Author: Admin-501

  • PPP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သားဖြစ်သူတို့ လူသတ်မှုဖြင့် ဖမ်းဆီးခံရ

    တန်ဆောင်မုန်း သူခိုးကြီးညက နေအိမ်မှာ ကြက်လာခိုးတဲ့ အမျိုးသားတယောက်ကို ရိုက်နှက် သတ်ဖြတ်ခဲ့မှုနဲ့ တောင်ကြီးမြို့က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးနဲ့ သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    နိုဝင်ဘာ ၅ ရက် မနက် ၂ နာရီခွဲလောက်မှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရပ်ကွက် ၁ နယ်မြေ ၂ မှာနေတဲ့ ဦးစိုင်းထွန်းဆာက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးရဲ့ ခြံထဲရှိ ကြက်ကို ဝင်ခိုးခဲ့ရာ သားအဖ ၂ ယောက်က တုတ်နဲ့ ဝိုင်းဝန်းရိုက်နှက်လို့ သေဆုံးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “သူခိုးညမှာ ချက်စားဖို့ အိမ်ဘေးနားကလူက သူ့ခြံထဲက ကြက်ကိုဝင်ခိုးတာ။ ဦးရွှေထီးတို့ သားအဖမြင်ပြီး တုတ်နဲ့ ခြေထောက်တွေ၊ ခေါင်းတွေ၊ လက်တွေကို ရိုက်တာ နေရာမှာတင် ပွဲချင်းပြီးပဲ၊ သေတဲ့လူက သူရဲ့ဘေးအိမ်က အရပ်ထဲကလူ၊ မွေးမြူရေးလုပ်တာ သူတို့သားအဖကို နေ့လယ်ကပဲ ရဲတွေ ဖမ်းသွားတယ်။”

    ပြစ်မှုကျူးလွန်သူ ဦးစိုင်းရွှေထီးနဲ့ စိုင်းကျော်စိုးမိုးတို့ကို အေးသာယာနယ်မြေရဲစခန်းက ဖမ်းဆီးပြီး (ပ)အမှတ် ၇၁ /၂၀၂၅ ၊ပုဒ်မ ၃၀၂/ ၁၁၄ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “သူခိုးကြီးညအတွက် အပျော်သဘောနဲ့ တရပ်ကွက်တည်းနေတဲ့သူက အပျော်သဘောနဲ့ ကြက်လေး ခိုးစားတာတောင် လူတယောက် ရိုက်သတ်ဆိုရင်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားလို့ အာဏာသာ ရသွားရင် မလွယ်ဘူး။ တော်သေးတယ်၊ ဒီလိုလူမျိုးတွေ လွှတ်တော်ကိုယ်စားလှယ် မဖြစ်တော့တာ။ အခုစခန်းက ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်။”

    စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဦးစိုင်းရွှေထီးက အချိုးကျ PR စနစ်နဲ့ ပြည်သူ့ရှေ့ဆောင် PPP ပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ် ၁ မှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။

  • ဘတ် ၆ ဘီလီယံကျော်ကို ဟန်ဆောင်အချစ်ဖြင့် လိမ်လည်ခဲ့သည့် ထိုင်းအမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ

    ဘတ် ၆ ဘီလီယံကျော်ကို ဟန်ဆောင်အချစ်ဖြင့် လိမ်လည်ခဲ့သည့် ထိုင်းအမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ

    ထိုင်းဘတ် ခြောက်ဘီလီယံခန့် လိမ်လည်ခဲ့သည့် အဓိကနယ်စပ်ဖြတ်ကျော် ဟန်ဆောင်အချစ်ဖြင့်လိမ်လည်မှု (Romance Scam) ကွန်ရက်၏ ခေါင်းဆောင်များဟု ယူဆရသော ထိုင်းအမျိုးသမီးသုံးဦးအား ထိုင်းဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CIB) လက်အောက်ရှိ ရာဇဝတ်မှုနှိမ်နင်းရေးဌာန (CSD) က ဖမ်းဆီးလိုက်သည်။

    သံသယရှိသူများမှာ ဇူသာရတ်(အသက်- ၃၆ နှစ်)၊ ချန်ဂျီရာ(၂၉ နှစ်) နှင့် ဂျီရာဖွန် (၃၂ နှစ်) ဖြစ်သည်။

