Author: Admin-501

  • မုံရွာမှာ အမျိုးသမီးတစ်ဦးကို ပစ်သတ်ပြီး ကားလုယက်

    မုံရွာမှာ အမျိုးသမီးတစ်ဦးကို ပစ်သတ်ပြီး ကားလုယက်

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မိုးကောင်းလမ်းပေါ်က အဟောင်းပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်ဆောင်ထားတဲ့ လူသုံးဦးက ဆိုင်အတွင်းထိ ဝင်ရောက် ပစ်သတ်ခဲ့ပြီး ကားကို လုယက်ယူဆောင်သွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

    ဒီဇင်ဘာ ၂၆ ရက် မနက်အစောပိုင်းက မုံရွာမြို့ မိုးကောင်းလမ်းပေါ်ရှိ အဟောင်းအစ္စည်း ရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဟာ ဆိုင်အတွင်းထိ ဝင်ရောက်ပြီး ပိုင်ရှင်ဖြစ်သူ အမျိုးသမီးကို အဓမ္မဖမ်းဆီးဖို့ ပြုလုပ်ခဲ့ရာအသာတကြည် အဖမ်းမခံတာကြောင့် သေနတ်နဲ့ လေးချက်ပစ်သတ်ခဲ့ပြီးနောက် ဆိုင်မှာရှိတဲ့ ကားကို လုယက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

    သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့ အဟောင်းပစ္စည်းဆိုင်ပိုင်ရှင် အမျိုးသမီးဟာ အသက် ၃၇ နှစ်အရွယ်ဖြစ်ပြီး သမီး သုံးယောက်ရဲ့ မိခင်လည်း ဖြစ်တယ်လို့ သိရပါတယ်။

    “တကယ်က ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့လာတာ အဲ့မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားတယ်။ ခေါ်မရတဲ့ နောက်ဆုံး သေနတ်နဲ့ ပစ်သတ်ပြီး ဆိုင်က ကားကို ယူသွားတာ။ သူတို့ဆိုင်က အလုပ်သမားတွေကလဲ စောသေးတော့ မလာကြသေးဘူး။ ပစ်သတ်တဲ့သူတွေက အဲဒီကားကြီးမောင်းပြီး ထွက်ပြေးသွားတာ”လို့ ရပ်ကွက်တွေထဲ စျေးလှည့်ရောင်းတဲ့ စျေးသည်တစ်ဦးက ပြောပါတယ်။

    ဆိုင်အတွင်းက အမျိုးသမီးက မလိုက်ခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာလို့ဆိုပါတယ်။ ပစ်ခတ်ခံရတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးဟာ ဆေးရုံပို့နေချိန်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

    ပြန်ပေးဆွဲခံရသူက အဟောင်းပစ္စည်းတွေကို အရောင်းအဝယ်လုပ်နေတဲ့သူဖြစ်ပြီး ပြန်ပေးဆွဲသူတွေဟာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

    “ဆိုင်က ဂိုထောင်ပုံစံမျိုး၊ ကားထုတ်ခိုင်းပြီး ကားနဲ့လူနဲ့ခေါ်တာ လူက မလိုက်ဘူးပေါ့၊ လူက ပြေးမယ်လုပ်တော့ ပစ်သတ်ခဲ့တာ။ပစ်ခံရတာကြားလို့ ကြည့်ကြတော့ သူတို့ထွက်သွားတာ တွေ့ရတာ” လို့ မုံရွာ မြို့ခံတစ်ဦး က ပြောပါတယ်။

    သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ အမျိုးသမီးကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသဖို့ ခေါ်ဆောင်သွားခဲ့ပေမယ့် လမ်းမှာပဲသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

    လက်နက်ကိုင်ဆောင်ထားသူ လူသုံးဦး ဟာ သူတို့လုယက်ယူဆောင်သွားတဲ့ SGG 4D 4110 wishအမျိုးအစား အဖြူရောင်ကားနဲ့အတူ မုံရွာမြို့နယ် အရှေ့ဘက် ကံမရွာဘက်ကို ဦးတည်မောင်းထွက်သွားခဲ့တယ်လို့ သိရပါတယ်။

