Bad Shabbos (2025) ဒီကားလေးကတော့ 2024 ကပဲထွက်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ David (Jon Bass) နဲ့ Meg (Meghan Leathers) ဆိုတဲ့ စေ့စပ်ထားတဲ့ စုံတွဲတစ်တွဲရှိပါတယ်။ သူတို့က ဘာသာခြားတွေပေါ့။ Meg က ကက်သလစ်ကနေ ဂျူးဘာသာကို ကူးပြောင်းဖို့ စဉ်းစားနေတဲ့သူပါ။ သူတို့ရဲ့ မိဘနှစ်ဖက် ပထမဆုံး တွေ့ဆုံမယ့်ပွဲက David ရဲ့ ရိုးရာဓလေ့အတိုင်းလုပ်တဲ့ Shabbos ညစာစားပွဲလုပ်ကြတယ်ပေါ့။ အစကတော့ အေးအေးဆေးဆေး စားသောက်ကြမယ့် မိသားစုတွေ့ဆုံပွဲလေးပါပဲ။ ဒါပေမဲ့ ဒီပွဲကို David ရဲ့ ညီမ Abby (Milana Vayntrub) ရဲ့ ချစ်သူ Benjamin (Ashley Zukerman) ပါ တက်ရောက်လာတော့မှ ဇာတ်လမ်းက…
First Moon (2025) ဂျက်စီကာလို့ခေါ်တဲ့ ဘားတစ်ခုမှာစားပွဲထိုးတစ်ယောက်အနေနဲ့အလုပ်ဝင်လုပ်နေတဲ့အမျိုးသမီးတစ်ယောက်ဟာ တစ်ညမှာ ဘာသာရေးဂိုဏ်းတစ်ခုကနေ သူ့ကို သမန်းဝံပုလွေရောဂါကူးစက်ခံထားလို့သံသယဝင်ပြီး ပြန်ပေးဆွဲခဲ့ပါတယ်။ ဖြစ်ချင်တော့ ဂျက်စီကာနေတဲ့နေရာအနီးအနားတစ်ဝိုက်မှာ လတ်တလော လူတွေပျောက်ပျောက်နေပါတယ်။ ဒါ့အပြင် အဲဒီဘာသာရေးဂိုဏ်းဟာလည်း ဟိုးကတည်းက သမန်းဝံပုလွေလူသားတစ်ယောက်ဖြစ်တဲ့ ကေးလက်ဘ်ဆိုတဲ့ အမျိုးသားတစ်ယောက်ကိုလိုက်ဖမ်းနေခဲ့တာပါ။ ကေးလက်ဘ်ဟာ လပြည့်ချိန် ဒါမှမဟုတ် လတစ်လရဲ့ လဆန်းချိန်တွေရောက်လာတိုင်း ရမ္မက်စိတ်ပြင်းပြီး တခြားအမျိုးသမီးတွေနဲ့ အတူလိုက်နေကာ သမန်းဝံပုလွေရောဂါကို ကူးစက်စေခဲ့ပါတယ်။ ဒီလိုနဲ့ ထပ်ဆင့်ထပ်ဆင့်ကူးစက်လာတဲ့ ကူးစက်ရောဂါအကြောင်းသိနေတဲ့ ဘာသာရေးဂိုဏ်းဟာ ဂျက်စီကာ့ကိုပါ အကြောင်းအမျိုးမျိုးကြောင့် ကေးလက်ဘ်နဲ့ဆုံပြီး ရောဂါကူးစက်ခံထားရတယ်လို့ထင်ပြီး ပြန်ပေးဆွဲတဲ့လူတစ်စုထဲခေါ်လာခဲ့ပါတယ်။ အစမှာတော့ ဂှက်စီကာဟာ စိတ္တဇအစွန်းရောက်ဂိုဏ်းတစ်ခုရဲ့ မသမာမှုကိုခံနေရတယ်လို့ ထင်ခဲ့ပေမယ့် အချိန်ကြလာတာနဲ့အမျှ သူကိုယ်တိုင်မူမမှန်ဘူးလို့ သိလာတဲ့အချိန်မှာ ဒီအဖြစ်ဆိုးကြီးကို သူကိုယ်တိုင် မယုံနိုင်ဖြစ်လာပါတော့တယ်။