    ၎င်းတို့သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအဖွဲ့အစည်း၊ လျှို့ဝှက်အသင်းအဖွဲ့တွင် ပါဝင်ခြင်း၊ ငွေကြေး ခဝါချမှု ကျူးလွန်ရန် ပူးပေါင်းကြံစည်ခြင်းနှင့် ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်ခြင်း အပါအဝင် စွဲချက်များစွာနှင့် ရင်ဆိုင်နေရသည်။

    ဇူသာရတ်အား ချာချိုအန်ဆောင်းခရိုင်၊ ဘန်ခလာမြို့နယ်တွင် လည်းကောင်း၊ ချန်ဂျီရာအား နွန်ထာ ဘူရီရှိ ရတနာသီဘက်လမ်းမပေါ်တွင် လည်းကောင်း၊ ဂျီရာဖွန်အား ယာလာခရိုင်၊ ဘေတောင်မြို့နယ် တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

    ၎င်းတို့ သုံးဦးစလုံး ကို နောက်ထပ်ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ရန် CSD ၏ ဌာနခွဲ (၁) သို့ လွှဲပြောင်း ပေးခဲ့သည်။

    ကနဦးမေးမြန်းမှုများအတွင်း ၎င်းတို့က စွဲချက်အားလုံးကို ငြင်းဆိုခဲ့သည်။

    ၂၀၁၉ ခုနှစ်ကတည်းက နိုင်ဂျီးရီးယားနိုင်ငံသားများအဖွဲ့တဖွဲ့ သည် အမျိုးမျိုးသော လူမှုမီဒီယာများမှ တဆင့် ထိုင်းအမျိုးသမီးများကို အွန်လိုင်းမှ ဟန်ဆောင်အချစ်ဖြင့်လိမ်လည်သည့် ‘Romance Scam’အလုပ်ကို လုပ်ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စုံစမ်းတွေ့ရှိခဲ့သည်။

    ယုံကြည်မှု ရရှိပြီးနောက် ငွေကြေးလွှဲပြောင်းရန် နစ်နာသူများကို စည်းရုံးခဲ့ရာမှ စုစုပေါင်း ဘတ်ငွေ ခြောက်ဘီလီယံကျော် လိမ်လည်ခံခဲ့ရသည်။

    ဖမ်းဆီးရမိသည့် သံသယရှိသူ ထိုင်းအမျိုးသမီးသုံးဦးသည် လိမ်လည်မှုကွန်ရက်တွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ဆိုသည်။

    ၎င်းတို့သည် ငွေလက်ခံရန်နှင့် ထုတ်ယူရန်အတွက် အသုံးပြုသော ဘဏ်အကောင့်များ ဖွင့်ပေးရန် အခြား သူများကို စည်းရုံးသည့် ညှိနှိုင်းဆောင်ရွက်သူများအဖြစ် လုပ်ဆောင်ခဲ့ကြသည်။

    ထိုသူများသည် ထုတ်ယူသည့်ပမာဏ၏ နှစ်ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခများ ရရှိခဲ့သည်။

  • စစ်ခေါင်းဆောင်က ၎င်းတည်သည့် မာရဝိဇယဘုရား လူစည်ကားစေရန် အမိန့်ပေး စည်းရုံးနေပြီး ရွေးကောက်ပွဲ မတိမ်းစောင်းရန် “ဘုရားကု” ကုနေ

    စစ်ခေါင်းဆောင်က ၎င်းတည်သည့် မာရဝိဇယဘုရား လူစည်ကားစေရန် အမိန့်ပေး စည်းရုံးနေပြီး ရွေးကောက်ပွဲ မတိမ်းစောင်းရန် “ဘုရားကု” ကုနေ

    နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
    နိုဝင်ဘာ ၄ ရက်

    စစ်ခေါင်းဆောင်က မြန်မာနိုင်ငံတွင် ခိုင်ခံ့မှုအရှိဆုံးဟု ကြွားလုံးထုတ်နေသည့် ၎င်းတည်ထားသော မာရဝိဇယ ကျောက်ဆင်းတုဘုရား၌ လူစည်ကားစေရန်နှင့် လာမည့်ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ရည်ရွယ်၍ “ဘုရားကု” လုပ်နေကြောင်း သတင်းအရင်းမြစ်များအရ သိရသည်။

