Tag: Movies

  • The Friend

    The Friend

    The Friend (2024) Boulder နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ The Friend ကို ခရမ်းချဉ်သီးပုပ်ကလည်း rating 7/10 ပေးထားပါတယ်။ လူသားနဲ့အိမ်မွေးခွေးကြားက နှစ်လိုဖွယ်ရာသံယောဇဉ်ကို ပူဆွေးသောကနဲ့တွဲဖက်ဖော်ကျူးထားပြီး မင်းသား၊ မင်းသမီးကြီးတွေဖြစ်တဲ့ Naomi Watts၊ Bill Murray တို့က ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ The Friend ဟာ ခွေးပိုင်ရှင်တွေနဲ့ ချစ်ရသူတွေကိုလောလောလတ်လတ်ဆုံးရှုံးထားရသူတွေအတွက် ခံစားချက်တွေထပ်တူကျစေမယ့်ကားဖြစ်ပါတယ်။ စာရေးဆရာမအိုင်းရစ္စဟာ မိတ်ဆွေဖြစ်သူဆုံးပါးသွားတာကြောင့် အဲဒီမိတ်ဆွေရဲ့ဆန္ဒအရ အပိုလိုဆိုတဲ့အသက်ကြီးနေပြီဖြစ်တဲ့ Grate Dane ခွေးကြီးကို သူ့တိုက်ခန်းလေးထဲမှာ မွေးရဖို့ဖြစ်လာတဲ့အခါ အိုင်းရစ္စတစ်ယောက် အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ်တိုင်က မိတ်ဆွေကိုဆုံးရှုံးရလို့ ပူဆွေးသောကရောက်နေတဲ့တိုင်အောင် အပိုလိုရဲ့ပူဆွေးသောကကပိုကြီးနေတဲ့အတွက် အပိုလိုကိုကယ်ဆယ်ရေးဂေဟာတွေကိုမပို့တော့ဘဲ အိုင်းရစ္စဟာ အသက်ကြီးနေပြီဖြစ်တဲ့အပိုလိုရဲ့နောက်ဆုံးအချိန်တွေကိုအဖော်ပြုပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်ကြိမ်တိုင်တိုင်စွန့်ပစ်ခံခဲ့ရတာကြောင့် အမြဲတမ်းဝမ်းနည်းနေပုံပေါက်တဲ့အပိုလိုဆိုတဲ့ခွေးကြီးရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ စာရေးဆရာမပီပီ ပူဆွေးသောကနဲ့ပတ်သက်လို့ အိုင်းရစ္စရဲ့ပြောင်မြောက်တဲ့ခံစားချက်တွေကလည်း ရုပ်ရုပ်ခံစားမှုကိုပိုပြီးအသက်ဝင်စေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။

  • Kingdom III: The Flame of Destiny

    Kingdom III: The Flame of Destiny

    Kingdom III: The Flame of Destiny (2023) အားလုံးစောင့်မျှော်နေကြတဲ့ Kingdom Live-Action ကားတွေရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom III: The Flame of Destiny ထွက်ရှိလို့လာပါပြီ။ Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.entzip.com/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။ Kingdom III: The Flame of Destiny (2023) ကိုမကြည့်ခင် Kingdom (2019) နဲ့ Kingdom II: Far and Away (2022) တို့ရဲ့ဇာတ်ကြောင်းကိုပြန်နွှေးကြရအောင်။ ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ်…

  • Broke

    Broke

    Broke (2025) ထရူးဘရန်ဒီဝိုင်ဆိုတဲ့ မြင်းစီးပြိုင်ပွဲ အားကစားသမား‌ဟောင်းတစ်ယောက် နှင်းမုန်တိုင်းထဲပိတ်မိနေခဲ့တာကို ဇာတ်အိမ်တည်ထားပါတယ် ။ အန္တရာယ်များတဲ့ ခေတ်ဟောင်းအားကစားမှာမှ အသက်မွေး၀မ်းကျောင်းလုပ်မိတော့ ကြုံတွေ့ခဲ့သမျှဒုက္ခတွေအပြင် ကိုယ်ဘာလုပ်လုပ်အရာမထင်ပါဘူးလားဆိုတဲ့အသိကို အမြဲရိုက်သွင်းနေတတ်တဲ့ ဖခင်ဖြစ်သူကြား လုပ်ခဲ့မိတဲ့ဆုံးဖြတ်ချက်အမှားတွေကို သေရေးအတွက်ရုန်းကန်နေရချိန်မှာ တစိမ့်စိမ့်ပြန်အောင့်မေ့တဲ့သဘော တင်ဆက်ရိုက်ကူးထားပါတယ် ။ ကောင်းဘွိုင်အငွေ့အသက်အပြည့်အ၀ပါ၀င်နေပြီး ကြည့်ရှု့သူတွေကို ဖြည်းဖြည်းချင်းစီဆွဲခေါ်သွားမဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)

  • Hunters on a White Field

    Hunters on a White Field

    Hunters on a White Field (2024) ဇာတ်လမ်းကတော့ အခက်အခဲများစွာကြားမှာ သစ်တောထဲမှာ တိရစ္ဆာန်တွေကို လိုက်လံဖမ်းနေတဲ့ Hunter ဆိုတဲ့ အမျိုးသားတစ်ယောက်အကြောင်းကို အခြေခံပါတယ်။ သူ့ရဲ့ ဘဝအကြောင်းကို ရှာဖွေရာမှာ အတိတ်နဲ့ ရင်ဆိုင်ရပြီး၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ Sophia Lane ကလည်း သူ့ဇာတ်ကောင်အနေနဲ့ လိုက်ဖက်မှုရှိပြီး, အထူးသဖြင့် စိတ်ကူးအတိုင်းဖြစ်ပါတယ်။

  • Fran the Man

    Fran the Man

    Fran The Man (2025) Fran the Man ရုပ်ရှင်ဟာ Stephen Bradley ရိုက်ကူးပြီး Darragh Humphreys က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသ (Comedy) နဲ့ အားကစား (Sport) အမျိုးအစား ဇာတ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ပရိသတ်တွေ အချစ်တော်ဖြစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ရိုက်ခဲ့တဲ့ တီဗီဇာတ်လမ်းတို (Mockumentary series) ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီကားက အိုင်ယာလန် (Irish) ဘောလုံးအသင်းတစ်သင်း ပွဲကြိုတင်ငွေပေးကစားခြင်း (match-fixing) လိုမျိုး နိုင်ငံတကာအဆင့် အရှုပ်တော်ပုံတစ်ခုနဲ့ ပတ်သက်မိသွားတဲ့အခါ အကြောင်းပြုပြီး ရိုက်ထားတာပါ။ အသင်းရဲ့ ကံမကောင်းအကျိုးမပေးတဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဟာ သူတို့အသင်းကို အောက်တန်းလိဂ်ကနေ ကယ်တင်ဖို့ နည်းလမ်းရှာဖွေရမယ့် ဇာတ်လမ်းပါ။