Author: Admin-501
-

ကချင်စစ်မျက်နှာမှ ဗန်းမော် စစ်ဆင်ရေး
ကချင်ပြည်နယ်တွင် အခြေစိုက်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အလောဘွမ်တိုက်ပွဲမှစ၍ စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ခဲ့၏။ ထို့နောက် ပြည်မအင်အားစုများနှင့် စုစည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ စစ်ဒေသ ၁ ကို တာဝန်ယူခဲ့သကဲ့သို့ ကချင်နှင့် ရှမ်းမြောက်တွင်လည်း ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) များကို ဖွဲ့စည်းခဲ့၏။
၂၀၂၁၊ ၂၀၂၂ ခုနှစ်များတွင် KIA ၏ စစ်ရေးလှုပ်ရှားမှုများကို KPDF, PDF, အာရက္ခတပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည့် မဟာမိတ်များနှင့်တွဲ၍ မြင်ရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် KIA ၏ စစ်ရေးလှုပ်ရှားများကို တဆင့်တိုး၍ မြင်လာရ၏။ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ အရှိန်လျော့လာသည့်နောက်ပိုင်းတွင် ကချင်ပြည်နယ်၌ စစ်ဆင်ရေးများ အားစိုက်ပြုလုပ်လာနိုင်သည်ကို တွေ့ရ၏။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် တွေ့ရသည့် ကချင်ပြည်နယ် စစ်ရေးအခြေအနေမှာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် ဝိုင်းမော်၊ ဗန်းမော်၊ မံစီနှင့် ရွှေကူတို့သာ ကျန်ပြီး ကျန်နယ်မြေအားလုံးကို KIA တို့ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်၏။ မြစ်ကြီးနားမြောက်ဘက်တွင် တန်ဖရဲအထက်မှ ဆွမ်ပရာဘွမ်ဒေသအား ထိန်းချုပ်ပြီး ပူတာအိုဒေသကို ဖြတ်တောက်ထား၏။
ဖားကန့်ဒေသပတ်လည်ရှိ ဝှေခါ၊ ဆိုင်းတောင်၊ တာမခန်၊ နန့်ယား စသည့် နယ်မြေအားလုံးကို သိမ်းပိုက်ပြီး ဖားကန့်အား ပိတ်ဆို့ဖြတ်တောက်ထား၏။ တနိုင်းဒေသရှိ စခန်းတချို့ကို သိမ်းပိုက်ပြီး တနိုင်းဒေသအား ခြိမ်းခြောက်ထားနိုင်၏။ PDF များနှင့် ပူပေါင်း၍ မော်လူးကို တိုက်ခိုက်သိမ်းပိုက်ပြီး အင်းတော်၊ ထီးချိုင့်တို့အား ပိတ်ဆို့တိုက်ခိုက်နေသဖြင့် နန့်စီအောင်မှ မြစ်ကြီးနားတလျှောက်၊ ကသာ၊ ရွှေကူ၊ ဗန်းမော် မြို့များကို ပြည်မနှင့် ဖြတ်တောက်ထား၏။
