Author: Admin-501
-

မြို့တော်စစ်တွေကို အထူးခံစစ်အတွက် ကြည်း၊ရေ၊ လေဖြင့် အင်အားဖြည့်နေသည့် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲနေ
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြို့တော်စစ်တွေကိုသာ အာရက္ခတပ်တော် (AA) သိမ်းယူရန်ကျန်ရှိနေပြီး စစ်ကောင်စီက မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် ယနေ့ ဇန်နဝါရီ ၁၆ရက်နေ့ နံနက် ၃နာရီခန့်က စစ်တွေမြို့၊ ဝါဘိုကျေးရွာကို ဂျက်ဖိုက်တာဖြင့် ၂ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ရှေ့လကမှ ဗုံးအလုံး ၂၀ လောက်ကြဲချသွားသေးတယ်။ အခုလာကြဲတာတော့ အရပ်သားထိခိုက်မှု မရှိလောက်ဘူး။ ရွာတွေကနေစစ်ရှောင်ထွက်သွားကြပြီဆိုတော့လေ။ AA ရှိနိုင်တယ် ထင်တဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းပြီး ဗုံးကြဲတယ်ပြောတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် စစ်တွေမြို့ ရဲတပ်ရင်း ၁၂နှင့် ရွှေမင်းဂံဆိပ်ကမ်းတို့မှလည်း ဝါဘိုကျေးရွာအနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီက အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ဂွမြို့နယ်တို့အသိမ်းခံရပြီးနောက် စစ်တွေနှင့်ကပ်လျက်ရှိသည့်…
-

အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကူစစ်ကောင်စီစစ်ကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ၁၂ ဦးကို လက်နက်တွေနဲ့ အတူဖမ်းမိ ရခိုင်ပြည်၊ အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီ တပ်သားတွေကို ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေပြီး ၁၂ ဦးကို လက်နက်တွေနဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho )က ဒီကနေ့မှာ သတင်း ထုတ်ပြန်ပါတယ်။ ဒီလ ၁၄ ရက်နေ့က အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီး တိုက်ပွဲမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားအင်အား (၁၀၀)ခန့်ကို ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီး ( က.ပ.စ – ၁၄) နှင့် မီတာ( ၂၀၀၀ ) ခန့် အကွာတွင်…
-

အောင်ဇေယျစစ်ကြောင်းထံမှ လက်နက်ခဲယမ်းများ သိမ်းရပြန်
ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ လက်နက်ခဲယမ်းအများအပြားသိမ်းရကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ပြီးခဲ့သည့်တစ်ပတ်အတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းစစ်ကြောင်းများက တိုက်ခိုက်ခဲ့ခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “အောင်ဇေယျဆီကနေ ရထားတဲ့ ပစ္စည်းတွေ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့အပြင် အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ရာတွင်ပါဝင်သော စစ်ကြောင်းမှူးတစ်ဦးကလည်း လက်နက်ခဲယမ်းများသိမ်းရမှုအပေါ် အတည်ပြုပေးသည်။ သို့သော် အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုနှင့်ပတ်သက်ပြီး ပြောဆိုခြင်း မရှိပေ။ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ကော်ဘရာ၊ PDFနှင့် ပူးပေါင်းစစ်ကြောင်းများက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းမှ စစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေရသည်။ အောင်ဇေယျစစ်ကြောင်းမှာ လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့ဖြတ်တောက်မှုခံနေရ၍ ရှေ့မတိုးနိုင်ဘဲ လက်နက်ကြီးများဖြင့်သာ နေ့စဉ်ပစ်ခတ်မှုသာပြုလုပ်နေသည်ဟု ကော်ဘရာစစ်ကြောင်း…
-

ရေနံချောင်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်
ရေနံချောင်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်ပြီး လူငယ်များကို ပစ်မှတ်ထား ပေါ်တာဆွဲနေ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က လုံခြုံရေးဂိတ်များတွင် အင်အားတိုးမြှင့်ပြီး မကွေးတိုင်း မှတ်ပုံတင် ကိုင်ဆောင်ထားသည့် လူငယ်များကို ဆက်တိုက်ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရေနံချောင်းမြို့နယ်၊ မကျည်းတိုင်း – ဖိုးကိုးလမ်းပိုင်းတွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲ ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ရဲ ၂ ဦးသေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က ရေနံချောင်းမြို့ အတွင်းရှိ…
-
ရွှေဘိုမြို့ကို တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်က လုံခြုံရေး တိုးမြှင့်နေပြီး လူငယ်များကို ပိုမို ဖမ်းဆီးလာ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်က လုံခြုံရေး တိုးမြှင့်နေပြီး လူငယ်များကို ပိုမို ဖမ်းဆီးလာကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယခု ဇန်နဝါရီလ ဒုတိယအပတ်မှစတင်၍ NUG က စစ်ကိုင်းတိုင်းတွင် အခြေချမည်ဖြစ်ပြီး ရွှေဘိုမြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်တော့မည်ဆိုသော သတင်းများ အလျှင်အမြန် ပြည်သူများအကြား ပြန့်နှံ့လာနေကြောင်း၊ ထိုသို့ ပြန့်နှံ့လာသည့်အတွက် စစ်တပ်က လုံခြုံရေးများ တိုးမြှင့်ပြီး လူငယ်များကိုလည်း ယခင်ထက်ပို၍ ဖမ်းဆီး လာကြောင်း သိရှိရသည်။ “ဝက်လက်ပြီးရင်ရွှေဘိုကိုသိမ်းမယ်ဆိုတဲ့သတင်းတွေ ကြောင့် စစ်တပ်ကရွှေဘိုမြို့ကို လုံခြုံရေးတိုးမြှင့်ချထားတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းမှာ မြို့ပေါ်မှာ လူအသွားအလာကို အတော်ကိုနည်းနေတယ်” ဟု ရွှေဘိုဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင်…