Bone Lake (2025) ဒီကားက လူ ၄ ယောက်ထဲနဲ့ ရိုက်ထားပေမဲ့ အတော်လေးကြမ်းတဲ့ Psychology Horror ကားလို့ပြောရမယ်။ ဇာတ်လမ်းစထဲက ဘယ်သူက လူကောင်းလူဆိုးသိနေပေမဲ့…လူတွေရဲ့ စိတ်ထဲက လျှို့ဝှက်ချက်တွေ မသိစိတ်တွေ မျက်ကွယ်ရာတွေ မလုံခြုံမှုတွေကို အသက်ရှူကြပ်ချင်စရာကောင်းအောင် ရိုက်ပြထားတယ်။ ဇာတ်လမ်းမှာ Sage နဲ့ Diego ဆိုတဲ့ လင်မယားက Romantic အားလပ်ရက်ခရီးထွက်လာရင်း အရိုးရေကန်ဆိုတဲ့ ခြံကျယ်ကြီးထဲက ဇိမ်ခံအိမ်ကြီးမှာ တစ်ပတ်တာငှားလိုက်ကြတယ်။ ဖြစ်ချင်တော့ ဒီအိမ်ကို Will နဲ့ Cin ဆိုတဲ့ စုံတွဲကလည်း မကြာခင် ရောက်လာပြီး ဘွတ်ကင်လုပ်ပြီးသားဖြစ်နေတဲ့အတွက်…အိမ်ရှင်အမှားဖြစ်နေတဲ့အတွက် ညှိနှိုင်းပြီး ပေါင်းနေကြဖို့ သဘောတူလိုက်ကြတယ်။ လူငယ်စုံတွဲ ၂ တွဲ ခင်မင်သွားကြပေမဲ့ နောက်ပိုင်းမှာ စိတ်ကစားမှုတွေ၊ မလုံခြုံမှုတွေ အတိတ်က…
Final Recovery (2025) ရော့ဒ်နေးဆိုတဲ့ ဆေးသမားတစ်ယောက် Sage ဆိုတဲ့ မူးယစ်ဆေးဖြတ်စခန်းကိုရောက်ရှိလာချိန်မှာအခြေအနေတွေက ပုံမှန်ဟုတ်မနေတာ ရိပ်စားမိခဲ့ပါတယ်။ ဂေဟာဦးစီးသူ အဘွားကြီးကို နာနီလူး လို့အားလုံးကခေါ်ကြပြီး ချိုသာသဘောကောင်းလွန်းတာ၊ အရမ်းကြင်နာနူးညံ့တဲ့ပုံမျိုးဖမ်းထားတာတွေရှိပေမယ့် ရော့ဒ်နေးကတော့ သူ့ကို နည်းနည်းမှမယုံပါဘူး။ အဲ့ဒီလိုပဲ စခန်းထဲမှာကြာကြာနေမိလေ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးတွေ မသင်္ကာစရာတွေကို တစ်စထက်တစ်စပိုတွေ့လာရင်းကနေ မရေရာတဲ့ အန္တရာယ်တွေဆီကနေ သူကိုယ်တိုင်ရုန်းထွက်ဖို့ကြိုးစားရတော့မှာပဲဖြစ်ပါတယ်။
Shakthi Thirumagan (2025) သွေးကြွေးဆပ်မယ့်သား ဒီတစ််ခါတင်ဆက်ပေးချင်တဲ့ကားလေးကတော့ ပရိသတ်ကြီးနဲ့မစိမ်းတဲ့ တောင်ပိုင်းမင်းသား ဗီဂျေးအန်တိုနီဦးဆောင်ပါဝင်ထားတဲ့ တမီလ်အက်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မှောင်မိုက်တဲ့ညတစ်ညမှာ မြို့ပေါ်ကို အလုပ်လာလုပ်တဲ့ သားတစ်ယောက်မိခင် တိုင်းရင်သူမုဆိုးမလေးတစ်ယောက်ဟာ အဓမ္မကျင့်ခံရပြီး ဆွဲကြိုးချသတ်ဖြတ်ခြင်းပါ ခံခဲ့ရပါတယ်။ သူ့ရဲ့လူမမယ်လသားအရွယ်သားလေးကိုတော့ လူကြီးတစ်ယောက်က သနားလို့မွေးစားထားခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အခါမှာ ကစ်တူဆိုတဲ့ကောင်လေးအဖြစ် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပြီး လူလည်ပန်ကာ ပွဲစားကြီးအလုပ်နဲ့ အသက်မွေးနေပါတယ်။ ဘာမဆိုအကုန်ဖြစ်တဲ့ ပွဲစားကစ်တူတစ်ယောက် မိခင်ကိစ္စကိုသိသွားချိန်မှာ သူ့မိခင်သေဆုံးမှုကို အဖြေရှာပြီး လက်စားချေနိုင်မလားဆိုတာကို အက်ရှင်ခန်းအကြမ်းပတမ်းတွေနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။