Author: Admin-501

  • တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်

    တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်

    တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

    ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -သံတောင်လမ်းမပေါ် ၆ မိုင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း KNLA တပ်မ ဟာ ၂ တပ်ရင်း ၅ ၏ သတင်းရင်းမြစ် Thawthikho မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီက သံတောင်ကြီးမြို့နယ်၊ တောင်ငူ – သံတောင်လမ်းမပေါ် တွင် တပ်မဟာ ၂ တပ်ရင်း ၅ နှင့်ပူးပေါင်းတပ်များ ၆ မိုင်တွင် လမ်းပိုင်းလုံခြုံရေးအတွက် ခရီးသွား ပြည်သူကား များကို စစ်ဆေးနေစဉ် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း ၃၉ မှ ဘုရင့် နောင် တပ်မြို့ သို့ ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

    “အမှန်ပြောရရင် ဘုရင့်နောင်တပ်ကနေ တောင်ငူကို KTV သွားပြီး အပြန်မှာဖြစ်တာ။” ဟု KNLA တပ်မ ဟာ ၂ တပ် ရင်း ၅ Thawthikho မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

    ယင်းတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသား ၃ ဦးသေဆုံးပြီး M3 အမျိုး အစား သေနတ် ၃ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည် အတောင့် ၂၀၀ ၊ စစ်ဖက်ဆိုင်ရာပစ္စည်းအချို့နှင့် ကား ၁ စီးဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

    KNU တပ်မဟာ ၂ တွင် လက်ရှိ PDF တပ်များနှင့် တော်လှန်ရေးတပ်များကပါ ပူးပေါင်း စစ်ရေး လှုပ်ရှားနေပြီး စစ်ကောင်စီတပ်များမှာ မြို့ပေါ်နေရာများတွင်သာ စစ်ရေး အခြေပြုလှုပ်ရှားနိုင်တော့ကြောင်း၊ ကျေးရွာများနှင့်နယ်ဘက်များတွင် စစ်ကြောင်း လှည့်လည်ခြင်းမှလွဲ၍ အခြေပြု စခန်းများ တဖြည်းဖြည်း ရုပ်သိမ်းဆုတ်ခွာမှုများရှိနေကြောင်း သိရှိရသည်။

    “သံတောင်ကြီးဘက်မှာဆိုရင်တော့ စခတွေက မြို့ပေါ် ဧရိယာလောက်ပဲ အဓိက အထိုင်ချတပ်စွဲနိုင်တော့တယ်။ လမ်းပိုင်းတွေနဲ့ ရွာတွေဘက်တော့ ရံဖန်ရံခါ စစ်ကြောင်းလှည့်လာတာလောက်ကလွဲပြီး စစ်ရေး လှုပ်ရှားမှု သိပ်မလုပ်နိုင်တော့ဘူး” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

  • စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ

    စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ

    မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ

    မြန်မာနိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီကို အပြီး တိုင်ချေမှုန်းတော်လှန်သွားမည်ဟု TNLA က ထုတ်ပြန် ကြေညာလိုက်သည်။

    ယနေ့ ကျရောက်သည့် ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် TNLA က အထက်ပါအတိုင်း ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။

    တအာင်းဒေသခံ ပြည်သူလူထုတို့၏ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် မြန်မာပြည် တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ မြန်မာစစ်ကောင်စီကို အပြီးတိုင် ချေမှုန်း တော်လှန်သွားမည်ဖြစ်ကြောင်း TNLA က ကြေညာသည်။

    ထို့ပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ-TPCC ဦးဆောင်ရေးဆွဲထားသည့် နိုင်ငံရေး လမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အစည်းများကို အခြေခံ ကာ တော်လှန်ရေးကာလအစိုးရ အစီအမံအား အတည်ပြုကာ ပြည်သူ့အစိုးရ တရပ် အမြန်ဆုံးပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆက်လက် ကြေညာထားသည်။