    အဆိုပါဘုရားတွင် လူစည်ကားစေရန် ပွဲလမ်းသဘင်များဖြင့် စည်းရုံးသိမ်းသွင်း လုပ်ဆောင်လျက် ရှိသည်ကိုလည်း တွေ့ရသည်။

    ကမ္ဘာပေါ်ရှိ စကျင်ကျောက်သား ထိုင်တော်မူ ဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဟု စစ်ကော်မရှင်က ထုတ်ပြန်ဆိုထားသော မာရဝိဇယဘုရားကို စတင်တည်ချိန်မှစ၍ စစ်ကော်မရှင် လက်အောက်ခံ Non-CDM ဝန်ထမ်းများမှာ မကြာခဏဆိုသလို မဖြစ်မနေ လာရောက်ဖူးမျှော် နေရကြောင်း ဧရာ၀တီတိုင်းမ်ကစုံစမ်း သိရသည်။

    ထို့အပြင် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ ၎င်းတို့နှင့် နီးစပ်သူများအပြင် ကျောင်းသားကျောင်းသူများကိုပါ ခရီးစဉ်စရိတ်ငြိမ်းဖြင့် ပို့ပေးနေပြီး မြန်မာ့ရိုးရာ ပွဲလမ်းဘသင် များကိုလည်း အဆိုပါဘုရားတွင်ပင် အဓိကထား ပြုလုပ်လျက်ရှိသည်။

    အဆိုပါဘုရားကို စည်ကားစေရန် လုပ်ဆောင်နေမှုအပြင် မကြာမီ ၎င်းတို့ပြုလုပ်သွားရန် စီစ‌ဉ်နေသော ရွေးကောက်ပွဲအတွက်ပါ ရည်ရွယ်၍ စိုးရိမ်စိတ်များဖြင့် ဘုရားကု ကုနေသည် ကို တပ်တွင်းသတင်းအရ ကြားသိရကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

    “သူ့အနေနဲ့ ရွေးကောက်ပွဲတွေ အတိမ်းအစောင်း ဖြစ်လာမလား။ လုပ်နေရင်းနဲ့ ဘယ်နေရာတွေက ဘာဖြစ်ဦးမလဲ စတာတွေ စိုးရိမ်နေတယ်။ အဲဒါမို့ ဘုရားကု ကုနေတာလို့ တပ်ဘက်က လူတွေဆီက ကြားသိရတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

    အာဏာသိမ်းပြီးနောက် ယာယီသမ္မတဟု မိမိကိုယ်ကို သုံးနှုန်းနေသော စစ်ခေါင်းဆောင်သည် ငွေကြေး သန်းပေါင်းများစွာ ကုန်ကျခံသုံးစွဲ၍ ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့၌ ယင်းဘုရားကို တည်ထားပြီး အမြဲဆိုသလို ဂုဏ်ယူပြောလေ့ရှိသည်။

    ယင်းအပြင် စစ်ခေါင်းဆောင်သည် အင်အားပြင်း စစ်ကိုင်းငလျင် လှုပ်ခတ်ချိန်ကလည်း မာရဝိဇယ ဘုရားကို သွားရောက်ပြီး လေပြင်းဒဏ်၊ မြေငလျင်ဒဏ်နှင့် သဘာဝဘေးဒဏ်တို့ ခံနိုင်မှုရှိစေရန် တည်ဆောက်ထား၍ ထိခိုက်မှု နည်းပါးခြင်းဖြစ် ကြောင်း ကြွားဝါပြောဆိုခဲ့သည်။

    ဓာတ်ပုံ-MOI

    #စစ်ခေါင်းဆောင် #မာရဝိဇယဘုရား #လူစည်ကားစေရန် #အမိန့်ပေးစည်းရုံး #ရွေးကောက်ပွဲ #ဘုရားကု #Ayeyarwaddy_Times

  • ကြံ့ခိုင်ရေးပါတီက ငွေပေးမည်ဟုဆိုကာ မဲဆွယ်စည်းရုံးရေး လိုက်ခိုင်းသော်လည်း အမှန်တကယ် မရရှိဟုဆို

    ကြံ့ခိုင်ရေးပါတီက ငွေပေးမည်ဟုဆိုကာ မဲဆွယ်စည်းရုံးရေး လိုက်ခိုင်းသော်လည်း အမှန်တကယ် မရရှိဟုဆို

    စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီက မဲဆွယ်စည်းရုံးရေးလိုက်သူတွေကို ငွေကျပ် ၁၅,၀၀၀ ပေးမယ်လို့ မက်လုံးပေးပြီး ခေါ်သွားပေမဲ့ အမှန်တကယ် မရရှိဘူးလို့ မဲဆွယ် စည်းရုံးရေးလိုက်သူတွေက ပြောပါတယ်။

    ရန်ကုန်၊ သာကေတမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရေး လိုက်ပါရင် ဆန်နဲ့ ငွေကျပ် ၁၅,၀၀၀ ပေးမယ်ဆိုပြီး ဆိုက်ကားသမားတွေနဲ့ ဘေးတွဲသမားတွေကို ပြောဆိုထားတာ ဖြစ်ပါတယ်။

    သာကေတမှာ ဘေးတွဲမောင်းသူတယောက်က “အလကားပိုက်ဆံလည်း မရဘူး။ ဆန်လည်း မရဘူး။ ‌သွားတောင်းတော့ အုပ်ချုပ်ရေးမှူးတွေကို ပေးထားတယ်တဲ့။ သူတို့ဆီ သွားတောင်းတော့လည်း မသိဘူးပဲ ပြောတယ်။ ဒီပိုက်ဆံလေးတောင် မပေးနိုင်ဘဲ သူတို့ကို မဲထည့်ပေးဖို့ချည်းပဲ ပြောတယ်။ ကျနော်တို့ဆို ဘေးတွဲမမောင်းရဘူး။ သူတို့နောက်ပဲ လိုက်ရတယ်။ ပိုက်ဆံမရတော့ နောက်နေ့တွေ မလိုက်တော့ဘူး။ ကိုယ်ပဲ ဒုက္ခရောက်မယ်” လို့ ပြောပါတယ်။

    တခြားမြို့နယ်တွေမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေက မဲဆွယ်စည်းရုံးတွေကို လိုက်ဖို့ ဆိုက်ကားသမား၊ ဘေးတွဲသမားတွေကို ခေါ်ယူနေတာရှိတယ်လို့ သိရပါတယ်။

    အလားတူ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကလည်း ကြံ့ခိုင်ရေးပါတီနဲ့အပြိုင် ပိုက်ဆံပေးပြီး မဲဆွယ်စည်းရုံးရေးလိုက်ဖို့ ခေါ်ယူနေတာတွေရှိတယ်လို့ စုံစမ်းသိရပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်ပြီး ပြည်သူတွေ ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • ကျောက်ဖြူတိုက်ပွဲမှာ မြန်မာစစ်တပ်က ကြည်း၊ရေ၊ လေသုံးပြီး AA ကို အပြင်းအထန် ထိုးစစ်ဆင်နေပေမယ့် အကျဆုံးများပြီး ရှေ့မတိုးနိုင်ဖြစ်နေ (သိုင်းချောင်းကို ထပ်မံ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်း အလောင်းတောင်မကောက်နိုင်ဘဲ ထပ်မံထွက်ပြေးရ) ခိုင်ဝံသ(လေးမြို့မြီ)၊ နိရဉ္စရာ၊ နိုဝင်ဘာ ၁ / ၂၀၂၅ ကျောက်ဖြူမြို့နယ်က အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ နေရာတွေကို ကြည်း၊ ရေ၊ လေပေါင်းပြီး အကြမ်းဖက်စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေပေမယ့်လည်း အကျအဆုံးများပြီး ရှေ့မတိုးနိုင်ဖြစ်နေတဲ့အတွက် ထိုးစစ်ကို ဆက်လက်အကောင်အထည် အဖော်နိုင်ဘဲ ဖြစ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောပါတယ်။ “ စစ်တပ်က ကျောက်ဖြူမှာ အေအေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည်ရရှိနိုင်ဖို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး စကုန်ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းတွေနဲ့ ရေကြောင်းကရော၊ လေကြောင်းကရော ပူးပေါင်းတိုက်တာ။ မြေပြင်ကဆိုရင်လည်း ဒရုန်းတွေ လွှတ်ပြီးတိုက်သလို ဒုံးကျည်တွေနဲ့ပါ ချတာ။ ဒါပေမယ့် အေအေကလည်း အပြောင်မြောက်ဆုံးနဲ့ အကောင်းဆုံး ခုခံတိုက်တာ။ လက်တွေ့ တကယ်မြေပြင်မှာ စစ်တပ်က အကျဆုံး အရမ်းများတော့ စစ်တပ်က ထင်သလောက် တိုးမပေါက်နိုင်ဖြစ်နေတယ်။ လက်ရှိ အချိန်မှာတော့ ထိုးစစ်ကို ဆက်လက်မဖော်ဆောင်နိုင်ဘဲ လေကြောင်းကနေ ဒရုန်း၊ ဂျက်တို့နဲ့ လှမ်းပစ်ခတ်မှုတွေကိုသာ လုပ်နေပါတယ်။” ပုံစာ- အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့အာရက္ခစစ်သည်တော်တွေ။ ကျောက်ဖြူ စစ်ရေးသတင်းအပြည့်အစုံ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်>>> https://burmese.narinjara.com/news/detail/690628498fe3fedca432c8be —- ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://burmese.narinjara.com/pages/donate-us ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

