Author: Admin-501

  • Broken Bird

    Broken Bird

    Broken Bird (2024)

    ဆီဘယ်က တကိုယ်ရည်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လူသေအလောင်းတွေကိုသန့်ရှင်းရေးလုပ်ပြင်ဆင်တဲ့လုပ်ငန်းတွေမှာအလုပ်လုပ်လေ့ရှိပါတယ်။

    မိဘဆွေမျိုးသားချင်းမရှိ၊ အပေါင်းအသင်းလည်းမရှိတဲ့အတွက် အားလပ်ချိန်တွေကျရင် ကဖေးဆိုင်တစ်ခုရဲ့ကဗျာရွတ်အစီအစဉ်မှာပါဝင်လေ့ရှိပြီးစိတ်ဖြေရာကိုရှာဖွေလေ့ရှိပါတယ်။

    တစ်ချို့အချိန်တွေမှာငယ်ဘ၀ရဲ့အိမ်မက်ဆိုးတွေက သူ့ကိုခြောက်လှန့်နေဆဲဖြစ်ပြီး ဒါကြောင့်ပဲ သူဟာ ပတ်ဝန်းကျင်နဲ့ တစ်စတစ်စပိုမိုဝေးကွာလာခဲ့ပါတယ်။

    အမ်မာကတော့ ရဲအရာရှိတစ်ဦးဖြစ်ပြီး လတ်တလောမှာ သူ့သားလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်ရော ပြိုကွဲသွားတဲ့အိမ်ထောင်ရေးအတွက်ပါ စိတ်ဓာတ်တွေယိမ်းယိုင်ပြိုလဲနေပြီး အရက်နဲ့ဒဏ်ရာတွေကိုကုစားနေရသူတစ်ယောက်ပါပဲ။

    ဒီလိုစိတ်ဒဏ်ရာကိုယ်စီနဲ့မိန်းမနှစ်ယောက်၊ တစ်ယောက်တစ်မျိုးစီ ထင်ရာစိုင်းကြရင်းနဲ့သူတို့လျှောက်နေတဲ့လမ်းတွေတစ်နေရာမှာတွေ့ဆုံကြဖို့ ဖြစ်လာပါတော့တယ်။

    Broken Bird ဟာ လူတွေရဲ့ပူဆွေးသောက၊ စိတ်ဒဏ်ရာ၊အထီးကျန်မှုအစရှိတာတွေကနေဖြစ်ပေါ်လာနိုင်တဲ့ ယိုယွင်းမှု၊ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုတွေကို နက်နက်နဲနဲချဉ်းကပ်ပြထားတဲ့ psychological horror ဇာတ်ကားကောင်းတစ်ကားပါပဲ။

  • Bitter Souls

    Bitter Souls

    Bitter Souls (2025)

    မကြာသေးခင်ကမှ ထွက်ထားတဲ့ ပေါ့ပေါ့ပါးပါး Horror ကားလေးတစ်ကားဖြစ်ပါတယ်။

    အဓိကမင်းသမီး Avaryana Rose ကတော့ Kendall Kane အဖြစ်သရုပ်ဆောင်ထားပြီးတော့ Tristan Green ကတော့Bobby Montrose အဖြစ်၊ Michael McKeever ကတော့ ချစ်သူကောင်လေး Lucien Deveux အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။

    Black magic ရဲ့လှည့်စားမှုတွေအကြောင်းကို Halloween vibe နဲ့ရိုက်ထားတဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်ကားလေးတစ်ကားပါ။

  • ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီ နှစ်ခုကို အမေရိကန် စီးပွားရေး ပိတ်ဆို့ အရေးယူ

    ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီ နှစ်ခုကို အမေရိကန် စီးပွားရေး ပိတ်ဆို့ အရေးယူ

    ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးအတွက် ဖိအားပေးမှု တစ်ခုအဖြစ် ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီ နှစ်ခုကို အမေရိကန်က အရေးယူ ပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။

    အိမ်ဖြူတော်မှာ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က Rosneftနဲ့ Lukoil ကုမ္ပဏီတွေကို စီးပွားရေး ပိတ်ဆို့ အရေးယူမယ့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။ ဒါဟာ ရေနံတင်ပို့မှုတွေကနေ ဝင်ငွေဆက်လက် ရှာဖွေနေတဲ့ ရုရှားအတွက် စီးပွားရေးအရ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

