သားဖြစ်သူတို့ တစ်မိသားစုလုံး အဆက်သွယ်မရလို့ အိမ်တံခါးဖျက်ပြီးဝင်ကြည့်မှ သူတို့ရဲ့ခွေးလေးအပါအဝင် တစ်မိသားစုလုံး အဖြစ်ဆိုးကြုံခဲ့မှန်းသိခဲ့ရ 😰💔 မိခင်ကတော့ ယခုဖြစ်ရပ်ကြောင့် သူမအနေနဲ့ ၂၀၂၅ မေလ ၁ရက်နေ့ကို ဘယ်တော့မှ မမေ့ကြောင်း အဲဒီနေ့မှာ သူမရင်ကွဲနာကျခဲ့ရတာဖြစ်ကြောင်း စိတ်မကောင်းစွာ ယခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ “သင်္ကြန်အပြီး သမီးတို့ ညီအစ်မ လုပ်ငန်းထဲပြန်သွားကြတော့ သားကြီးနဲ့ မြေးလေးပဲ အိမ်မှာကျန်တယ်။ သားကြီးကို ဆက်သွယ်တော့ မရတဲ့အခါ သူတို့သားအဖ ဖုန်းနားမရှိကြဘူးလို့ ထင်ခဲ့ပေမယ့် ၃/၄ ရက် ကြာတဲ့အထိ ဆက်သွယ်မရခဲ့ဘူး။ သမီးဆီ ဖုန်းဆက်တော့လည်း ပြန်မဆက်တာက အလုပ်ချိန်ဖုန်းမကိုင်တာလို့ ထင်မိခဲ့တာ… အိမ်မှာကျန်တဲ့ သားအဖနှစ်ယောက်များ နေမကောင်းလို့လားဆိုပြီး မေ ၁ရက်မှာ သူတို့အိမ်ကိုလိုက်သွားခဲ့ပါတယ် တံခါးခေါက်ပြီး ခေါ်မရလို့ အိမ်ရှင်ခွင့်ပြုချက်နဲ့ တံခါးဖျက်ပြီး ပြတင်းပေါက်အရင်ဖွင့်ကြည့်မိချိန်မှာ […]