Author: Admin-501

  • The Devil’s Disciples

    The Devil’s Disciples

    The Devil’s Disciples (2024)

    ဒီဇာတ်လမ်းလေးက‌တော့ မကောင်း‌ဆိုးဝါးတွေ လူယောင်နေပြီးတော့ သူ့တို့ကိုအန္တရာယ်ပေးလာနိုင်မဲ့သူတွေကို ရှင်းလင်းကြတဲ့ပုံစံလေးကနေ သူ့တို့အချင်းချင်းသဘောထားကွဲလွဲကြတာ‌ကိုကြည့်ရှူရမှာပါ

    လူစီဖာရဲ့တပည့်ကျော်တွေဘယ်လိုသောင်းကြမ်းကြသလဲကတော့ ကိုယ်တိုင်သာကြည့်ရှုလိုက်ဖို့တိုက်တွန်းပါတယ်

    ဒီကားထဲမှာမင်းသားဇာတ်လိုက်ကိုလည်းတွေ့ရမှာမဟုတ်သလို တင်ဆက်ပုံအသစ်နဲ့မို့ကြည့်ရှုရတာတစ်မျိုးထူးဆန်းနေတာပါ

    မကောင်းဆိုးဝါးမလေးတွေကတော့ ဝတ်လစ်စလစ်တွေများတာမို့ မိသားစုနဲ့တော့အတူမကြည့်သင့်ပါဘူးနော်

    တစ်ယောက်ထဲ အချိန်ဖြုန်းလို့ကောင်းမယ့် ကားလေးတစ်ကားပဲဖြစ်ပါတယ်ဗျာ

  • London Calling

    London Calling

    London Calling (2025)

    Josh Duhamel တို့ Aidan Gillen တို့ Arnold Vosloo တို့လိုမင်းသားကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ Action/Commedy/Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Bandit 2022, Uncharted 2018 တို့ရဲ့ဖန်တီးရှင် Director Allan Ungar ဖန်တီးပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ

    ဇာတ်အိမ်လေးကတော့ လန်ဒန် ကကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ တော်မီ ဟာအသက်အရွယ်ရလာတာနဲ့အမျှ လက်ရည်လေးလည်းတဖြေးဖြေးကျလာတာပေါ့

    ဒါပေမယ့် သူ့ကိုယ်သူလက်မခံနိုင်ဘဲ သူ့ဘဝရဲ့အလှည့်အပြောင်းဖြစ်မယ့်မစ်ရှင်တစ်ခုကိုလက်ခံမိရာကနေ မစ်ရှင်ကိုတလွဲလုပ်မိလိုက်ပါတော့တယ်

    အဲဒီမှာပဲ လန်ဒန် မှာဆက်နေလို့မရတော့ဘဲ L.A ကိုထွက်ပြေးခဲ့ပြီး အလုပ်ရှင်အသစ်နဲ့လက်တွဲလုပ်ကာ ဘဝကိုဇာတ်မြှုပ်ပြီးနေထိုင်ခဲ့တယ်

    ကံဆိုးချင်တော့ သူ့အလုပ်ရှင်အသစ်ရဲ့ ကြောင်တောင်တောင်ကလေးဖြစ်သူကိုကျားကျားယားယားဖြစ်အောင်လို့ လေ့ကျင့်ပေးရဖို့ဖြစ်လာရာကနေ ဘယ်လိုတလွဲတွေဖြစ်ကြဦးမလဲ ဘယ်လိုအခွီဇယားတွေကြုံရဦးမလဲဆိုတာကိုတော့…..

  • The Drowned

    The Drowned

    The Drowned (2025)

    England Horror ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်

    2025 October မှာထွက်ရှိထားတဲ့ဇာတ်ကားအသစ်လေးတစ်ကားပါ

    ဇာတ်လမ်းလေးကတော့ အဲရစ်၊ ဒန်နိစ်၊ မတ်၊ ပေါလ် တိုလေးယောက်ဟာ
    ပန်းချီကားတစ်ချပ်ကိုလုယက်ခဲ့ပြီးတော့ ကမ်းခြေကအိမ်လေးတစ်လုံးမှာဆုံရပ်အနေနဲ့သတ်မှတ်ထားခဲ့ကြတယ်….

    ဒါပေမယ့်သူတို့မသိခဲ့တာက ကမ်းခြေကအိမ်နဲ့ သူတို့ရဲ့ပန်းချီကားဟာတစ်ခုခုဆက်စပ်မှုရှိနေတယ်ဆိုတာကိုပဲ….

    အဲဒီညမှာပဲ သူတို့စီကိုလှေမှောက်ပြီး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့မိန်းကလေးသုံးယောက်နဲ့လည်း ဘယ်လိုဖြစ်ရပ်တွေနဲ့ကြုံရဦးမလဲ….

