Author: Admin-501

  • ဂွမြို့ကို တင့်ကားနှင့် စစ်ကူများပို့ထားသော်လည်း ခမရ ၅၆၂ မှ စစ်ကောင်စီ အရာရှိများ စတင်ထွက်ပြေး

    ဂွမြို့ကို တင့်ကားနှင့် စစ်ကူများပို့ထားသော်လည်း ခမရ ၅၆၂ မှ စစ်ကောင်စီ အရာရှိများ စတင်ထွက်ပြေး

    စစ်ကောင်စီ တပ်ရင်းတစ်ခုသာကျန်ရှိတော့သည့် ဂွကို တင့်ကားနှင့် စစ်အင်အားဖြည့်တင်းထားသော်လည်း ကျန်ရှိသည့်တပ်ရင်းမှ စစ်ကောင်စီတပ်အရာရှိများ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း သိရသည်။

    ယနေ့ ဒီဇင်ဘာ ၂၅ရက် နံနက်ပိုင်းမှစတင်ပြီး ဂွရှိ ခမရ ၅၆၂တပ်ရင်းမှ စစ်အရာရှိများ စတင်ဆုတ်ခွာနေကြပြီး မြို့ကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားကြောင်း သိရသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီက တင့်ကားနှင့် စစ်ကားအစီးရေ ၂၀ ပါဝင်သည့် စစ်ကြောင်း ကို ဂွ-ငသိုင်းချောင်းလမ်းမှတစ်ဆင့် ဂွမြို့ကို အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

    ထို့အပြင် အမြောက်တပ် ၃၄၄တွင်လည်း ရဟတ်ယာဉ်ကွင်းများပြင်ဆင်ဆောက်လုပ်နေပြီး တင့်ကား သုံးစီးကို အဆင်သင့်ပြင်ထားကြောင်း သိရသည်။

    “အမတ ၃၄၄မှာ ဟန့်တားစစ်ပြင်ထားတယ်။ အသေခံ ခံစစ်မဟုတ်ဘူး။ ဟန့်စစ်လောက်ပဲ။ AAက ငါးသိုင်းချောင်းကို တောက်လျောက်မဖောက်ဘဲ ပြည်-ပန်းတောင်းကနေဖောက်ဝင်မယ် ဆိုပြီး ငါးသိုင်းချောင်း အမြောက်တပ်ကို ဟန့်စစ်သဘောထားနေတာ” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။

    ဂွသို့ ပို့ဆောင်ထားသည့် တင့်ကားများ ယမန်နေ့ညက အမတ ၃၄၄ထံ ပြန်လည်ဆုတ်ခွာလာရပြီး လက်နက်ကြီးများဖြင့်သာ ဂွမြို့ကို ပစ်ကူပေးလျက်ရှိသည်ဟု ဧရာဝတီတိုင်းမ်၏ အခြားသတင်းရင်းမြစ်က အသိပေးပြောကြားသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက်နေ့က ဂွမြို့ရှိ ခမရ ၅၆၃ကို AA က သိမ်းယူထားပြီး ခမရ ၅၆၂ကိုပိတ်ဆို့တိုက်ခိုက်နေရာ ပိတ်ဆို့ခံထားရသည့် ခမရ ၅၆၂မှ စစ်ကောင်စီ ၆၀ခန့် လက်နက်ချခဲ့ကြပြီး အချို့မှာလည်း ထွက်ပြေးကြကြောင်း သိရသည်။

    ခမရ ၅၆၂မှ ပြန်လည်တိုက်ခိုက်နေသူများနှင့် AAတို့ ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး ယနေ့ ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် အရာရှိစစ်သည်တချို့ စတင်ထွက်ပြေးမှုများရှိကြောင်း သိရသည်။

  • AA နှင့် KIA ၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁၇ စီး ပျက်စီးသွား

    AA နှင့် KIA ၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁၇ စီး ပျက်စီးသွား

    AA နှင့် KIA ၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁၇ စီး ပျက်စီးသွားပြီးနောက် အကြီးဆုံးဖရီးဂိတ်စစ်ရေယာဉ်ကို ရေချလိုက်ပြီး ပြည်တွင်း၊ ပြည်ပရန်ကို နှိမ်နင်းနိုင်စေရန် သာလွန်မင်းဟု စစ်သင်္ဘောကို မင်းအောင်လှိုင်က နာမည်ပေး

