Tag: Movies
-

The Elixir
The Elixir (2025) ဒီကားလေးကတော့ Survival, Zombie Horror, Horror, Thriller အမျိုးအစားဖြစ်ပြီး ထိတ်လန့်စရာကောင်းသလို မိသားစုဒရာမာအသားပေးတဲ့ အင်ဒိုနီးရှား ဇာတ်ကားကောင်းလေးပါ။ ဒါရိုက်တာကတော့ Kimo Stamboel ပါ။ အနှစ်ချုပ်ပြောရရင်တော့… နာမည်ကျော် ရိုးရာဆေးဖက်ဝင် အပင်တွေနဲ့ ဆေးဝါးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတဲ့ “ပြိုကွဲနေတဲ့ မိသားစု” တစ်စုအကြောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းက Yogyakarta နားက ကျေးလက်ဒေသတစ်ခုမှာ စတင်ပါတယ်။ Dimin လို့ခေါ်တဲ့ ဖခင်ဖြစ်သူ (သရုပ်ဆောင် Donny Damara) က သူ့ရဲ့ ဆေးဝါးစက်ရုံကို ရောင်းထုတ်ဖို့ ဖိအားပေးခံနေရပါတယ်။ ဒါပေမဲ့ Dimin က စက်ရုံကို မရောင်းဘဲ ဆေးအသစ်တစ်မျိုးကို တီထွင်ဖို့ ကြိုးစားပါတော့တယ်။ ဒီလို ဆေးဖော်စပ်ရာကနေ လုံးဝမထင်မှတ်ထားတဲ့…
-

Hell Hath No Fury
Hell Hath No Fury (2024) ဒီကားလေးကတော့ 2024 ကမှထွက်ခဲ့တဲ့ အိမ်ထောင်ရေးဟာသကားတစ်ကားဖြစ်ပါတယ်။ ခင်ပွန်းနဲ့ ဇနီး နှစ်ဦးစလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ရှင်းပစ်ဖိုအတွက် လျှိဝှက်ကြံစည်ကြပါတယ်။ သတ်မှတ်ထားတဲ့ ညရောက်တော့ ဇနီးဖြစ်သူက သူ့ချစ်သူနဲ့ပေါင်းပြီး ခင်ပွန်းကိုရှင်းဖို ကြိုးစားသလို၊ ခင်ပွန်းဖြစ်သူကလည်း သူ့ချစ်သူနဲ့ပေါင်းပြီး ဇနီးကို ရှင်းပစ်ဖို ကြိုးစားပါတယ်။ ဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက် ဟန်ဆောင်ပြီး ချစ်ပြရင်းကပဲ အလွဲလွဲအချော်ချော် အမှားမှားအယွင်းယွင်းတွေနဲ့ ဟာသနှောထားတဲ့ Dark Comedy ကားတစ်ကားဖြစ်ပါတယ်။
-

New Kids Nitro
New Kids Nitro (2011) ဒီဇာတ်ကားလေးဟာ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တဲ့ comedy/parody/horror အမျိုးအစား ဒတ်ချ်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ၂၀၁၀က ထွက်ရှိခဲ့တဲ့ New Kids Turbo ရဲ့ အဆက်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘရာဘန့်ပြည်နယ် မာစကန်ဂျက်ရွာက လူငယ်ငါးယောက်ဖြစ်တဲ့ ရစ်ချက်၊ ရစ်ကတ်၊ ဂါရီ၊ ရော်ဘီ နဲ့ ဘာရီတို့ဟာ အလုပ်လက်မဲ့ဖြစ်ပြီးနောက် ဂျလေရိုက်နေကြသူတွေပါ။ ရှဂန်ဒယ်လ်မြို့ကနေ သူတို့ရွာဆီလာလာပြီး ကြက်ဖလုပ်နေတဲ့ ဒေ့ဗ်ဆိုတဲ့ကောင်နဲ့ ရန်ပွဲတွေဖြစ် သတ်ပွဲတွေဖြစ်ကြပါတယ်။ အဲဒီအချိန် ဖရိစ်လန့်ဒ်ပြည်နယ်ထဲ ဥက္ကာခဲကျလာပြီးနောက် လူတွေဟာ ထူးဆန်းစွာနဲ့ ဇမ်ဘီတွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သူတို့ငါးယောက်ဟာ တိုင်းပြည်ကိုကာကွယ်မယ့် သူရဲကောင်းတွေအဖြစ် ဘယ်လိုဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ…။ New Kids ရုပ်ရှင်နှစ်ကားလုံးဟာ နယ်သာလန်နိုင်ငံမှာ အထူးအောင်မြင်ခဲ့ပါတယ်။ အဓိကကတော့ ဒီဇာတ်ကားထဲက ဇာတ်လမ်းဇာတ်ကွက်တွေ…
-