    အဲဒီနောက် မုံရွာမြို့၊ အက်တောရပ်ကွက်၊ ကန်သာဘုန်းကြီးကျောင်းရဲ့ အရှေ့ဘက် ကွန်ကရစ်လမ်းမပေါ်မှာ ကားကို ထားရစ်ခဲ့ပြီး ကျူးလွန်သူတွေကတော့ ဒီဇင်ဘာ ၂၆ရက် နေ့လည် ၁၂ ရီကျော်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ မုံရွာမြို့နယ် ပလဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    မုံရွာမှာ စီးပွားရေးရှင်၊ လုပ်ငန်းရှင် စတဲ့ ငွေကြေးချမ်းသာသူတွေကို လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ပြန်ပေးဆွဲ ငွေညှစ်တောင်းခံတာတွေ ငွေမပေးပါက အသက်အန္တရာယ်ထိပါ ခြိမ်းခြောက်တာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

  • နွေ​ဦးတော်လှန်ရေးခရီးကြမ်းတွင် စုစည်းမှုဖြင့်ချီတက်နေ

    မန္တလေးမြို့သည် နွေ​ဦးတော်လှန်ရေးခရီးကြမ်းတွင် စုစည်းမှုဖြင့်ချီတက်နေဟု ဒေါက်တာတေဇာစန်းပြော

    မန္တလေးမြို့လယ်တနေရာတွင် တော်လှန်လူငယ်များက ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

    မန္တလေးမြို့​၏ နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက အောက်ပါအတိုင်း ဖွင့်ဟထားသည်။

    “ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်”ဟု ဒေါက်တာတေဇာစန်းက ပြောသည်။

    မန္တလေးမြို့သည် နွေ​ဦးတော်လှန်ရေး ခရီးကြမ်းတွင် မြို့သူ၊မြို့သားများ​၏ စုစည်းညီညွတ်မှုအားနှင့်အတူ ခိုင်မြဲစွာ ချီတက်နေကြသည်ဟု ဒေါက်တာတေဇာစန်းက ဆိုသည်။

    “ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်”ဟု ဒေါက်တာတေဇာစန်းက ပြောသည်။

    “ရွှေမန်းမြို့က လူထုတော်လှန်တိုက်ပွဲများ”

    ဒီဗွီဒီယိုလေးကတော့ အခုရက်တွေအတွင်း ကျနော်တို့ရွှေမန်းမြို့ပြည်သူများ ဖော်ဆောင်ခဲ့ကြတဲ့ လူထုသပိတ်တိုက်ပွဲမြင်ကွင်းဖြစ်ပါတယ်။

    ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့ တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ “ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်” လို့ စိတ်နှလုံး ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ လူထုရဲ့ တော်လှန်စိတ်ကို ဘယ်အရာ၊ ဘယ်အကြောက်တရားကမှ ဟန့်တားနိုင်တော့မှာ မဟုတ်ပါဘူး။

    ကျနော်တို့ အညာမြေ မြို့ရွှေမန်းဟာ ပြည်သူ့နွေ​ဦးတော်လှန်ရေး ခရီးကြမ်းကြီးမှာ မြို့သူမြို့သားတွေရဲ့ စုစည်းညီညွတ်အားနဲ့အတူ မယိုင်မလဲ ခိုင်မြဲစွာ ချီတက်နေကြပါတယ်။ ဒီနေရာမှာ ကျနော်တို့ တော်လှန်​ရေးကြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အရေး အထူးအရေးကြီးတာတခုကို အလေးအနက် တင်ပြပြောဆိုလိုပါတယ်။

    ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။

    အထူးသဖြင့် တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု CDM နဲ့ “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အခုချိန်မှာ အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေပါပြီ။

    “ဘူး” သပိတ် လို့ဆိုရင် ပြည်သူများ နားလည်သဘောပေါက်ကြပြီး ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို ငါတို့ ပြည်သူတွေအားလုံးက-

    – လက်မခံ “ဘူး”၊ မပူးပေါင်း “ဘူး”၊ မနာခံ “ဘူး”

    – အခွန်အခ မပေး “ဘူး”

    – စစ်တပ်ပိုင် ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မသယ် “ဘူး”၊ မရောင်း “ဘူး”