    ရခိုင်ပြည်နယ်၊ မြို့နယ် အတော်တော်များများ ကိုလက်လွှတ်ထားတဲ့ ရတဲ့ စစ်ကောင်စီက ရေတပ်မှာ အသုံးပြုဖို့ အကြီးဆုံးဖရီးဂိတ်စစ်ရေယာဉ်တစ်စင်း ရေချခဲ့တယ်လို့ စစ်တပ် မီဒီယာတွေက ပြောပါတယ်။

    အဲ့ဒီရေယာဉ်ကို “သာလွန်မင်း”လို့ အမည်ပေးထားပြီး အလျား(၁၃၅)မီတာရှိ ကာဒီဇင်ဘာ လ ၂၄ ရက်မှာ မင်းအောင်လှိုင် ကိုယ်တိုင်ရေချအခမ်းအနား တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

    သာလွန်မင်း”လို့အမည်ပေးထား ဖရီးဂိတ်စစ်ရေယာဉ် ရေချပွဲ အခမ်းအနားကို ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။

    အဲ့ဒီစစ်ယာဉ်ကို ပြည်တွင်းရန်နှိမ်နင်းဖို့ ၊ ပြည်ပရန်ကာကွယ် ဖို့ နဲ့ သာလွန်မင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ စစ်ကောင်စီရေတပ်က တည်ဆောက်ထားတာလို့ သတင်းထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။

    လက်ရှိမှာ ရခိုင်ကမ်းရိုးတန်းက မြို့နယ် အများအပြားကို လက်လွှတ်ထားရချိန် မှာ စစ်ကောင်စီ က ခုလိုရေတပ်စစ်ရေယာဉ် ရေချပွဲပြုလုပ်လာတာ ဖြစ်ပါတယ်။

    အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၁၇ စီးထက်မနည်းကို AA နဲ့ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဖျက်ဆီး ရှင်းလင်းထားနိုင်နေပြီဖြစ်ပါတယ်။

    အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၈ စီးကို KIA က တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘော ၇ စီးကို KIA နှင့် PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီးမှာ နစ်မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ဒ့ါအပြင် စစ်ကိုင်းတိုင်း ထီးချိုင်မြို့နယ် မြတောင်တွင်လည်း စစ်သင်္ဘော ၂ စီးကိုလည်း ပစ်ခတ်ဖျက်ဆီးသိမ်းပိုက်ခဲ့ပါတယ်။

    ဒီအပြင် ရခိုင်တပ်တော် AA ကလည်း ဒီနှစ် ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်နေ့အထိ၊ ၆ ရက်တာ ရေကြောင်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ စစ် သင်္ဘော ၃ စီး နှင့် ဇက်သင်္ဘော ၂ စီး စုစုပေါင်း ၅ စီးကို ရက္ခိုင့်တပ်တော်က တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ကြောင်း၊ ထို့အတူ အခြားသော စစ်သင်္ဘော ၄ စီးမှာ လည်း ရေချ၍ မရနိုင်သည်အထိ ပျက်စီးသွားခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ပြောဆိုချက်အရ သိရပါတယ်။

  • ❝ဖြူဖြူခွေး ❞

    ❝ဖြူဖြူခွေး ❞

    အိန္ဒိယနိုင်ငံရဲ့ ရိုးရာမှာ နောက်အိမ်ထောင်မပြုနိုင်တဲ့ မုဆိုးမတွေကို အဖြူရောင်ဝတ်ရမယ်လို့ တင်းတင်းကျပ်ကျပ်သတ်မှတ်တဲ့ ဓလေ့ရှိတယ်။

    ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာမှာ အဖြူရောင်ဟာ ဝမ်းနည်းခြင်း၊ လောကီတွယ်တာမှုမှ လွတ်ကင်းခြင်း အထိမ်းအမှတ်နဲ့ ကွယ်လွန်သူတွေကို ဝတ်ပေးတတ်ပါတယ်။

    မြန်မာနိုင်ငံမှာ ဝမ်းနည်းခြင်းနဲ့ အသုဘအခမ်းအနားတွေအတွက် ရိုးရာအရောင်က အဖြူရောင်ပါ။

    အဲ့ဒါ နိုင်ငံရဲ့ ဗုဒ္ဓဘာသာယုံကြည်မှုနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပါတယ်။