    အောက်တိုဘာ ၂၂ ရက်နေ့တုန်းက ရူတေးနဲ့အတူ သတင်းထောက်တွေကို တွေ့ဆုံချိန်မှာ ထရမ့်က သူနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ ဆွေးနွေး စကားပြောတဲ့ အခါတိုင်း တကယ့်ကို ဖော်ဖော်ရွေရွေ ရှိခဲ့ကြကြောင်း၊ ဒါပေမဲ့ ရလဒ်ကတော့ ဘယ်ကိုမှ ထိထိရောက်ရောက် ဦးတည်သွားလေ့ မရှိခဲ့ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ သူဟာ ယူကရိန်း ငြိမ်းချမ်းရေးကိစ္စ တွန်းအားပေးမယ့် အစီအမံတွေအတွက် ရူတေးနဲ့ ဆွေးနွေးခဲ့တာပါ။

    ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ မကြေညာခင် တစ်ရက်အလိုမှာလည်း အမေရိကန် အစိုးရဟာ ပူတင်နဲ့ ထရမ့်တို့ကြား ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့မှာ တွေ့ဆုံ ဆွေးနွေးဖို့ ညှိနှိုင်းနေတာတွေကိုလည်း အချိန် အကန့်အသတ်မရှိ ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထရမ့်က သူ့အနေနဲ့ အချိန်ဖြုန်းရုံသက်သက် ဆွေးနွေးပွဲမျိုးတွေကို မလိုချင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ နီးစပ်သူတွေကတော့ ရုရှားဟာ အပစ်အခတ် ရပ်စဲရေး အဆိုကို လက်မခံတဲ့အပြင် ညှိနှိုင်းဖို့ ခက်လောက်တဲ့ တောင်းဆိုမှုတွေကို တင်ပြခဲ့တဲ့နောက် ထရမ့်က ပူတင်နဲ့ မတွေ့သေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

    ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ထရမ့်က အခုအခါ အချိန်ကျလာပြီလို့ သူယူဆကြောင်း၊ အဲဒီမတိုင်ခင် အကြာကြီး စောင့်ပေးခဲ့ကြောင်း ဆိုပါတယ်။ နောက်ပြီး ရုရှားကသာ စစ်ပွဲကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် အဲဒီ ပိတ်ဆို့ အရေးယူမှုတွေကို အမေရိကန်ကလည်း မဆိုင်းမတွ ဖယ်ရှားပေးမှာလို့ ထရမ့်က အာမခံခဲ့ပါတယ်။

    ရူတေးက ရုရှား ရေနံကုမ္ပဏီတွေကို အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် အထူးတလည် ချီးကျူးခဲ့ပြီး ပူတင်အတွက် ဖိအားတွေ အများကြီး တိုးသွားစေလိမ့်မယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ရုရှားကို ဖိအားတွေ ပိုပေးဖို့ လိုကြောင်း၊ ဒီနေ့မှာ သမ္မတ ထရမ့်ဟာ အဲဒီ လိုအပ်ချက်ကို လက်တွေ့ လုပ်ဆောင်ခဲ့ကြောင်း ရူတေးက မှတ်ချက်ပေးသွားပါတယ်။

    ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေဟာ ရုရှားရဲ့ အရေးအပါဆုံး မဟာဗျူဟာ ပြည်ပ ပို့ကုန်တွေဖြစ်ပြီး တရုတ်၊ အိန္ဒိယနဲ့ တူရကီလို နိုင်ငံတွေက အဓိက ဝယ်ယူနေပါတယ်။ ထရမ့်က အဲဒီ နိုင်ငံတွေကိုလည်း ရုရှားဆီက ရေနံတွေ ဆက်မဝယ်ဖို့ တောင်းဆိုထားပါတယ်။ တစ်ဖက်မှာလည်း ဥရောပ သမဂ္ဂ (EU)ဟာ လာမယ့် နှစ်အနည်းငယ်အတွင်း ရုရှားဆီက ဓာတ်ငွေ့ တင်သွင်း ဝယ်ယူမှုတွေကို အပြီးတိုင် ရပ်ဆိုင်းဖို့ထိ အစီအစဉ်တွေ ရေးဆွဲ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

    ကိုးကား: BBC

    ဓာတ်ပုံ – Reuters, AP

  • ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေ ၁၂၅ သိန်းဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားမှု

    ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေ ၁၂၅ သိန်းဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားမှု

    သာကေတတွင် အသက် ၂၁ နှစ်အရွယ် မောင်ကျော်သက်ပိုင်ကို အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေ ၁၂၅ သိန်းဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားမှု အချိန်မီ ပြန်လည် ကယ်တင်

    ဖမ်းရောင်းသည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို အမှုဖွင့်မည်

    ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် အသက် ၂၁ နှစ်အရွယ် မောင်ကျော်သက်ပိုင်ကို သာကေတ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် ၁၂၅ သိန်းဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားခဲ့မှုကို အချိန်မီ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း မောင်ကျော်သက်ပိုင်၏ မိတ်ဆွေများက ပြောဆိုသည်။

    အောက်တိုဘာလ ၁၉ ရက်နေ့ညပိုင်း မောင်ကျော်သက်ပိုင်ကို သာကေတမြို့နယ် အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် အောက်တိုဘာလ ၂၀ ရက်နေ့ ဧရာဝတီတိုင်း ကျုံပျော်မြို့ရှိ စစ်မှုထမ်းလိုအပ်နေသော ရပ်ကွက်တစ်ခုသို့ ငွေကျပ် ၁၂၅ သိန်းဖြင့်ရောင်းစားခဲ့ကြောင်း သိရှိရသည်။

    “အောက်တိုဘာလ ၁၉ ရက်နေ့ညပိုင်း အပြင်မှာ ပေါ်တာဆွဲ ဖမ်းဆီးပြီးတော့ အောက်တိုဘာလ ၂၀ရက်နေ့မှာချက်ချင်းရောင်းစားခဲ့တာပါ။ လူမဖမ်းခင်ကတည်းက ကြိုတင်ချိတ်ဆက်ထားပြီးသားဆိုတာ ထင်ရှားပါတယ်” ဟု မိတ်ဆွေဖြစ်သူက ပြောဆိုသည်။

    မောင်ကျော်သက်ပိုင်ကို ယင်းကဲ့သို့ စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းချလိုက်ကြောင်း သတင်းရရှိသည်နှင့် မိဘများနှင့် ဆွေမျိုးများက အောက်တို ဘာလ ၂၁ ရက်နေ့ လိုက်လံရွေးထုတ်ရာ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြန်လည် ခေါ်ယူနိုင်ခဲ့ကြောင်း၊ ငွေကျပ် ၁၂၅ သိန်းပေး၍ စစ်မှုထမ်းလူစားထိုးအဖြစ် ခေါ်ယူခဲ့သော ကျုံပျော်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ငွေများ ဆုံးရှုံးသွားကြောင်း သိရှိရသည်။

    “ကျော်သက်ပိုင်လေးကို ရောင်းစားတာသိရတော့ မိဘတွေရော ဆိုင်ရာ ပိုင်ရာတွေနဲ့ လိုက်တဲ့အခါမှာ ကျုံပျော်မြို့မှာ ပြန်တွေ့တယ်။ ပြန်ခေါ်လို့ရတယ်။ ဟိုဘက်ကနေ ၁၂၅ သိန်းနဲ့ ဝယ်ထားတဲ့ အုပ်ကြီးကတော့ သူ့ငွေ ဆုံးတာပေါ့” ဟု ဖြစ်စဉ်ကို သေချာစွာ သိရှိထားသော မိတ်ဆွေက ရှင်းပြသည်။

    ယင်းကဲ့သို့ အသက် ၂၁ နှစ်အရွယ် လူငယ် မောင်ကျော်သက်ပိုင်ကို ဖမ်းဆီးပြီး စစ်မှုထမ်းလူစားထိုးအဖြစ် ငွေကျပ် ၁၂၅ သိန်းဖြင့် ရောင်းစားခဲ့သော သာကေတမြို့နယ် အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို သာကေတမြို့နယ်၊ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့်လှစ်တိုင်ကြားသွားရန် စီစဉ်နေကြောင်း သိရှိရသည်။

    ဓာတ်ပုံ- စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားခံခဲ့ရသော မောင်ကျော်သက်ပိုင်။

  • Sacred Heart Special Forces Saint Force

    Sacred Heart Special Forces Saint Force

    ကမ္ဘာမြေကိုကာကွယ်မဲ့ ပါဝါရိမ်းဂျား ပန်းရောင်လေး ဘယ်လိုတွေ ကျဆုံးသွားမလဲဆိုတာကတော့….