    TNLA ၏ မဟာမိတ် ကိုးကန့် MNDAA နှင့် ရခိုင် AAတပ်တော်တို့ကလည်း TNLA ၏ ထုတ်ပြန်ကြေညာချက်များအပေါ် အပြုသဘောရှုမြင်ပြီး မျှော်မှန်းထားသော ရည်မှန်းချက်များ အမြန်ဆုံး ​ပေါ်ထွန်းလာနိုင်ရန် ဆုမွန်တောင်းကြောင်း၊ အောင်ပွဲနှင့်အတူ အခက်အခဲ၊ အတားအဆီးများကိုလည်း ကောင်းတူဆိုးဖက် စိတ်ဓာတ်၊ ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်ဖြင့် ၀ိုင်းဝန်း အတူဖြေရှင်းရန် အမြဲ အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာကြသည်။

  • ဝက်လက်တွင် တပ်မ(၃၃)စစ်ကြောင်း PDF ပူးပေါင်းတပ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂၀ကျော်သေ၊ သုံးဦးအဖမ်းခံရ

    ဝက်လက်တွင် တပ်မ(၃၃)စစ်ကြောင်း PDF ပူးပေါင်းတပ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂၀ကျော်သေ၊ သုံးဦးအဖမ်းခံရ

    ဝက်လက်တွင် တပ်မ(၃၃)စစ်ကြောင်း PDF ပူးပေါင်းတပ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂၀ကျော်သေ၊ သုံးဦးအဖမ်းခံရ

    ◾️လက်နက် ၅လက်လည်းရဟု ရွှေဘိုခရိုင် တပ်ရင်း(၁၈)ပြော

    ဟန်နွေ/People’s Spring

    စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ(၃၃) စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် သေဆုံးပြီး ၃ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း(၁၈)ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးက လူထုနွေဦးသို့ ပြောသည်။

    ဇန်နဝါရီ ၅ရက်က ဝက်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်းထားသော အင်အား ၇၀ ခန့်ပါ စစ်ကောင်စီ၏ စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)စစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

    “၄ရက်နေ့မနက်ပိုင်းမှာ ဆားတောင်က ထွက်လာတဲ့ တပ်မ ၃၃ စကစ စစ်ကြောင်းဟာ ၄ရက်နေ့ ညနေပိုင်းမှာအုန္နဲဘုတ်ရွာကို ဝင်စီးထားတာ ၅ရက်နေ့ မနက်ပိုင်းမှာ ကျနော်တို့ ဝင်တိုက်ခဲ့တာပါ”ဟု တပ်ရင်း(၁၈)ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးက ပြောသည်။

    အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂၀ ဦးကျော်သေဆုံးကာ ၃ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ MA 1 ငါးလက် ၊ လက်ပစ်ဗုံး ၂လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ မြင်းခွာနင်းမိုင်း ၄ လုံး၊ ဒရုန်းဖြတ်စက် ၁ ခု ၊ ၆၀ မမဗုံးသီး ၃ လုံးနှင့်အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိ ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း(၁၈)က ထုတ်ပြန်သည်။

    တိုက်ပွဲဖြစ်ပွားချိန် ၅ နာရီ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ် လေးစီးဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ကျော် ပစ်ကူပေးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ပူးပေါင်း အဖွဲ့ ဘက်မှ တော်လှန်ရေး ရဲဘော် ၅ဦးဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

    ထို့အပြင် အထိနာသည့် စစ်ကောင်စီတပ်သည် အုန္နဲဘုတ်ရွာမှ ဆုတ်ခွာထွက်ပြေးသွားသည်ဟုဆိုသည်။