    ဘာကြောင့် အဖြူရောင်လဲ—မြန်မာနိုင်ငံဗုဒ္ဓဘာသာမှာ အသက်နဲ့ သေခြင်းဆိုင်ရာ ထုံးတမ်းစဉ်လာဖြစ်တယ်။

    အဖြူရောင်က မိမိကိုယ်ကို အာရုံမစိုက်ဘဲ ဝမ်းနည်းခြင်းရဲ့သင်္ကေတ( နှိမ့်ချ) တာမို့ အဖြူရောင်က လောကီရေးရာနဲ့ကင်းကွာတယ်။

    ကွယ်လွန်သူရဲ့ ငြိမ်းချမ်းစွာ ကူးပြောင်းသွားမယ့်မျှော်လင့်ချက် (နောင်ဘဝ)၊ ဒုက္ခသံသရာမှ အဆုံးစွန်သော လွတ်မြောက်ခြင်း (နိဗ္ဗာန်) ကို ကိုယ်စားပြုတယ်။

    ဗုဒ္ဓဒဿနာရဲ့ အဓိကနိယာမဖြစ်တဲ့ မမြဲခြင်းကို ထင်ဟပ်စေတယ်။

    အရင်က ကွယ်လွန်သူ မိသားစုဝင်တွေနဲ့ အသုဘအခမ်းအနားသို့ တက်ရောက်လာသူတွေ အဖြူဝတ်လေ့ရှိတယ်။( အနက်ရောင်က ခေတ်ပေါ်လွှမ်းမိုးမှု)

    ကွယ်လွန်သူရဲ့ အလောင်းကို ယေဘူယျအားဖြင့် အဖြူထည်နဲ့ ပတ်တယ်။

    ⬇️

    ၁)အိန္ဒိယ-
    • ဟိန္ဒူအသုဘအခမ်းအနားတွေမှာကွယ်လွန်သူကို ရိုးရာဓလေ့ထုံးတမ်းတစ်ခုအဖြစ် အဖြူထည်နဲ့ ထုပ်ပိုး၊တက်ရောက်လာသူတွေက အဖြူရောင်ဝတ်ဆင်ကြ။

    ၂)တရုတ်
    •အဖြူရောင်ဟာ သေခြင်းတရား၊ သန့်ရှင်းစင်ကြယ်မှု၊အသက်သေဆုံးခြင်းတို့ကို ကိုယ်စားပြုတဲ့ တရုတ်ယဉ်ကျေးမှုမှာ ဝမ်းနည်းခြင်းရဲ့ ရိုးရာအရောင်ဖြစ်တယ်။တရုတ်နိုင်ငံက အသုဘအခမ်းအနားတွေမှာ
    အဖြူရောင်အဝတ်အစားတွေနဲ့ အလှဆင်။

    ၃)ဂျပန်
    • ကွယ်လွန်သူ နောင်ဘဝသို့ရောက်ဖို့ ခရီးကို ကိုယ်စားပြုတဲ့ အလောင်းကို အဖြူရောင်ပတ်လေ့ရှိ။

    အသုဘပို့သူလည်း အဖြူရောင်က သမိုင်းကြောင်းအရ ဝမ်းနည်းခြင်းရဲ့အရောင် (အခုခေတ်ဂျပန်အသုဘအနက်ရောင်ဝတ်)

    ၄)ကိုရီးယား
    • သမိုင်းကြောင်းအရ ကိုရီးယားလူမျိုးတွေက ဝမ်းနည်းခြင်းအတွက် အဖြူရောင်ဝတ်ဆင်ကြတယ်။ အဲ့ဒါ ကွန်ဖြူးရှပ်အလေ့အကျင့်က အမြစ်တွယ်လာတာပါ။

    အသုဘပို့သူလည်း အဖြူရောင်က သမိုင်းကြောင်းအရ ဝမ်းနည်းခြင်းရဲ့အရောင် (အခုခေတ်ကိုရီးယား အသုဘအခမ်းအနားကအနက်ရောင်ဝတ်)

    ၅)အခြားအာရှနိုင်ငံများ-
    • ဗီယက်နမ်၊ ထိုင်းနှင့် သီရိလင်္ကာ စတဲ့ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းများ ကွယ်လွန်သူအတွက် အဖြူရောင်ကို အသုံးပြု။

    ⬇️

    အဖြူရောင်— မုဆိုးမ
    အဖြူရောင်— သေခြင်းတရား

    ဖြူဖြူထွေးကို အဖြူရောင်ဝတ်ခိုင်းပြီး ‘မုဆိုးမ သေလူ’ လို့အောက်တန်းကျကျ လှောင်ပြောင်လိုက်ပုံရပါတယ်။ နိမိတ်ဖတ် အောက်လမ်းတိုက်ပုံရတယ်။

