မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအချို့က နေအိမ်တွေနဲ့ စာသင်ကျောင်းအချို့ ပျက်စီးခဲ့ပါတယ်။ ပျော်ဘွယ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ကနေ ၄ နာရီ ၂၀ မိနစ်ခန့်အထိ နာရီဝက်ကြာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ ပျော်ဘွယ်မြို့ပေါ်ရှိ မြို့မ၊ မြင်းဘက်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်တွေနဲ့ ရွှေညောင်ဖူး၊ မင်းလမ်း၊ ရွာထင်၊ ထရံကာ၊ ဂွေးဇီး၊ မြောက်ကန်ကြီးနဲ့ ဘတ္တကျေးရွာအုပ်စုတွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ကြောင်း ပျော်ဘွယ်မီးသတ်က အသိပေးပါတယ်။ အဲဒီ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၆လုံး၊ စာသင်ကျောင်း (၁)ဆောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပျော်ဘွယ်မီးသတ်က ထပ်မံအသိပေးပါတယ်။ “အမိုးလန်တဲ့အိမ်တွေလည်း ရှိတယ်။ အဲဒီအိမ်တွေဆိုရင် ငလျင်တုန်းက အိမ်တွေယိုင်ထားတာ ခုထိမပြင်နိုင်သေးတာ”လို့ […]