    “ဆုတ်ပြေးတဲ့ စကစ စစ်ကြောင်းကို လိုက်ရှင်းနေတုန်းပါ”ဟု ကိုနေမျိုးက ပြောသည်။

    အဆိုပါအုန္နဲဘုတ်ရွာ တိုက်ပွဲကို ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း ၊ရွှေဘိုခရိင်အမှတ်(၂၃)တပ်ရင်း၊ ကြောင်လက်သည်း တပ်ဖွဲ့၊ တပ်ရင်း၁၈တပ်ခွဲ(၁) ဝက်လက်မင်းသားကြီးအဖွဲ့၊ တပ်ခွဲ(၂) ProLife အဖွဲ့ တပ်ခွဲ(၃)ဗိုလ်သင်္ချိုင်းအဖွဲ့ တပ်ခွဲ(၄)ဗိုလ်ကျားကြီးအဖွဲ့ ၊ ဝက်လက်ဒေါင်းနီအဖွဲ့၊ ဒေါင်းစစ်သည်အဖွဲ့ များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

    (တပ်မ(၃၃)စစ်ကြောင်းမှ ဖမ်းမိစစ်သုံ့ပန်းများနှင့် သိမ်းရသော လက်နက်များ။ ဓာတ်ပုံ – ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း)

  • စစ်ကိုင်းတွင် “PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား” ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများပါ သိမ်းဆည်းရရှိ

    စစ်ကိုင်းတွင် “PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား” ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများပါ သိမ်းဆည်းရရှိ

    စစ်ကိုင်းတွင် “PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား” ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများပါ သိမ်းဆည်းရရှိ

    ရန်ကုန်၊ ဇန်နဝါရီ ၅

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် “PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား” ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကာ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

    ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် စစ်ကိုင်းမြို့နယ်၊ မြင်းမွေးရွာတွင် နေထိုင်သော ပျူစောထီး ခေါင်းဆောင်လည်းဖြစ်၊ ရဲတပ်ကြပ်ဟောင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ လွှမ်းမိုးနိုင် သည် ၎င်းနေအိမ်မှ ကားဖြင့် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက လမ်း တစ်နေရာ၌ ဝိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် လွှမ်းမိုးနိုင်က ခုခံထွက်ပြေးသွားကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင်၏ ကား အတွင်းမှလည်း မူးယစ်ဆေးဝါးများ နှင့် ဆက်စပ် ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ၎င်းသေဆုံးသွားသော သတင်းကြောင့် ပြည်သူများလည်း အားရကျေနပ် ဝမ်းသာနေကြောင်း သိရှိရသည်။

    ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင်သည် ဆင်တပ်ကျးရွာရှိ ပျူစောထီးများကို ဦးဆောင်၍ အုန်းတောမြို့တွင် အထိုင်ချကာ စစ်ကိုင်းမြို့နယ်အတွင်း ပြည်သူများကို ဖမ်းဆီး၊ နှိပ်စက်၊ ငွေညှစ်၊ သတ်ဖြတ်နေသူဖြစ်ကြောင်း၊ ပြည်သူများ၏ အိုးအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေသူဖြစ်ပြီး မူးယစ်ဆးဝါးများ ရောင်းဝယ် ဖောက်ကားနေသူများ၊ လောင်းကစားဝိုင်းနှင့် 2D/3D များတွင် လိုင်းကြေးကောက်ခံကာ စစ်တပ်ကို ထောက်ပို့လုပ်နေကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော်များ၏ သတင်းများကို လိုက်လံစုံစမ်းကာ စစ်ကောင်စီထံသို့ သတင်းပေး၍ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီး သတ်ဖြတ်ရာတွင် ကိုယ်တိုင် ပါဝင်နေသူဖြစ်ကြောင်း သိရှိရသည်။

