🚨 ၁၅ မိနစ်အတွင်း အားလုံးကို ဖျက်ဆီးသွားတဲ့ ကြောက်ခမန်းလိလိ လေပြင်းမုန်တိုင်း 🚨 ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ (မေ ၆ ရက်) နေ့လယ်ပိုင်းက မျှော်လင့်မထားလောက်အောင် ပြင်းထန်တဲ့ မိုးသက်လေပြင်း တိုက်ခတ်သွားခဲ့ပါတယ်။ နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ စတင်ခဲ့တဲ့ ဒီလေပြင်းဟာ ၁၅ မိနစ်လောက်သာ ကြာမြင့်ခဲ့ပေမယ့် မြို့ပေါ်မှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ လေတိုက်နှုန်း အရမ်းပြင်းထန်တဲ့အပြင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးတွေပါ ကျဆင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီသဘာဝဘေးအန္တရာယ်ကြောင့် လမ်းဘေးဝဲယာက သက်တမ်းရင့် သစ်ပင်ကြီးတွေ ပြိုလဲတာ၊ လျှပ်စစ်မီးတိုင်တွေနဲ့ ဓာတ်အားကြိုးတွေ ပြတ်ကျတာ၊ ကြီးမားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ လဲကျပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် တရားရုံးလမ်းကနေ ခရေပင်လမ်းတစ်လျှောက်၊ လားရှိုးမိုတယ်အနီးတစ်ဝိုက်မှာ သစ်ပင်ကြီးတွေနဲ့ […]