အမေရိကန်ရေတပ်နှင့်ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုပစ်ခတ်ခဲ့သည့် အီရန်တို့၏ ဒုံးကျည်နှင့်ဒရုန်း များကို အမေရိကန်ကပစ်ချခဲ့ကြောင်းနှင့် တီဟီရန်၏ရေယာဉ်ငယ် ခြောက်စင်းကိုလည်းဖျက်ဆီးခဲ့သည်ဟု ထိပ်တန်းရေကြောင်းဗိုလ်ချုပ်ကြီးက တနင်္လာနေ့ကပြောသည်။ ကူးသန်းရောင်းဝယ်ရေးသင်္ဘောများ ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသွားလာနိင်ရေးကူညီဆောင်ရွက် ပေးမည့် သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ကကြေညာထားသော ‘Project Freedom’ ဟုခေါ်ဆိုသည့် အမေရိကန်၏ကြိုးပမ်းမှုကိုပြုလုပ်စဉ် ထိုတိုက်ခိုက်မှုများပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ “ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုခြိမ်းခြောက်လာသည့် အီရန်ရေယာဉ်ငယ် ခြောက်စင်းကို” အမေရိကန် အပါချီ (Apache) နှင့် ဆီးဟော့ (Seahawk) ရဟတ်ယာဉ်များကပစ်ခတ်ခဲ့သည်ဟု အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) ၏အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါး (Brad Cooper) က သတင်း ထောက်များကိုပြောခဲ့သည်။ အမေရိကန်တပ်ဖွဲ့များသည် “ကျွန်ုပ်တို့သင်္ဘောများနှင့်ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုချိန်ရွယ်ပစ်ခတ် ခဲ့သည့် ဒုံးကျည်နှင့်ဒရုန်းအားလုံး” ကို “ထိရောက်စွာတိုက်ခိုက်” ခဲ့သည်ဟု ကူးပါး ကပြောသည်။ ခရုစ်ဒုံးကျည်အချို့မှာ အမေရိကန်ရေတပ်သင်္ဘောများကိုချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အများစုခရုစ်ဒုံးကျည် များနှင့် ဒရုန်းအများအပြားမှာ ကူးသန်းရောင်းယ်ရေးသင်္ဘောများကိုပစ်ခတ်ခဲ့ခြင်းဖြစ်သည် […]