    – ဖက်ဆစ်တပ်ထောက်တိုင်တွေကို လက်မခံ “ဘူး” အစရှိသဖြင့်မှသည်

    ဖက်ဆစ်တပ် အခုကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ “ဘူး”၊ မဲ ထွက်မပေး “ဘူး” အစရှိသဖြင့် လူထုအနေနဲ့ “ဘူး” တလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ခြောက်ခြားအောင် ထိုးနှပ်ကြဖို့ပါ။

    ကျနော်တို့ လူထုကို အမြဲတင်ပြသလိုပါပဲ။ လက်နက်ကိုင်နိုင်မှ တော်လှန်ရေးသမား မဟုတ်ပါဘူး။ တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေမှာ နေမှ တော်လှန်ရေးသမား မဟုတ်ပါဘူး။ မြို့ပြ ကျေးလက် ပြည်တွင်း ပြည်ပ ဘယ်မှာပဲနေနေ အသက်အရွယ်မရွေး ကျားမ မရွေး ပြည်သူအားလုံး တော်လှန်ရေးသမားတွေ ဖြစ်ရပါမယ်။ ပြည်သူတဦးတယောက်မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်တဲ့ “ဘူး” သပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြမယ်ဗျာ။

    တလှိုင်းပြီး တလှိုင်း အရှိန်မြှင့်လာတဲ့ စစ်ရေးတိုက်ပွဲနဲ့ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြမယ်ဗျာ။ ကျနော်တို့ ပြည်သူများအားလုံး စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုံ့ပြန်” ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြဖို့ပဲ ဖြစ်ပါတယ်။

    “ကျုပ်တို့ ဒူးထောက်နေလို့သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။ ကိုင်း၊ ကျုပ်တို့အားလုံး ရုန်းထွက်၊ နိုးထကြစို့။”

    (ပီ-‌ဂျေ ပရိုဒွန်)

    The great are only great because we are on our knees. Let us rise!

    (Pierre-Joseph Proudhon)

    တေဇာစန်း

  • နေပြည်တော်တပ်ရင်း-၈၀၄ မှ အနောက်တန်းရဲဘော်များနှင့် ရဲဘော်သစ်များကို စစ်ရေးပြသင်တန်းများ ပို့ချ

    နေပြည်တော်တပ်ရင်း-၈၀၄ မှ အနောက်တန်းရဲဘော်များနှင့် ရဲဘော်သစ်များကို စစ်ရေးပြသင်တန်းများ ပို့ချ

    နေပြည်တော်တပ်ရင်း-၈၀၄ မှ အနောက်တန်းရဲဘော်များနှင့် ရဲဘော်သစ်များကို စစ်ရေးပြသင်တန်းများ ပို့ချခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် နေပြည်တော်တပ်ရင်း – ၈၀၄ မှ ရဲဘော်သစ်များနှင့် နောက်တန်းစခန်း ရဲဘော်များကို နိုင်ငံရေးသင်တန်းများပို့ချခဲ့ကြောင်း၊ ရဲဘော်များ စစ်ရေးအသိအမြင်၊ ရဲဘော်ကျင့်ဝတ်များနှင့် ပြည်သူများနှင့် ဆက်ဆံသည့်အခါတွင် ထားရမည့် ကျင့်ဝတ်များနှင့် ရဲဘော်အချင်းချင်း အပြန်အလှန် ဆွေးနွေးများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

  • DSA ကျောင်းဆင်း နှစ်ပတ်လည်ပွဲတွင် စစ်ခေါင်းဆောင် သီချင်းဆို ပျော်ပါးနေ

    DSA ကျောင်းဆင်း နှစ်ပတ်လည်ပွဲတွင် စစ်ခေါင်းဆောင် သီချင်းဆို ပျော်ပါးနေ

    နိုင်ငံတဝန်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ ရှုံးနိမ့်ပြီး စခန်းတွေ တခုပြီးတခု အသိမ်းခံနေရချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က DSA ကျောင်းဆင်းပွဲ ၄၇ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ သီချင်းဆိုဖျော်ဖြေခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

    အဲဒီပွဲကို ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက ၈ မိုင် စစ်ရုံးထဲမှာ ညနေ ၆ နာရီကနေ ၉ နာရီအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ပွဲနေရာအနီးတဝိုက်ကို လုံခြုံရေးတင်းကျပ်ထားခဲ့တယ်လို့ သိရပါတယ်။

