ပန်းတောင်းမြို့နယ်မှ ကပစ(၁၆) စက်ရုံကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးရှိ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၁၆) ဟာ မေလ ၁ ရက်နေ့က လက်နက်ကြီးတွေနဲ့ စတင်တိုက်ခိုက်ခဲ့ရပြီး အဆောင်တချို့ ထိမှန်မှုရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” တိုက်ပွဲ ကပစ(၁၆)ဝန်းကျင်မှာ နှစ်ဖက်အပြန်အလှန်ဖြစ်ကြတယ်။ ကပစ(၁၆) ကို AA နဲ့ တော်လှန်ရေးဖက်က လက်နက်ကြီးနဲ့ပစ်လိုက်တာ။ အဆောင် တချို့ ထိမှန်သွားတယ်” လို့ ပြောပါတယ်။ မသုန်ရွာအနီးရှိ ကပစ (၁၆)ဟာ လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ယမ်းချက်စက်ရုံဖြစ်ပြီး အဲဒီ စက်ရုံကို အာရက္ခတပ်တော် (AA) ပူးပေါင်းတော်လှန်ရေးတပ်တွေက မေလ ၁ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ စတင်တိုက်ခိုက်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း […]