်၍ စုဖွဲ့နိုင်ရင် ကျွန်တော်ထောက်ခံမယ်လို့ ရေးဖူးတယ်။

    အခု ကျွန်တော်ညီ ကိုထိုက် ( မျိုးထိုက်တန်သိန်း) ၊ လူမြတ်ကျော်၊ ဦးသန်းစီုးနိုင်တို့ NRA ဆိုပြီးဖွဲ့တာ စုဖွဲ့နိုင်ကြမလား လုပ်ကြည့်ကြပေါ့။ ဒါပေမည့် အခုလူသုံးယောက်က အဖွဲ့ဖွဲ့ပြီးကြေညာချက်ထုတ်တာက စာရွက်ပေါ်မှာအဖွဲ့ဖွဲ့တဲ့အဆင့်ပဲရှိတယ်။

    NUG ကိုလက်မခံဘူး၊ မကြိုက်ဘူးဆိုပြီး ဖောင်းထုနေကြတာဟာ စစ်အာဏာရူးတွေအလိုကျဖြစ်တယ်၊ ပြည်သူတွေကိုစိတ်ပျက်စေတယ်၊တော်လှန်ရေးကိုအင်အားယုတ်လျော့စေတယ်။ဘာတာဝန်ယူ၊ တာဝန်ခံမှုမှမရှိပဲ လိုင်းပေါ်တက်အာချောင်နေတာထက်စာရင် အခုလိုကြိုးစားကြည့်တာပိုကောင်းတယ်လို့မြင်တယ်။ သူတို့ရဲ့ အစွမ်းအစကိုလည်းမြင်ရမယ်။

    ဒါမျိုးလုပ်တာက လိုင်းပေါ်တက်အာချောင်သလိုမျိုး လွယ်ကူမနေဘူး။ ဒါကတာဝန်ယူမှုပါတယ်။ အလုပ်ဖြစ်အောင်လုပ် ၊ အလုပ်ဖြစ်တယ် အောင်မြင်တယ်ဆို ချီးကျုးခံရမယ်၊ ဝင်ရောက်ပူးပေါင်းကြလိမ့်မယ်၊ အလုပ်မဖြစ်ဘူး စောက်သုံးမကျဘူးဆိုရင် တသက်လုံးပါးစပ်ပေါက်ပိတ်ထားတော့ပဲ၊ ဒါမျိုးကိုသဘောကျတယ်၊ ဒီလိုလုပ်ဖို့ကြိုးစားတာကို သဘောတူတယ်။

    နွေဦးတော်လှန်ရေးနဲ့အတူ မြန်မာပြည်အနှံကရွာပေါင်းများစွာမှာ စိတ်တူကိုယ်တူလူငယ်လေး တူရာတူရာစုပြီးဖွဲ့စည်းထားတဲ့ အဖွဲ့ငယ်လေးတွေ ထောင်နဲ့ချီပေါ်လာတယ်။ အဲ့ဒီအဖွဲ့ငယ်လေးတွေ LPDF , PDF ရာပေါင်းမျာစွာကို စုစည်းပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ကိုဖွဲ့စည်းနိုင်တာဟာ လွယ်ကူတဲ့ ကိစ္စရပ်မဟုတ်ဘူး။ စဖွဲ့ကတည်းကသေသေချာချာ ပြင်ဆင်စုဖွဲခဲ့တာမဟုတ်တော့ NUG/ MoD ဟာတပ်ပျက်ကို ဗိုလ်တက်လုပ်ရတဲ့အနေအထားဖြစ်တယ်။