KIA နှင့် သူ၏ မဟာမိတ်တို့သည် စစ်တပ်အာဏာသိမ်း၍ လေးနှစ်မပြည့်မီတွင် အကျယ်အဝန်း ၈၉၀၄၁ ဒသမ ၈ စတုရန်းကီလိုမီတာ (၃၄၃၇၉ ဒသမ ၂ စတုရန်းမိုင်) ရှိသည့် မြန်မာပြည်တွင် တတိယအကျယ်ဆုံး ပြည်နယ်ဖြစ်သည့် ကချင်ပြည်နယ်အား ဗျူဟာကျကျ ပိတ်ဆို့ဖြတ်တောက်ထားနိုင်သကဲ့သို့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ဒေသအများစုကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။
သို့ဖြစ်ရာ KIA အနေဖြင့် ဗန်းမော်ဒေသ၊ ဖားကန့်ဒေသ၊ တနိုင်းဒေသ၊ ပူတာအိုဒေသနှင့် မြစ်ကြီးနား၊ နန့်စီအောင် သံလမ်းရိုးတလျှောက်ကို ထိုးစစ်ဆင်ရန်သာ ကျန်ရှိတော့၏။
တရုတ်ဖိအားနှင့် KIA
KIA စစ်ရေးအောင်ပွဲများရရှိလာပြီး စစ်တပ်အရှုံး ကြီးရှုံးနေသည့်သကာလတွင် တရုတ်တို့သည် အခြား မြောက်ပိုင်းအဖွဲ့များနည်းတူ KIA ကိုလည်း စစ်တပ်အား မတိုက်ခိုက်ရန်၊ အပစ်ရပ်ရန် အကြိမ်ကြိမ် ဖိအားပေး၊ အကြပ်ကိုင်၊ ခြိမ်းခြောက်လာသည်ကို တွေ့ရ၏။ နယ်စပ်ဂိတ်များ ပိတ်ဆို့၍ ဖြတ်ငါးဖြတ် ပြုလုပ်ခဲ့သည်။
ထိုသို့ နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သကဲ့သို့ တရုတ်တို့က တိုက်ခိုက်ခြင်း မပြုရန် ဖိအားပေးနေသည့် ကန်ပိုက်တီ (ကံပိုင်တည်) ကိုလည်း နိုဝင်ဘာလ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ကို တွေ့ရ၏။ ကန်ပိုက်တီကို KIA က ထိုးစစ်ဆင်ရာတွင် စစ်တပ်အင်အား ၃၀၀ ကျော်သည် တနေကုန်ပင် ခုခံခြင်းမပြုဘဲ တရုတ်ပြည်သို့ ဝင်ပြေးသွားကြ၏။ တရုတ်အနေဖြင့် သူတို့ကာကွယ်ပေးနေသည့် မြန်မာစစ်တပ်သည် သူရဲဘောကြောင်ပြီး အရည်အချင်း မရှိသည်ကို မျက်မြင်ကြုံတွေ့ခဲ့ကြရ၏။
ကန်ပိုက်တီကဲ့သို့ပင် မြစ်ကြီးနား၊ ဗန်းမော်တို့အား တိုက်ခိုက်ခြင်းမပြုရန် တရုတ်တို့က ဖိအားပေးခဲ့၏။ သို့သော် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးမူဝါဒနှင့် ပတ်သက်၍ ထိပါးမခံဟု KIA ၏ ရပ်တည်ချက်ကို ဖော်ပြတုံ့ပြန်ခဲ့ပြီး ဗန်းမော် စစ်ဆင်ရေးကို စတင်ခဲ့၏။ ဗန်းမော် စစ်ဆင်ရေးသည် စစ်ရေးသက်သက်သာမက အိမ်နီးချင်း အင်အားကြီးနိုင်ငံ၏ ဖိအားနှင့် တရုတ်နယ်စပ်တလျှောက် တရုတ်အစိုးရက ဖြတ်ငါးဖြတ် ပြုလုပ်၍ ပိတ်ဆို့သည်များကိုပါ ရင်ဆိုင်ပြီး ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးဟု ဆိုရပါမည်။
ဗန်းမော် စစ်ဆင်ရေး
ဗန်းမော်သည် ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဟု ဆိုနိုင်သည်။ ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းတွင် ဘက်စုံက အရေးပါသည့်မြို့ ဖြစ်၏။ ဧရာဝတီမြစ်နှင့် တပိန်မြစ်ဆုံရာ မြစ်ဝှမ်းတွင် ဗန်းမော်မြို့ တည်ရှိ၏။ ဗန်းမော်မြို့တွင် အောက်ပါ တပ်ရင်း၊ တပ်ဖွဲ့များစွာ အခြေစိုက်သည်ကို တွေ့ရ၏။