    ကိုယ်မျက်စိရှေ့တင် တစ်ယောက်ပြီးတစ်ယောက် ပျောက်ပျောက်သွားတာဘာကြောင့်ဖြစ်နိုင်မလဲ…..

    ဖြစ်ရပ်အားလုံးရဲ့ အဓိကလျှို့ဝှက်ချက်ကဘာလဲဆိုတာကိုတော့…..

    ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်

  • သံပုံးတီးသံတွေ ဆူညံနေတဲ့ မိုးကုတ်

    သံပုံးတီးသံတွေ ဆူညံနေတဲ့ မိုးကုတ်

    “”

    မိုးကုတ်မြို့မှာ ဒုတိယအကြိမ်မြောက်စစ်ပွဲကြီးဖြစ်ပွားတော့မယ်ဆိုတဲ့ သတင်းတွေနဲ့အတူ မြို့ထဲကနေထွက်လာကြတဲ့ပြည်သူတွေဟာ စံချိန်တင်များပြားလှတာကို အားလုံးလည်းသိကြပြီး ဖြစ်ပါတယ်…

    အစောပိုင်းတုန်းကတော့ တချို့ပြည်သူတွေက ရှောင်တိမ်းဖို့အစီအစဉ်မရှိကြပါဘူး…

    လကုန်ဖို့ရက်နီးကပ်လာလေ တအိအိနဲ့မြို့ထဲကလူတွေထွက်တာများလာလေဖြစ်နေတုန်း အခိုက်အတန့်မှာပဲ ပြည်သူတွေကို ည(၈:၀၀)မှာ (၁၀)မိနစ်လောက်သံပုံးတီးကြပါလို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်တဲ့

    သံပုံးတီးခိုင်းတာကို သိရှိကြတဲ့ပြည်သူတွေလည်း ရှိကြသလို၊ မသိရှိကြတဲ့ပြည်သူတွေလည်း အများအပြားရှိကြပါတယ်တဲ့

    ဒီလိုနဲ့သံပုံးတီးတဲ့အချိန်ရောက်တော့ တချို့တွေကလည်း တီးတဲ့သူတီးကြပေါ့

    ဘာမှမသိကြတဲ့ပြည်သူတွေကတော့ “လငပုပ်”ဖမ်းလို့ သံပုံးတီးကြတယ်လို့ထင်တဲ့သူတွေလည်း ရှိကြပါတယ်တဲ့

    တချို့ပြည်သူတွေကတော့ နဂိုထဲကမှ စိုးရိမ်ထိတ်လန့်နေပါတယ်ဆို သံပုံးတီးသံကြားတော့ ဘာများဖြစ်ပြီလဲဆိုပြီး စိတ်ပူခဲ့ရပါတယ်တဲ့

    ဒီလိုနဲ့ ဒီရက်ပိုင်းမှဆင်းလာကြတဲ့သူတွေနဲ့ စကားပြောကြည့်လိုက်တော့…အစောတုန်းကတော့ဆင်းလာဖို့အစီအစဉ်မရှိပါဘူးတဲ့…

    သံပုံးတီးပြီးတဲ့နောက် မှာတော့ စစ်ပွဲကိုခေါ်သလိုဖြစ်နေတဲ့အတွက် ပြည်သူအများစုက စိုးရိမ်စိတ်များပြီး စစ်ရှောင်တဲ့သူများလာတော့ သူတို့တွေကလည်း စိတ်ခြောက်ခြားလာတာနဲ့ထွက်လာကြတယ်လို့ ပြောပြကြပါတယ်…

    ဒီရက်ပိုင်း ကိုယ့်မြို့ကပြည်သူတွေ ဒုက္ခမျိုးစုံရောက်နေကြတာကိုမြင်တွေ့ပြီး တကယ်ကိုပဲ စိတ်မကောင်းဖြစ်နေရပါတယ်…

    ဒီချိန်မှာ ကိုယ်သာပိုက်ဆံရှိတဲ့သူဆိုရင်ကိုယ်နဲ့နီးစပ်တဲ့သူတွေကို ခေါ်ချင်မိပါတယ်…

    ကုိယ်နဲ့ရင်းနှီးခင်မင်ကြတဲ့သူတွေ နှလုံးစိတ်ဝမ်းမသာမယာဖြစ်နေရတာကိုကြည့်ပြီး များစွာစိတ်မကောင်းဖြစ်မိပါတယ်…

    မြို့ထဲမှာစစ်ဖြစ်ရင် တောပိုင်းကိုရှောင်သင့်တယ်လို့တွေးထင်ထားခဲ့ပေမယ့်လက်ရှိအခြေအနေက တောပိုင်းမှာ‌ေနထိုင်ကြတဲ့ပြည်သူတွေကပါ ထွက်လာကြတယ်လို့ကြားသိရတော့ ပိုလို့တောင်စိတ်ပူနေမိပါတယ်…