    ဒီနွေဦးတော်လှန်ရေးမှာမှလက်နက်ကိုင်ထွက်လာကြတဲ့ မတစ်ထောင်သားတွေရဲ့ အဖွဲ့ပေါင်းရာကျော်၊ ထောင်နီးပါးကို စုဖွဲ့အုပ်ချုပ်ရတာဖြစ်တော့ အချိုးမပြေတဲ့အဖွဲ့၊ ထိန်းမနိုင်သိမ်းမရ အဖွဲ့တွေတော့ ပါလာတာပဲ။တပ်ရင်းပေါင်း ၃၀၀ ကျော်ဆိုတာ တပ်ရင်းတစ်ရင်းကို အဖွဲ့ ၃ ဖွဲ့၊ ၄ ဖွဲ့ ၊ ၅ ဖွဲ့ စုဖွဲ့ထားတာဆိုတော့ အဖွဲ့ပေါင်း ၁၀၀၀ ကျော်၊ ၁၅၀၀ ကျော် ထဲမှာ ဓါးမြတိုက်တဲ့အဖွဲ့ တစ်ဖွဲ့၊ နှစ်ဖွဲ့လောက်ပါလာတာမျိုးကဖြစ်မှာပဲ။

    အဖွဲ့ပေါင်း ၁၀၀၀ ကျော်မှာ အဖွဲ့ ၁၀၀ လောက် အဆင်မပြေဖြစ်ရင်တောင် ၊ ၁၀ ရာခိုင်နှုန်းကျရှုံးတာဖြစ်ပြီး ၊ ၉၀ ရာခိုင်နှုန်းအောင်မြင်တာဖြစ်တယ်။ဒါကို NUG /MoD အသုံးမကျလို့ဆိုရင်တော့ ကိုယ်တိုင်ကြိုးစားကြည့်ဦးလို့ပြောရမယ်။

    NUG/ MoD က အဲ့ဒီလိုစုစည်းစုဖွဲ့ပေးနိုင်တာနဲ့တင် NUG ကိုကျွန်တော်ခေါင်းဆောင်တင်လိုက်တာဖြစ်တယ်၊ NUG ကခေါင်းဆောင်တွေနေရာမှာ ကျွန်တော်ဆိုလုပ်နိုင်မှာမဟုတ်ဘူး။ မောင်ဆောင်းခတို့၊ နဂါးတို့လည်း တစ်ဖွဲ့တစ်ဗိုလ်သာလုပ်နိုင်ကြတာ၊ အဖွဲ့စုဖွဲ့တာမျိုးမလုပ်နိုင်ဘူး၊ အခု စုဖွဲ့တဲ့ NRA လည်းကြိုးစားကြည့်ကြပေါ့။

    စစ်ဦးစီးချုပ် ၁၅ ဦး ၊ စစ်ကော်မရှင် ၁၅ ခု နှင့် တပ်တော် ၁၅ ခု ကိုစုစည်း၊ နောက်ပြီး NUG လက်အောက်မဝင်ချင်ဘူးဆိုတဲ့ လူလေးငါးဆယ်ယောက်နဲ့ဖွဲ့ထားတဲ့ LPDF တွေအဖွဲ့ ၅၀ လောက်ကို စုစည်း၊ ပြည်သူတွေအားကိုးလောက်ဖွယ် အင်အားစုကို စုဖွဲ့နိုင်တယ်၊ လုပ်ပြနိုင်တယ်ဆိုရင် ကျွန်တော်ဝိုင်းထောက်ခံမယ်။ မလုပ်ပြနိုင်ဘူးဆိုရင်တော့ ကိုယ်ပုဆိုးထဲသာကိုယ်ပြန်ဝင်နေကြ။

    အတိုချုပ်ပြောရရင် အလုပ်လုပ်နေတဲ့ အဖွဲ့ကို အပြစ်တင်နေမည့်အစား ကိုယ်တိုင်လုပ်ကြည့် ၊ လုပ်ကြည့်လို မအောင်မြင်ရင်တော့ ကိုယ့်အရည်အချင်းကိုယ်သိပြီး ပါးစပ်ပေါက် ပိတ်ထားကြတော့။

    Myo Yan Naung Thein