၁။ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁ ဌနခ)၊
၂။ အမှတ် ၄၇ ခြေလျင်တပ်ရင်း (ခလရ ၄၇)၊
၃။ အမှတ် ၂၃၇ ခြေလျင်တပ်ရင်း (ခလရ ၂၃၆)၊
၄။ အမှတ် ၉၃၃ ထောက်ပံ့ပို့ဆောင်ရေးတပ်၊
၅။ အမှတ် ၁၁ စစ်မြေပြင်ဆေးတပ်ရင်း၊
၆။ အမှတ် ၅ ဆက်သွယ်ရေးတပ် (ဆသရ ၅)
၇။ အမှတ် ၃၆၆ အမြောက်တပ် (အမတ ၃၆၆)
၈။ အမှတ် ၃၁၄ အမြောက်တပ် (အမတ ၃၁၄)
၉။ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း (သခက ၇၀၀၆)
၁၀။ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း၊
၁၁။ အမှတ် ၉၁၄ စစ်အင်ဂျင်နီယာတပ်၊
၁၂။ အမှတ် ၉၄၄ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲနှင့်
၁၃။ စစ်ဘက်ရေးရာလုံခြုံရေးတပ်စု (စရဖ တပ်စု) တို့အပြင် တပ်မ ၈၈ အောက်တပ်ရင်း သုံးရင်းပါဝင်သည့် ဗျူဟာတခုပါ အင်အားဖြည့်ထား၏။ဗန်းမော်နှင့် ၁၀ မိုင်ခန့်သာ ဝေးသည့် မံစီမြို့အား ထိန်းချုပ်ထားသော်လည်း မြို့ပြင်တွင်
၁။ အမှတ် ၃၁၉ ခြေမြန်တပ်ရင်း (ခမရ ၃၁၉)၊
၂။ အမှတ် ၆၀၁ ခြေမြန်တပ်ရင်း (ခမရ ၆၀၁)၊
၃။ အမှတ် ၅၂၃ အမြောက်တပ် (အမတ ၅၂၃) စသည့် တပ်ရင်းဌာနချုပ်သုံးခု ကျန်သေးပြီး ထိုဌာနချုပ်များတွင် မန်ဝိန်းကြီး၊ ကိုက်ထိပ်၊ မဒန်ယန်တို့မှ ဆုတ်ခွာလာသည့် စစ်တပ်အင်အားအချို့ ရှိနိုင်သည်။လက်ရှိ ဗန်းမော်စစ်ဆင်ရေးသည် ဗန်းမော်နှင့် မံစီအခြေစိုက် တပ်ရင်းတပ်ဖွဲ့အားလုံးကို စစ်ဆင်သည်ဖြစ်ရာ တပ်ရင်းတပ်ဖွဲ့ ၁၉ ခုခန့်၊ အင်အား ၂,၅၀၀ မှ ၃,၀၀၀ ခန့်အား တိုက်ခိုက်ရဖွယ်ရှိ၏။ AA စစ်ဆင်နေသည့် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိ အင်အားနှင့် မတိမ်းမယိမ်းဖြစ်၏။
ဗန်းမော်စစ်မျက်နှာတွင် အင်အားများသော်လည်း စစ်ကောင်စီတပ်၏ အားနည်းချက်မှာ ရေကြောင်းရော ကုန်းလမ်းပါ ပိတ်ဆို့ခံထားရပြီး လေကြောင်းဖြင့်သာ ထောက်ပို့နိုင်၏။ လေယာဉ်၊ ရဟတ်ယာဉ်နှင့် ကွင်းဆင်းပြီး ထောက်ပို့နိုင်ခြင်းကို အစောပိုင်းတွင်သာ ရနိုင်ပြီး နောက်ပိုင်းတွင် လေထီးဖြင့်သာ ထောက်ပို့နိုင်လိမ့်မည်။ စစ်တပ်အတွက်အားသာချက်မှာ လေကြောင်းပစ်ကူ အများအပြားပေးခြင်းနှင့် ဒရုန်းသုံးစွဲမှု မြင့်မားလာခြင်း ဖြစ်သည်။