    ကျောက်ဖြူတိုက်ပွဲတွင် မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေသုံးပြီး AA ကို အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း အကျဆုံးများ၍ ရှေ့မတိုးနိုင်ဖြစ်နေ

    (သိုင်းချောင်းကိုထပ်မံ ထိုးစစ်ဆင်လာသောစစ်ကြောင်းအလောင်းတောင် မကောက်နိုင်ဘဲ ထပ်မံထွက်ပြေးရ)

    နိရဉ္စရာ၊ နိုဝင်ဘာ ၁ / ၂၀၂၅

    ကျောက်ဖြူမြို့နယ်မှ အာရက္ခတပ်တော်ထိန်းချုပ်ထားသော နေရာများကို ကြည်း၊ ရေ၊ လေပေါင်းပြီး အကြမ်းဖက်စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း အကျအဆုံးများသဖြင့် ရှေ့သို့ မတိုးနိုင်ဖြစ်နေကာ လက်ရှိ ထိုးစစ်ကို အင်နှင့်အားနှင့် ဆက်လက်အကောင်အထည်အဖော်နိုင်ဘဲ ဖြစ်နေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောသည်။

    “ စစ်တပ်က ကျောက်ဖြူမှာအေအေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည်ရရှိနိုင်ဖို့ ကြည်း၊ ရေ၊ လေပူးပေါင်းပြီးစကုန်ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ နောက်ဆုံးပေါ်စစ်လက်နက် ပစ္စည်းတွေနဲ့ ရေကြောင်းကရော၊ လေကြောင်းကရော ပူးပေါင်းတိုက်တာ။ မြေပြင်ကဆိုရင်လည်း ဒရုန်းတွေ လွှတ်ပြီးတိုက်သလို ဒုံးကျည်တွေနဲ့ပါ ချတာ။ ဒါပေမယ့် အေအေကလည်း အပြောင်မြောက်ဆုံးနဲ့ အကောင်းဆုံး ခုခံတိုက်တာ။ လက်တွေ့ တကယ်မြေပြင်မှာ စစ်တပ်က အကျဆုံးအရမ်းများတော့စစ်တပ်က ထင်သလောက် တိုးမပေါက်နိုင်ဖြစ်နေတယ်။ လက်ရှိ အချိန်မှာတော့ ထိုးစစ်ကိုဆက်လက်မဖော်ဆောင်နိုင်ဘဲ လေကြောင်းကနေ ဒရုန်း၊ ဂျက်တို့နဲ့လှမ်းပစ်ခတ်မှုတွေကိုသာ လုပ်နေပါတယ်။”

    အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသည် စစ်တပ်က အကျအဆုံးများနေ၍ အငြိုးအတေးဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

    အဆိုပါတိုက်ခိုက်မှုအတွင်း အမျိုးသမီးအပါအဝင် ၆ ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိသွားခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။