    ဘိုးတော်က အဖြူရောင်ဝတ်တာပါ။ အမျိုးသမီးတွေက ယောဂီရောင် ဝမ်းဆက်ဝတ်တာလေ။

    (၇၉) လို့ပြောလိုက်တာ ၁၀၀% သိသာသွားတယ်။ ဒါ သံသယနဲ့ စွပ်စွဲတာ မဟုတ်တော့ပါ။ နိုင်ငံရေးမှာ ‘တိုက်ဆိုင်မှု’ မရှိဘူး။ ဒီလိုလုပ်တာ ကလေးကလား စရိုက်ဆန်လွန်းတယ်။

    ယတြာတို့ အောက်လမ်းတို့ကျ‘တိုက်ဆိုင်မှု’ နဲ့ လုပ်တာ။

    ⬇️

    ကျမ မမှားဘူးဆိုရင်တော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုထိန်လင်းဗီဒီယိုထွက်လာလို့ လိုက်လုပ်တာပါ။

    ⬇️

    ဖြူဖြူခွေးရဲ့ caption မှာ Edit ထားတာ— ကြော်ညာနဲ့ ဘာမှမဆိုင်ဘူး ‘ခြံစည်းရိုးကြီး’ တဲ့။ ‘ထောင်’ ကိုရည်ညွှန်းတာပါ။

    တမင်သက်သက် သိသာအောင် ရေးလိုက်၊ ဖျက်လိုက် တွေဝေနေပုံရပါတယ်။

    ⬇️

    ဒါက ( #Mai Amm La Ngean ) ဆိုသူသုံးသပ်ထားကို ကျမသုံးသပ်တာ နည်းနည်းထပ်ဖြည့်ထားတာပါ။

    ဖြူဖြူခွေးက တဘက်ပတ်ထားပုံ၊ ခေါင်းမှာပန်းပန်ပုံက ဘယ်သူ့ကိုရည်ညွှန်းလဲ သိသာတယ်။

    ( #Mai Amm La Ngean )

    ▬▬▬▬

    နောက်လိုက်နှစ်ယောက် တစ်ယောက်က မိန်းကလေး(မချယ်ရီကိုရည်ညွှန်း)

    ( #Mai Amm La Ngean )

    ▬▬▬▬

    ▪️ဒါက ကျမ တွေးကြည့်တာ

    ယောကျာ်းလေးက (အမေစုနားမှာ လွယ်အိတ်လွယ်ပြီး ရှိနေတတ်သူ၊ ဘယ်သူလဲဆိုတာ တွေးကြည့်ပါ)

    ▬▬▬▬

    မယ်တော်ဟောင်စု
    မယ်တော် (အမေ)
    ဟောင်စု (အောင်စု)

    ( #Mai Amm La Ngean )

    ▬▬▬▬

    ▪️ဒါက ကျမ တွေးကြည့်တာ

    ပထမ ဆေးလာကုသူက မောင်ပု ပါ။ ခါးနာနေတယ်ဆိုတော့ တကယ့် စောင်ပုပါ။ ဒင်းက ရွာသားတွေကို စည်းကမ်းတကျနေဖို့ ဆုံးမပြနေတယ်။

    ▬▬▬▬

    “သူကဒီရွာမှာတင် နာမည်ကျော်တာမဟုတ်ဘူး ရွာနီးခြောက်စပ်က သူ့ကိုမသိတာမရှိဘူး” ( မြန်မာပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ သူနာမည်ကျော်)

    ( #Mai Amm La Ngean )

    ▬▬▬▬

    ဘိုးတော်တစ်ပါးက နတ်ဆေးပေး
    (ဗိုလ်ချုပ်အောင်ဆန်းကြောင့်)

    ( #Mai Amm La Ngean )

    ▬▬▬▬

    ▪️ဒါက ကျမ တွေးကြည့်တာ

    ဒီလိုဆေးကုနေတာက တရားမဝင်ဘူး လိုင်စင်လဲမရှိဘူး ( နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျထားတာ ခြေဥအရ တရားမဝင်)