New Kids Turbo
New Kids Turbo (2010) ဒီဇာတ်ကားလေးဟာ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တဲ့ action/comedy/parody အမျိုးအစား ဒတ်ချ်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ၂၀၁၁မှာလည်း New Kids Nitroဖြင့် ဆက်ထွက်ခဲ့ပါသည်။ ဇာတ်လမ်းအကျဉ်းကတော့ စီးပွားရေးပျက်ကပ်တစ်ခုရဲ့ရိုက်ခတ်မှုကြောင့် အစုလိုက်အပြုံလိုက် အလုပ်ထုတ်မှုထဲတွင် မာစကန်ဂျက်ရွာမှ သူငယ်ချင်းငါးဦးလည်းပါဝင်ခဲ့ပါသည်။ သူတို့တွေဟာ “ဘာအတွက်မှ ပိုက်ဆံထပ်မပေးနိုင်ဘူး”ဆိုတဲ့ကြွေးကြော်သံနဲ့အတူ ဆန့်ကျင်ရေးတွေ စ လုပ်ပါတော့တယ်။ မီဒီယာသမားများရဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးမှုနဲ့အတူ သူတို့ငါးဦးရဲ့ လုပ်ဆောင်မှုတွေကြောင့် ပြည်နယ်တစ်ခွင်မှာ သူတို့ကိုထောက်ခံအားပေးသူတွေပေါ်လာပြီး အဓိကရုဏ်းတွေ ဆက်တိုက်ပေါ်လာပါတော့တယ်။ ပြည်နယ်ရဲတွေလည်း သူတို့ငါးဦးကို မထိန်းနိုင်တော့သည့်အတွက် ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် နိုင်ငံတော်စီမံချက်ဖြင့် ဖြေရှင်းရသည်အထိဖြစ်လာခဲ့ပါတယ်။ New Kids ရုပ်ရှင်နှစ်ကားလုံးဟာ နယ်သာလန်နိုင်ငံမှာ အထူးအောင်မြင်ခဲ့ပါတယ်။ အဓိကကတော့ ဒီဇာတ်ကားထဲက ဇာတ်လမ်းဇာတ်ကွက်တွေ ဇာတ်ကောင်တွေက သူတို့နိုင်ငံမှာရှိတဲ့ တကယ့်အဖြစ်အပျက်တွေကို သရော်ပြီးရိုက်ကူးထားခြင်းကြောင့်ဖြစ်ပါတယ်။ The Three Stooges…
-

Healing Towers
Healing Towers (2025) စုံထောက်ဂျိုးလို့ခေါ်တဲ့ သမီးကိုအရမ်းချစ်တဲ့ ဖခင်ဖြစ်သူတစ်ယောက်ဟာ သူ့သမီးပျောက်သွားတဲ့အချိန်ကတည်းက နှစ်ပေါင်းများစွာ မရပ်မနားဘဲ သမီးဖြစ်သူကိုစိတ်စွဲပြီး လိုက်လံရှာဖွေနေဆဲပါ။ ဖြစ်ချင်တော့ သူနေတဲ့မြို့မှာ အဲဒီလိုလူပျောက်မှုတွေဟာလည်း နှစ်နဲ့ချီတဲ့မှတ်တမ်းတွေကို ပြန်လိုက်ကြည့်ရင် လူပျောက်မှတ်တမ်းတွေ ပုံမှန်ရှိနေခဲ့တာပါ။ တစ်နေ့မှာတော့ ဂျူလီယာဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့သူငယ်ချင်းဖြစ်သူပျောက်သွားလို့ စုံထောက်ဂျိုးဆီကိုရောက်လာတဲ့အချိန်မှာ နှစ်ယောက်အချိတ်အဆက်မိသွားပြီး နောက်ကွယ်ကကိစ္စတွေ စပြီးစုံစမ်းလာပါတယ်။ ဖြစ်ချင်တော့ ဂျူလီယာရဲ့သူငယ်ချင်းဖြစ်သူ ဒါလင်းဟာလည်း မပျောက်ခင်ရက်ပိုင်းအလိုမှာ ဒေါက်တာမာ့ခ်ဟီလာလို့ခေါ်တဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်ရဲ့ ဗီဒီယိုကိုကြည့်ခဲ့နေပါတယ်။ တိုက်ဆိုင်စွာနဲ့ဘဲ စုံထောက်ဂျိုးရဲ့သမီးဖြစ်သူကလည်း မပျောက်ခင်တုန်းက ဒေါက်တာမာ့ခ်ရဲ့ စာအုပ်ကို အရမ်းကြိုက်ပြီး ဒေါက်တာမာ့ခ်အကြောင်း ပြောပြောလေ့ရှိနေခဲ့တာပါ။ ဒီလိုနဲ့ သဲလွန်စတွေတစ်ခုပြီးတစ်ခုစုပြီးနောက်ပိုင်းမှာ ဒေါက်တာမာ့ခ်ဟီလာရဲ့ ကုသရေးစင်တာလို့အမည်ရတဲ့ ဆေးကုသရေးအဆောက်အအုံတစ်ခုနောက်လိုက်ဖို့ ဖြစ်လာပါတော့တယ်။