    အောက်တိုဘာ ၃၁ ရက်နေ့ကလည်း AA ထိန်းချုပ်ထားသည့် ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာကို အင်အား ၁၀၀ ကျော်ဖြင့် နောက်ထပ်တဖန်စစ်ကြောင်းထိုးတက်လာသည့်စစ်ကြောင်းသည် ဇိုင်ချောင်းကျေးရွာအကျော်တွင်အပြတ်အသတ် ချေမှုန်းခံလိုက်ရသည်ဟု ၎င်းက ပြောသည်။

    ၎င်းစစ်ကြောင်းသည် ရဲတပ်ရင်း (၃၂) မှထုတ်နုတ်အင်အား ၁၀၀ ကျော်ဖြင့် ဇိုင်ချောင်းကျေးရွာကိုကျော်ပြီး သိုင်းချောင်းဖက်သို့ထိုးစစ်တက်လာရာကာ လမ်းတစ်လျှောက်တွင် အသင့်စောင်းဆိုင်းနေသည့် အာရက္ခတပ်တော်ကဆီးကြိုတိုက်ခိုက်ရာ စစ်သားအများအပြား ချေမှုန်းခံလိုက်ရသည်ဟု ဆိုသည်။

    “သောကြာနေ့ နေ့လယ်ပိုင်းက ဇိုင်ချောင်းကိုကျော်ပြီး ထိုးစစ်တက်လာတဲ့စစ်ကောင်စီတွေကို ကားလမ်းတစ်လျှောက်အသင့်စောင့်ပြီး AA က ပြောက်ကျားစနစ်နဲ့တိုက်တာ။ အလောင်းတောင်မကောက်ခဲ့နိုင်ဘူး။ စစ်တပ်က နောက်ဆုတ် ထွက်ပြေးရတယ်”ဟု ပြောသည်။

    ၎င်းနှစ်ဖက်တိုက်ပွဲမှာ ၁ နာရီခန့်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီးနောက် စစ်တပ်ကအကျဆုံးများကာ စစ်တော-ဇင်ချောင်း-ကျောက်ဖြူလေးခွဆုံထိ အလောင်းများချန်ထားခဲ့ကာထွက်ပြေးသွားကြသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

    ထိုသို့ အကျဆုံးများခဲ့သည့်အတွက် အကြမ်းဖက်မြန်မာလေတပ်ကတိုက်ပွဲဖြစ်ပွားခဲ့ရသည့် သိုင်းချောင်းအနီးပတ်ဝန်းကျင်ကိုဂျက်လေယာဉ်ဖြင့်လာရောက်ဗုံးကြဲသွားသည်ဟု သိရသည်။

    စစ်တပ်သည် သိုင်းချောင်း၊ ချောင်းဝ တို့ကိုမကြာမကြာထိုးစစ်ဆင်နေသော်လည်း အောင်မြင်မှုမရသည့်အပြင် အကျဆုံးများပြီး နောက်ဆုတ်နေရသည်ဟု တစ်ခြား စစ်ရှောင်နေရသည့် ဒေသခံ တစ်ဦးကလည်း ပြောဆိုသည်။

    “ချောင်းဝနှင့် သိုင်းချောင်းဖက်ကိုစစ်တပ်က လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူ၊ နေဗီ ပစ်ကတွေနဲ့ စစ်ကြောင်း ထိုးတက်တယ်။ ဒါပေမယ့် သူတို့ရည်ရွယ်ထားတဲ့ နေရာကို မရောက်ဘူးအကျဆုံးများနဲ့နောက်ဆုတ်နေရတယ်။ သူတို့(စစ်တပ်)က အဓိကအဲဒီလေးခွဆုံနေရာကို ယူထားပြီး ထိုးစစ်ဆင်နေတာပါ။ အနီးအနားကျေးရွာတွေကိုလည်း ဒရုန်းနဲ့ ဗုံးချတယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ လေယာဉ်က ဗုံးလာကြဲတယ်။ ရွာတွေကလူတွေ အကုန်ထွက်ပြေးနေကြရတယ်”ဟုပြောသည်။

    လက်ရှိတွင်အာရက္ခတပ်တော်၏ စစ်ရေးဗျူဟာမှာ ပြောင်းလဲသွားပြီး စစ်တပ်ကို သတ်ကွင်းထဲသို့ မျှားခေါ်ကာ သူတို့ အကွက်ထဲသို့ ဝင်လာလျှင် အပိုင်တိုက်ခိုက်ရာမှ စစ်သားများ အသေအဆုံး များပြားနေခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။