    ▬▬▬▬

    “ဒီရွာမှာ တရွာလုံးကိုစေတနာထားပြီး ဆေးကုပေးနေတယ် တရွာလုံးကလဲ သူ့ကိုအားထားနေလို့ ငါခွင့်ပြုပေးထားတာ” (ပြည်သူလူထုတရပ်လုံးကလဲ အမေစုကို အားကိုးအားထားပြုနေတော့)

    ( #Mai Amm La Ngean )

    ▬▬▬▬

    နှစ်လုံးဂဏန်းလာတောင်းတဲ့အချိန်…
    ၇၉(ခုနှစ်ဆယ့်ကိုး)လို့ပြောလိုက်တဲ့နေရာ ဥပမာ 2D ဂဏန်းပေးရင် (ခုနှစ် ကိုး) (ခွန် ကိုး)လို့ဘဲ အတိုပြောကြတယ်။ ဒါပေမယ့် ဒီထဲမှာ (ခုနှစ်ဆယ့်ကိုး)လို့ သုံးနှုန်းထားတယ်။

    ( #Mai Amm La Ngean )

    ▬▬▬▬

    ရွာဥက္ကဌ
    (စပု)

    ( #Mai Amm La Ngean )

    ▬▬▬▬

    ▪️ဒါက ကျမ တွေးကြည့်တာ

    ပိုက်ဆံတောင်းတော့ “ကောက်ရမှပေးမယ်” (ရွေးကောက်ပွဲရမှ ပေးမယ်) လို့ သတင်းပေးချင်ပုံရတယ်။

    ▬▬▬▬

    ရွာဥက္ကဌ (စပု) က ​လူအုပ်နဲ့ပြန်လာတယ်
    (အာဏာသိမ်း တဲ့ အဓိပ္ပါယ်)

    ဆေးနာမည်အော် တော့ ဖြူဖြူခွေးက
    “သေရော” တဲ့။

    ( #Mai Amm La Ngean )

    ⬇️

    တကယ်ရိုးသားတယ်ဆို ရူးချင်ယောင်
    ဆောင်ပြီး ဟိုလိမ်ဒီလိမ်လုပ်မနေဘဲ အမှားကို ဝန်ခံလိုက်၊

    အမှားကို ဝန်မခံချင်တောင် ပရုပ်ဆီလည်း စီးပွါးပျက် အူအူခွေးလည်း နာမည်ပျက်နဲ့ ကြော်ငြာကို ဖြုတ်ချလိုက်ပေါ့။ ပြည်သူတွေက မကြိုက်ဘူးလေ။

    တမင် Noise Marketing လုပ်တယ်ဆိုရင်လည်း ပြည်သူ့မိခင်ကို နင်းချတာကောက်ကျစ်လွန်းတယ်။

    ⬇️

    နိမိတ်ယုံကြည်သူတွေက ဒီလို နိမိတ်ကောက်ရမှာပါ။

    ကွယ်လွန်ရင်သုံးတဲ့ အဖြူရောင်ကို ဖြူဖြူခွေးက ပတ်လိုက်တော့ သူတို့သေစေချင်တဲ့သူ တုံးကျော် ယတြာကျေသွားပြီ။

    ▬▬▬▬

    ဟောင်စု ဆိုတာ (စောင်ပု) မို့လို့ စောင်ပု ကို အဖြူနဲ့ပတ် အသုဘချရမယ့် အချိန်ရောက်တော့မယ်။

    ▬▬▬▬

    အဖြူရောင် (သန့်စင်ခြင်း) မို့ တရားထိုင်တဲ့ အမေစု တရားထူး တရားမြတ် အဆင့်တစ်ခုရပြီ။

    ▬▬▬▬

    ခေါင်းမှာပန်းပန်ထားတော့ အမေစုပန်းပန်နိုင်ပြီ။

    ▬▬▬▬

    ဒီရွာမှာ တရွာလုံးကိုစေတနာထားပြီး ဆေးကုပေးနေတယ် တရွာလုံးကလဲ သူ့ကိုအားထားနေတယ်။ မှန်ပါတယ်။ ပြည်သူလူထုတရပ်လုံးက အမေစုကို အားကိုးအားထားပြုနေပါတယ်။ ဒါတော့ သိသားပဲ။

    ▬▬▬▬

    ဒါနဲ့ ဘောမတွေကို ပြောပေးပါဦး။ ဖြူဖြူခွေးရဲ့ ‘စောင်ပု ဇဘုတ်ဆီ’ ကိုတော့ နင်တို့ပဲဆက်သုံးလိုက်တော့လို့။