ဗန်းမော်ကို ကာကွယ်ရန် စစ်ကောင်စီတပ်သည် မိုးမောက်မြို့ ခမရ ၄၃၇ ကျပြီးကတည်းက တောက်လျှောက် ပြန်လှန် ထိုးစစ်ဆင်နေခဲ့ရာ ၅ မိုင်၊ ၇ မိုင်တို့တွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့၏။ သို့သော် စစ်ကောင်စီတပ်၏ ထိုးစစ်ကို KIA နှင့် ပူးပေါင်းတပ်များက ကောင်းစွာခုခံနိုင်သောကြောင့် ရှေ့မတိုးနိုင်ခဲ့ပေ။
၂၀၂၃ ခုနှစ် နှစ်ကုန် မန်ဝိန်းကြီးတိုက်ပွဲမှစ၍ ကချင်ပြည်နယ်တွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် အနိုင်ရသည့်တိုက်ပွဲ မရှိပေ။ စခန်းတခုပြီးတခု စွန့်လွှတ်ခဲ့ရာ စခန်းကြီးငယ် ၁၀၀ ကျော် စွန့်လွှတ်ဆုံးရှုံးခဲ့ရပြီ ဖြစ်၏။
မြို့များကိုလည်း တမြို့ပြီးတမြို့ စွန့်လွှတ်နေရရာ မြို့ပေါင်း ၁၄ မြို့ခန့် စွန့်လွှတ်ခဲ့ရပြီဖြစ်၏။ ထို့ပြင် ဝိုင်းပတ်ပိတ်ဆို့ခံထားရပြီး စခန်းတွင်းမှ အသေခံတိုက်ခိုင်းသည်ကို ခံနေရ၏။ ရှုံးပွဲဆက်နေသည့် စစ်ကောင်စီတပ်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ တက်ကြွခြင်းမရှိသည့်အပြင် နောက်ဖြည့်သည့် တပ်သားသစ်များမှာ အဓမ္မစုဆောင်းခြင်းခံရသူများဖြစ်သဖြင့် တိုက်ရည်ခိုက်ရည် မရှိသည့်အပြင် တက်ကြွမှုလည်း မရှိကြပေ။
ဗန်းမော်စစ်ဆင်ရေးတွင် KIA မှ ဗဟို၏ ခြေမြန်တပ်မဟာ၊ ဒေသခံ တပ်မဟာ ၃၊ တပ်မဟာ ၅ နှင့် တပ်မဟာ ၁၁ တို့အပြင် တိုက်ပွဲမရှိတော့သည့် ရှမ်းမြောက်မှ အင်အားအချို့လည်း ပါဝင်သည်ဟု သိရသည်။ KIA နှင့် ပူးပေါင်းအင်အားထဲမှ အင်အားအများဆုံးမှာ AA ဖြစ်သည်။
ထို့ပြင် KPDF, ABSDF နှင့် PDF မှ အင်အားအချို့လည်း ပူးပေါင်းတိုက်ပွဲဝင်နေကြရာ KIA ပူးပေါင်းအင်အားမှာ ဗန်းမော်၊ မံစီဒေသရှိ စစ်ကောင်စီ တပ်အင်အားထက် သာလွန်ဖွယ်ရှိ၏။ ထို့ပြင် နိုင်ပွဲဆက်နေသည်ဖြစ်ရာ တိုက်ရည်ခိုက်ရည်ရော တိုက်စိတ်ခိုက်စိတ်ပါ မြင့်မားနေသည်။
စစ်ပွဲစတင်ခြင်း
ချီဖွေ၊ ဆော့လော်၊ ပန်ဝါဒေသတို့ကို သိမ်းပိုက်ပြီးကတည်းက KIA ၏ နောက်ထပ် စစ်ဆင်ရေးတခု လာတော့မည်ကို အားလုံးက ခန့်မှန်းမျှော်လင့်ထားပြီး ဖြစ်၏။ စစ်ကောင်စီတပ်သည်လည်း မြစ်ကြီးနား၊ ဝိုင်းမော်တွင် ခံစစ်ပြင်ဆင်နေသကဲ့သို့ ဗန်းမော်ဒေသခံစစ်အတွက် ၇ မိုင်တွင် လှုပ်ရှားစစ်ကြောင်းထုတ်ပြီး ပြန်လှန်ထိုးစစ်ဆင်ဟန်ပြု၍ ဗန်းမော်ခံစစ်အတွက် ကာကင်းထုတ်ထားသည်။
KIA ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့တွင် စစ်မျက်နှာများ ခုနစ်ခု ဖြန့်ခွဲ၍ ဗန်းမော်၊ မံစီဒေသသို့ အလုံးအရင်းနှင့် ထိုးစစ်ဆင်လာခဲ့သည်။ ပထမနေ့တွင် ကာကင်းစခန်းငယ် ၁၀ ခုခန့်နှင့် တက္ကသိုလ်ကို သိမ်းပိုက်နိုင်ခဲ့၏။
