မန္တလေး ဘုရားကြီးဖက်က ငတက်ပြား မျောက်အဖွဲ့ကိုတော့ ဘယ်သူမှ မနိုင်တော့တဲ့ အခြေအနေ ဖြစ်နေပါပြီ။ အရေအတွက် ၆ ကောင်ကနေ ၁၀ ကောင်အထိ ရှိနိုင်တဲ့ ငတက်ပြား မျောက်အဖွဲ့ဟာ တိုက်အမြင့်တွေပေါ်ကို တက်ပြီး ဖုန်းနဲ့ အဖိုးတန် ပစ္စည်းတွေ ယူဆောင်နေကြတယ်လို့ မန္တလေးနေ ပြည်သူတွေက ပြောပါတယ်။ ”အစာငတ်လို့ ပြောင်းလာတဲ့ မျောက်တွေဆို ထမင်းအိုး ဟင်းအိုးနဲ့ စားစရာတွေပဲ ယူစားမှာပေါ့။ အခုဟာက ဖုန်းနဲ့ ပိုက်ဆံအိတ်တွေ ယူတာ မျက်မြင်ပဲ။ အဲဒီတော့ တစုံတယောက်က မျောက်တွေကို ခိုင်းနေတာ ဖြစ်လောက်တယ်။ အခုက ဘယ်နေ့ ဘယ်လို ရောက်လာမလဲ လန့်နေရတယ်” လို့ မန္တလေးသား တဦးက ပြောပါတယ်။ ယခုလို တောရိုင်းတိရစ္ဆာန် စာရင်းဝင်တဲ့ မျောက်တွေ […]