    ▬▬▬▬▬▬▬▬
    မရွှေမိုး-ကိုရီးယား

    ပိုက်ဆံပေးတိုင်း ရိုက်မယ်ဆိုရင် ပရုတ်ဆီ ကြော်ငြာလေး အပ်ချင်ပါတယ်။

    နာမည်က မအေလိုးမင်းအောင်လှိုင်ပါ။

    အခု ကြော်ငြာကရတာထက် သုံးဆပိုပေးပါ့မယ်။

    ပန်ဆယ်လို

  • ခြံစည်းရိုးမယ်တော် နောက်ကွယ်ကတရားခံ

    ခြံစည်းရိုးမယ်တော် နောက်ကွယ်ကတရားခံ

    အမေစုဟာ ၁၉၈၉ ဇူလိုင်လက စပြီး
    စော-မောင်ရဲ့ စစ်အစိုးရက
    နေအိမ်အကျယ်ချုပ်ချထားခြင်းခံခဲ့ရတယ်။

    အဲဒီနောက်ပိုင်း ၁၉၈၉ ကနေ ၂၀၁၁ အထိ
    သူ့အသက်ရဲ့ ၄ ပုံ ၁ ပုံလောက်
    အကျယ်ချုပ်ကျခံနေချိန်များမှာ
    ပြည်သူကို တွေ့ဆုံဟောပြောဖို့
    ပါဝါ (၅၄) ခြံစည်းရိုး အတွင်းကနေ
    အခုလို ဆယ်စုနှစ်များစွာ ဟောပြောခဲ့ရရှာတယ်..

    စော-မောင်ခေတ် ကနေ သန်း-ရွှေခေတ်အတွင်း
    စစ်အစိုးရ သတင်းစာတွေရဲ့
    အမေစုကို ပုတ်ခတ်တဲ့ ဆောင်းပါးတချို့မှာ
    အကျယ်ချုပ်ကျခံထားရတဲ့
    အမေစုရဲ့ ခြံစည်းရိုးအတွင်းက လူထုတွေ့ဆုံမှုကို
    ခြံစည်းရိုးမယ်တော် လို့ စစ်တပ်ကလောင်ရှင်တွေက ထည့်သွင်းရေးသား လှောင်ပြောင်တာ မကြာခဏခဲ့ရဖူးတယ်။

    ဖြူ-ဖြူ- ထွေးကို ကြော်ငြာအပ်နေကျ
    ကုမ္ပဏီတခုဖြစ်တဲ့ Rgo47 ဟာ..
    သိန်း-စိန်အစိုးရလက်ထက်က
    ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ရေချုပ်(ငြိမ်း)စိုး-သိမ်းရဲ့သား အေး-ချမ်းက ပိုင်ဆိုင်တယ်လို့ သိရတယ်..

    စိုး-သိန်းဟာ အာဏာသိမ်းဖို့
    မအလကို မြှောက်ပေးခဲ့တဲ့
    စီနီယာတစ်ဦးဖြစ်ပြီး …
    သူ့ရဲ့သား အေး-ချမ်း ဆိုတဲ့ကောင်က
    လက်ရှိ မအလဖွဲ့ထားတဲ့ သတင်းမီဒီယာကောင်စီမှာ
    မီဒီယာတွေအပေါ် ဩဇာရှိတဲ့ ကောင်စီအတွင်းရေးမှူးလည်းဖြစ်လာတယ်။

    မီဒီယာကောင်စီဝင် အေး-ချမ်း ဟာ
    ၂၀၂၂ တီမောညီလာခံမှာ
    ပြည်သူတွေ ပညာမတတ်လို့
    ခေတ်သစ်အပါအဝင် မီဒီယာတွေကို
    ယုံကြည်နေကြသလို၊
    NUG, PDF အကြမ်းဖက်အဖွဲ့ကြောင့်
    တိုင်းပြည်ဆိုးဝါးလာတယ်လို့
    ပြောဆိုခဲ့ပြီး NLD အစိုးရခေတ်မှာလည်း
    ‌မကြာခဏ ဝေဖန်ပြောဆိုခဲ့သူလည်းဖြစ်တယ်။

    ဒီတော့ ဖြူ-ဖြူ-ထွေး- ဘာလဲ ဘယ်လဲဆိုတာနဲ့
    ကြော်ငြာနောက်က လက်သည်တွေက
    ဘယ်သူတွေလဲ သဘောပေါက်ကြမယ်ထင်ပါတယ်။
    သိလောက်ကြပြီထင်ပါတယ်။