    စစ်တပ်နဲ့ နီးစပ်သူတယောက်က “အခမ်းအနားတက်မယ့်သူနဲ့ လိုက်မယ့်မိသားစု မှတ်ပုံတင်၊ တော်စပ်ပုံ၊ မိန်းမ၊ သားသမီး၊ မြေးတွေပဲ တက်ခွင့်ရတယ်။ လူနဲ့ မှတ်ပုံတင် လာမယ့်ကားနံပါတ်ကို တပတ်အလိုတည်းက ကြိုပေးထားရတယ်။ တယောက် ၂ သိန်းဖိုး ကျွေးတယ်။ လူ‌စေ့ မဲနှိုက်ခွင့်ရတယ်။ နောက်ဆုံးပေါ် iPhone ကစ​​ပြီး ဘာညာပါ။ ဗလာမပါ ကံစမ်းမဲ လုပ်တယ်၊ မဲက အရင်နှစ်တွေဆို ငွေသားနဲ့ ကားတွေပါ ဖောက်ပေးတာလို့ သိရတယ်” လို့ ပြောပါတယ်။

    DSA ကျောင်းဆင်းတွေက နှစ်တိုင်း သူတို့အပတ်စဉ်အလိုက် တွေ့ဆုံပွဲလုပ်ကြပြီး ကျန်တဲ့ OTS, OTC တွေလည်း သူတို့အပတ်စဉ်အလိုက် လုပ်ကြတယ်လို့ သိရ​ပါတယ်။

    စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် DSA နှစ်ပတ်လည်အခမ်းနားတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သီချင်းဆို ဖျော်ဖြေလေ့ရှိတယ်လို့ သိရပါတယ်။

    အခုနှစ်မှာတော့ ရခိုင်၊ ကချင်နဲ့ ချင်းပြည်နယ် အပါအဝင် ဒေသတော်များများမှာ စစ်ကောင်စီ တပ်တွေ အရေးနိမ့်နေပြီး စခန်းတွေ အသိမ်းခံနေရချိန်နဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

  • ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ

    ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ

    စမ်းချောင်းတွင် လူငယ်များကို တပ်သားသစ်အဖြစ် ဖမ်းဆီး ငွေညှစ်မှုကြောင့် ပစ်ခတ်ခံရသော ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ

    ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေညှစ် တောင်းခံခဲ့သည့် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ယနေ့ နံနက်အစောပိုင်း ဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေသည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ဟုမ်းလမ်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး စန်းငွေသည် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိ နေစဉ် Freeland Attack Force (FLA) အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၀မ်းဗိုက်တွင်သာ ကျည်ထိမှန်ကာ နေရာတွင် သေဆုံးခဲ့ခြင်းမရှိဘဲ ပြင်းထန် ဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူခဲ့ရပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “စမ်းချောင်း၊ ဟုမ်းလမ်းအုပ်ကြီး ဆေးရုံကြီးမှာ ဒီနေ့ မနက် ၅ နာရီ ၄၅ မိနစ်မှာ သေသွားပြီ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    စန်းငွေသည် ရပ်ကွက် အတွက် သာမကမြို့နယ်ထွေအုပ်တွင်လည်း စစ်တပ် အလိုကျ ဝိုင်းကူပေးနေကြောင်း၊ ရပ်ကွက်‌နေပြည်သူများကို မောက်မာရိုင်းစိုင်းနေကာ ခဏခဏ ပြဿနာရှာလေ့ရှိကြောင်း၊ စစ်မှုထမ်းရန် ကိစ္စရပ်များတွက်လည်း တက်ကြွစွာပါ၀င်နေပြီး ၎င်းနှင့်နီးစပ်သည့်သူများနှင့် ဆွေမျိုးများစစ်မှုထမ်း မပါစေရန် တခြားရပ်ကွက်နေပြည်သူများ၏သားသမီးများကို စာရင်းလုပ်ပေးနေသူဖြစ်ကြောင်း၊ စစ်မှုထမ်း အကြောင်းပြ၍ တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ ကျပ် ကောက်ခံကြောင်း၊ ရဲပြုတ်တစ်ဦးပီပီ ပြည်သူများကိုဒုက္ခပေးနေသည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း Freeland Attack Force (FLA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့သည်။