    “သူက ခဏခဏ အပစ်ခံရတာ မသေဘူး ဆိုပြီး သူ့ကို သတ်ချင်ရင် PDF တွေ ၁၀ နှစ် ကြိုးစားလို့ကြွေးကြော်ထားတာ သူက စစ်ကိုင်းမြို့နယ်မှာ အမည်ကြီးဆုံး ပျူစောထီးခေါင်းဆောင်ပဲ သူ့ဇာတိကတော့ ရွာသစ်ကြီးရွာပါ။ မြင်းမွေးရွာမှာ အိမ်ထောင် ကျပြီး လာနေ နေတာ သူသေဆုံးလို့ ပြည်သူတွေ ပျော်နေကြတယ်” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • ကျောက်နီမော်ကျေးရွာတိုက်ပွဲ၌ခမရ(၄၀၅) တပ်ရင်းမှူးသေဆုံး

    ကျောက်နီမော်ကျေးရွာတိုက်ပွဲ၌ခမရ(၄၀၅) တပ်ရင်းမှူးသေဆုံး

    ကျောက်နီမော်ကျေးရွာတိုက်ပွဲ၌ခမရ(၄၀၅) တပ်ရင်းမှူးသေဆုံး

    ဇန်နဝါရီလ ၅ ရက်

    လောင်းလုံးမြို့နယ်၊ကျောက်နီမော်ကျေးရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲဝင် ၄၀ ကျော် သေဆုံးခဲ့သည်ဟုထားဝယ်ခရိုင်တပ်ပေါင်းစုကသတင်းထုတ်ပြန်သည်။

    “ဟုတ်တယ်။ တပ်ပေါင်းစုက တိုက်တာပါ။ စခန်းလည်းသိမ်းနိုင်ခဲ့တယ်။ စစ်တပ်ကတော့လေ ကြောင်းရော ရေကြောင်းရော ကုန်းလမ်းကပါ ပြန်တိုက်တယ်”ဟု ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

    ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီတပ်စွဲထားသည့်စခန်းများကို ဒီဇင်ဘာလ၂၃ရက်နေ့တွင် ထားဝယ်ခရိုင်တပ်ပေါင်းစုက စတင်တိုက်ခိုက်ခြင်းဖြစ်သည်။ဒေါနစစ်ကြောင်း တပ်ခွဲ-၇၊ ဖက်ဒရယ်ဓူဝံတပ်ဖွဲ့၊နွေဦးပျောက်ကြားတပ်ဖွဲ့တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ထားဝယ်ခရိုင်တပ်ပေါင်းစုကဇန်နဝါရီလ၅ရက်​နေ့၌သတင်း ထုတ်ပြန်သည်။

    စစ်ကောင်စီစခန်းတခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၄၀၅) တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးနှင့်အထက် သေဆုံးပြီး ခမဪ(၄၀၃)တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။ထားဝယ်ခရိုင်တပ်ပေါင်းစုမှလည်း ရဲဘော်နှစ်ဦး ကျဆုံးပြီး ရဲဘော်အချို့ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

    ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်စခန်းကို ဒီဇင်ဘာလ ၂၇ရက်နေ့တွင် စစ်ကောင်စီက ကြည်း၊ရေ၊လေ အင်အားအများအပြားသုံးပြီး တိုက်ခိုက်လာသဖြင့် ဆုတ်ခွာခဲ့ရသည်ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုကထုတ်ပြန်ထားသည်။

    ခမရ (၄၀၅)သည် တနင်္သာရီတိုင်း၊သရက်ချောင်းမြို့တွင်အခြေစိုက်သည့် တပ်ရင်းဖြစ်သည်။ အဆိုပါတိုင်းရင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်မှုများ မကြာခဏရှိနေသည်။

    အဆိုပါတပ်ရင်းသည် ၂၀၂၂ ခုနှစ်အတွင်းက ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း စစ်ဆင်ရေးဝင်ရောက်နေစဉ်တပ်တွင်းပုန်ကန်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။

    (​ကျောက်နီ​မော် တိုက်ပွဲတွင် PDF များတိုက်ပွဲဝင်​နေစဥ် နှင့် ဖမ်းမိခဲ့​သောပျူ​စောထီး တဦး)