အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လူသိများသော လူယုံတစ်ဦးဖြစ်သူ ရော်ဂျာစတုန်းသည် မြန်မာနှင့် အမေရိကန်တို့၏ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန် စစ်အုပ်စု၏ လော်ဘီအဖြစ် ဆောင်ရွက်သွားမည်ဟု သိရသည်။ ရော်ဂျာစတုန်းသည် အမေရိကန်နိုင်ငံ၏ Foreign Agents Registration Act (FARA) ဥပဒေအရ နိုင်ငံခြားအကျိုးစီးပွားကို ကိုယ်စားပြု လုပ်ဆောင်နေသူအဖြစ် တရားဝင် မှတ်ပုံတင်ထားသူ ဖြစ်သည်။ သူသည် နိုင်ငံရေးလောကတွင် အတွေ့အကြုံများပြီး ထရမ့်နှင့် ဆယ်စုနှစ်များစွာကြာ ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်သည်။ စတုန်းသည် မြန်မာစစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာနအတွက် လော်ဘီလုပ်ပေးရန် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြင့် ငှားရမ်းခြင်းခံရကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် တင်သွင်းခဲ့သည့် FARA မှတ်တမ်း၌ ဖော်ပြထားသည်။ အဆိုပါ ဥပဒေသည် နိုင်ငံခြားအစိုးရ သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းများအတွက် အကျိုးဆောင် […]