    ဘယ်အရာကမှ ‌တိုက်ဆိုင်တယ်ဆိုတာမရှိပါ။
    စကစ ဟာ လူပိန်းကြိုက် ဆယ်လီ $ပေါများကို
    သတင်းမီဒီယာကောင်စီ ကတစ်ဆင့်
    အပြည့်အဝထိန်းချုပ်ပြီး လူထုကို
    တန်ပြန်ဝါဒဖြန့် အဆိပ်ခတ်ဖို့
    ကြိုးစားနေတယ်ဆိုတာ
    သိသာလာပါတယ်။

    မင်းမိုးယံ

    Freedom Fighter

  • “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇာတ်လမ်းကို သရုပ်ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ

    “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇာတ်လမ်းကို သရုပ်ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇာတ်လမ်းကို သရုပ်ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ

    ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး သိက္ခာချတိုက်ခိုက်မှု အဖြစ် ပြည်သူများက ရှုမြင်

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံစံ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀” အွန်လိုင်းဇာတ်လမ်းကို သရုပ်ဆောင် ရိုက်ကူး ထုတ်လုပ်သူ ဖြူဖြူထွေးကို ပြည်သူများက အပြင်းအထန် ဝေဖန်လျက်ရှိပြီး စစ်တပ်၏ ထောင်သွင်းအကျဉ်းချခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

    ဒီဇင်ဘာလ ၂၃ ရက်နေ့ ဖြူဖြူထွေးက ဒေါ်အောင်ဆန်းစုကြည်ပုံစံ ပုဝါခြုံ၊ ပန်းပန် ဝတ်စားဆင်ယင်ပြီး “မယ်တော်ဟောင်စု” အမည်ဖြင့် ပရုတ်ဆီဖြင့် မည်သည့်ရောဂါမဆိုပျောက်စေနိုင်သော ဆေးဆရာအဖြစ် သရုပ်ဆောင်ထားခြင်းဖြစ်ပြီး အဆိုပါ ဇာတ်လမ်းတွင် မယ်တော်ဟောင်စုက အမြှောက် ကြိုက်၊ အချော့ကြိုက်၊ ပရုတ်ဆီဖြင့် ဆေးလိမ်ကုသသူ၊ အခြွေအရံများဖြင့် သွားလာသူအဖြစ် ပုံဖော် ရိုက်ကူးထားခြင်းဖြစ်သည်။

    ၁၅ မိနစ်ဝန်းကျင်ကြာမြင့်သော “မယ်တော်ဟောင်စု” ဇာတ်လမ်းသည် ပရုတ်ဆီကြော်ငြာသော ဇာတ်လမ်းဖြစ်သည်ဟု ဖြူဖြူထွေးက တုံ့ပြန်ထားသော်လည်း ဇာတ်လမ်း၊ ဇာတ်ကွက်နှင့် လှုပ်ရှားဟန်များမှာ ဒေါ်အောင်ဆန်းစုကြည်ပုံစံ လိုက်လံတုပကာ အခြွေအရံများဖြင့် သွားလာသည့်ပုံစံများကိုပါ လိုက်လံတုပ သိက္ခာချရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ပြည်သူများက ဝေဖန်ကြသည်။

    “သူက ပရုတ်ဆီကြော်ငြာလို့ပြောပေမယ့် ပရုတ်ဆီကို အဲဒီလို မယ်တော် နာမည်တပ်ပြီး ကြော်ငြာတာလား။ မယ်တော်ဟောင်စု လို့ နာမည်ပေးထားတယ်။ မယ်တော်ဆိုတာ အမေ။ ဟောင်တာက ခွေး။ စုဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်နေတာ။ ဟောင်တဲ့ စုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာ။ ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်မှာ ဘာမှ မလုပ်နိုင်တော့ဘူးဆိုတာမျိုး ရည်ညွှန်းတယ်လို့ ခံစားရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို စောင်းပြီးစော်ကားလိုစိတ်အပြည့်နဲ့ ရိုက်ထားတယ်ဆိုတာ တစ်ကားလုံး ကြည့်လိုက်ရင် သိသာပါတယ်” ဟု အဆိုပါ ဇာတ်ကားကို ကြည့်ရှုခဲ့သော ပြည်သူ တစ်ဦးက ပြောဆိုသည်။