    မြို့ထဲမှာကျန်ရှိနေသေးတဲ့ ပြည်သူတွေကို အဝေးကနေ ဘယ်လိုအားပေးစကားပြောရမှန်းကို မသိရှိတော့ပါဘူး…

    အားလုံးပဲ

    ကပ်ဘေးဆိုးအပေါင်းမှ

    ကင်းလွတ်နိုင်ကြပါစေဗျာ

    Sai Myat Kyaw

  • မန္တလေးမြို့ကပျူစောထီးတွေ ရှေ့တန်းပြန်လာပြီး မြို့ထဲမှာသောင်းကျန်းနေ

    မန္တလေးမြို့ကပျူစောထီးတွေ ရှေ့တန်းပြန်လာပြီး မြို့ထဲမှာသောင်းကျန်းနေ

    မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရဲမွန် တောင်ရပ်ကွက်က ပျူစောထီးအဖွဲ့တွေ ရှေ့တန်းကပြန်လာပြီး မြို့တွင်းမှာ ပြည်သူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးရိုက်နှက်တွေလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

    မန္တလေးမြို့ရဲမွန်‌တောင်ရပ်ကွက်က ပျူစောထီး တွေ နိုဝင်ဘာ ၁၅ရက်က မတ္တရာမြို့နယ်၊ရှေ့တန်းက ပြန်ဝင်လာခဲ့တယ်လို့ သိရပါတယ်။

    အဲဒီနောက် မနေ့က (နိုဝင်ဘာ ၁၆ရက်) မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်အတွင်းမှာ ဆိုင်ကယ် စီးလာတဲ့လူငယ်နှစ်ဦးရဲ့ ဆိုင်ကယ်ကို ပျူစောထီးတွေရဲ့ကားနဲ့ တိုက်မှုဖြစ်ခဲ့ပြီး အတိုက်ခံရတဲ့လူငယ်နှစ်ဦးကို လမ်းလယ်မှာ ဒူးထောက်ခိုင်းပြီး ပါးရိုက် နေတာလို့ မျက်မြင်တွေ့သူတဦး ကပြောပါတယ်။

    “အတိုက်ခံထားရတဲ့ ကလေးတွေ သနားပါတယ်။သွေးတွေနဲ့ကို ပါးရိုက်ခံ နေရတာ”လို့ မျက်မြင်တွေ့သူ‌‌တဦးက ပြောပါတယ်။

    အလားတူပဲ မန္တလေးမြို့တွင်းမှာ ညဘက် ဖုန်းစစ် ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မန္တလေးဆေးတက္ကသိုလ်ရဲ့ အနောက်ဘက် ၇၄လမ်းမှာဆိုရင် လမ်းကြားတွေအထိ ည၈နာရီ လောက်ကနေ ၁၂နာရီလောက်အထိ မှောင်ရိပ်ခို ဖမ်းဆီးတာ တွေပြုလုပ်လေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    “ပျူတွေလာတာ။ကားတွေကို ဝေးဝေးမှာသွားရပ်ပြီး အမှောင်ထဲကနေ အရပ်ဝတ်နဲ့ နှစ်ယောက်၊သုံး‌ ယောက် စောင့်ဖမ်းကြတာ။ဖုန်းတွေ စစ်ပြီး အရမ်းရစ်တယ်။တညတည အဖမ်းခံရတာ နည်းတာ မဟုတ်ဘူး”လို့ မြို့ခံတဦးက ပြောပါတယ်။

    ဒီတနေရာထဲတင်ဖမ်းဆီး နေတာမဟုတ်ဘဲလမ်း၈၀ ပေါ်၊စက်မှု ၊မြို့ပတ်လမ်းတွေမှာပါ ညဘက်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

    မန္တလေးမြို့မှာ ပျူစောထီးတွေ အုပ်စုဖွဲ့ အနိုင်ကျင့်တာတွေ ဖြစ်နေပြီး သေနတ်၊ဓားအရှည်တွေကိုင်ကာ ညဘက်ဆို ကားတွေနဲ့လမ်းသွားလာသူ ပြည်တွေတွေကို ခြိမ်းခြောက်ရိုက် နှက်တာ တွေပြုလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

    (ရဲမွန်တောင်ရပ်ကွက်က ပျူစောထီးအဖွဲ့တွေ ရှေ့တန်းကပြန်လာပြီးစားသောက်နေစဉ်နဲ့ ရှေ့တန်းမထွက်မီတွေ့ရစဉ်။ ဓာတ်ပုံ – CJ)