    ရန်ကုန်အခြေစိုက် ရုပ်ရှင်လောကသားတစ်ဦးကလည်း ဖြူဖြူထွေး၏ မယ်တော်ဟောင်စု ဇာတ်လမ်းမှာ ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးခြင်းဖြစ်ပြီး လက်ရှိ ခေတ်အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်တိုက်ခိုက်မှုဟု ဆိုနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

    “ပရုတ်ဆီနာမည်က ဟောင်စုလို့ အသံထွက်ရင်တောင် နားလည်လို့ရပါတယ်။ အခုက ဟောင်စု ပရုတ်ဆီကြော်ငြာမှာ ဒေါ်အောင်ဆန်းစုကြည်လို ဝတ်စားတယ်။ ပန်းပန်တယ်။ တစ်နိုင်ငံလုံးက အမေလို့ မြတ်မြတ်နိုးနိုးခေါ်တဲ့ စကားလုံးကို မယ်တော်အဖြစ် သုံးပြီး မယ်တော်ဟောင်စု ဆိုပြီး နာမည်ပေးလိုက်တယ်။ ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဆိုပြီး နာမည်ပေးတယ်။ ခြံစည်းရိုးကြီးနဲ့ ပရုတ်ဆီက ဘာဆိုင်လဲ။ အမေစုပုံဝတ်ပြီး မယ်တော်ဟောင်စုဆိုပြီး လုပ်နေတဲ့အပြင် ၂လုံးဂဏန်းပေးတော့လဲ ၇၉ ဆိုပြီး အမေစုအသက်ကိန်းဂဏန်းကို ပုံအောထိုးဖို့ ပြောတာက ရည်ရွယ်ချက်ရှိရှိပါ။ ကျနော်တို့ မြန်မာတွေမှာ ကျနော်တို့ မကျေနပ်တဲ့ လူတစ်ဦးသေသွားလို့ရှိရင် သူ့အသက်ကို ဝမ်းသာအားရ ချဲထီး ထိုးကြတဲ့ ဓလေ့လည်းရှိတယ်။ အမေစု အသက် ၇၉ နှစ်ရောက်တော့မှာဖြစ်တဲ့အပြင် ၇၉ ကို ချဲထိုးခိုင်းတာက သေတော့မယ် ချဲထိုးလိုက်လို့ ပြောတာပဲ” ဟု ရန်ကုန်အခြေစိုက် ရုပ်ရှင်လောကသား တစ်ဦးက ရှင်းပြသည်။

    ဖြူဖြူးထွေးက ဒီဇင်ဘာလ ၂၃ ရက်နေ့ ဇတ်လမ်းကို ဖေ့ဘုတ်စ်လူမှုကွန်ရက်တွင် တင်ပြီးနောက် ၄ ကြိမ်တိတိ ဇာတ်လမ်းခေါင်းစဉ်ကို တည်းဖြတ်ခဲ့ပြီး ပထမအကြိမ် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀” ၊ ဒုတိယအကြိမ်တွင် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀ ကဲပြော ဘာရောဂါကုပေးရမလဲပြော” ၊ တတိယအကြိမ်တွင် “မယ်တော်ဟောင်စုရဲ့ ဟောင်စုဆေးပရုတ်ဆီအစွမ်း ကဲပြော ဘာရောဂါကုပေးရမလဲပြော” ၊ ၄ ကြိမ်မြောက်တွင် ဟောင်စု ဆေးပရုတ်ဆီအစွမ်း ကဲပြော ဘာရောဂါကုပေးရမလဲပြော” ဟု အကြိမ်ကြိမ်ပြင်ဆင်ခဲ့သည်။

    အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကလည်း ဖြူဖြူထွေးက ဆန္ဒပြပွဲများတွင် မပါဝင်သည့်အပြင် ၎င်း၏ လူမှုကွန်ရက်တွင် လာရောက် ဝေဖန်သော ကွန်းမန့်များကို “နိုင်ငံရေးနဲ့ ငါနဲ့ဘာဆိုင်လို့ cmt လာမန့်နေကြတာလဲ… (၁) နှစ်တည်း အာဏာထိမ်းတာကို နင်တို့က ဘာထဖြစ်နေကြတာလဲ” ဟု တုံ့ပြန်ရေးသားကာ စစ်အာဏာသိမ်းမှုကို ထောက်ခံသည့်သဘောမျိုး ပြောဆိုခဲ့ဖူးသည်။