ဒုတိယနေ့တွင် မြို့မရဲစခန်းနှင့် ရုံးဌာနများအား စီးနင်းနိုင်ခဲ့ပြီး စခန်းငယ် ငါးခုခန့် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရ၏။ တိုက်ပွဲစတင်ဖြစ်ပွားသည်နှင့် စစ်တပ်က မြို့အားပိတ်ဆို့ပြီး အရပ်သားများအား ထွက်ခွင့်မပေးဘဲ ဓားစာခံအဖြစ်ထားသည်ကို ပူးပေါင်းတပ်များက မြို့တွင်းသို့ ဝင်ရောက်လာသည့်အခါ အရပ်သားများအား စစ်ပွဲလွတ်ရာသို့ တိမ်းရှောင်စေခဲ့သည်ကို တွေ့ရ၏။
KIA သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက ပြည်မ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းခဲ့၊ အားပေးကူညီခဲ့၏။ တဖက်တွင် NUG ၏ စစ်ဒေသ ၁ အား စစ်ရေးအရ ကွပ်ကဲမှုပေးနေပြီး တဖက်ကလည်း ကချင်ပြည်နယ်တွင် စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိ၏။
KIA ပူးပေါင်းတပ်ဖွဲ့များ၏ ကချင်ပြည်နယ် စစ်ဆင်ရေးကို ကြည့်ပါက ကချင်ပြည်နယ်ရှိ ပူတာအို၊ တနိုင်း၊ ဖားကန့်၊ ဗန်းမော်ဒေသတို့အား အပိုင်းပိုင်း ဖြတ်တောက်ပိတ်ဆို့နိုင်ရန် အချိန်ယူ၍ စစ်ဆင်ရေးဆင်နွှဲခဲ့ပြီး ဒေသတခုပြီးတခု တိုက်ခိုက်သိမ်းပိုက်နိုင်သည်ကိုတွေ့ရ၏။
တရုတ်၏ ဖိအားနှင့်ပတ်သက်၍ ပျော့ပျောင်းမှုလည်းရှိ၊ မူကျသည့်အရာများတွင် ကြံ့ကြံ့ခံရပ်တည်မှုလည်းရှိသည့် ပေါ်လစီကို ကိုင်စွဲပြီး ကျော်လွှားလျက်ရှိသည်ကို တွေ့ရ၏။
ဗန်းမော်စစ်ဆင်ရေး၏ တတိယ၊ စတုတ္ထနှင့် ပဉ္စမ နေ့ရက်များတွင် စခန်းများ ထပ်မံသိမ်းဆည်းရသည်ဟု သိရှိရသည်။ ဗန်းမော်မြို့တွင်း ရပ်ကွက် ၁၆ ခုလုံးကို ဆက်လက် ရှင်းလင်းနေသည်ဟုလည်း သိရှိရ၏။
သို့သော်လည်း လေကြောင်းရန်ကြောင့် တရားဝင် သတင်းထုတ်ပြန်ခြင်းမပြုသေး၍ အတည်ပြု၍ မရပေ။ မြေပြင်သတင်းအရင်းအမြစ်များအရ စကခ ၂၁ ဌာနချုပ်အား KIA က ယခင်တိုက်ပွဲများတွင် သိမ်းဆည်းရမိထားသည့် ၁၂၂ မမ ဟောင်ဝစ်ဇာနှင့် ပစ်ခတ်ဖြိုခွင်းနေသည်ဟု သိရ၏။
ဗန်းမော်၊ မံစီဒေသ စစ်ဆင်ရေးသည် အင်အားများပြားသော ရန်သူကို တိုက်ခိုက်ရသည်ဖြစ်၍ အချိန်တို ပြီးစီးနိုင်မည်ဟု ခန့်မှန်းရန် ခက်ခဲပါသည်။ သို့သော်လည်း ထင်မှတ်ထားသည်ထက်လည်း ပို၍ မြန်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ KIA ပူးပေါင်းအင်အားများက အောင်ပွဲရသည်အထိ ဗန်းမော်စစ်ဆင်ရေးကို ဆင်နွှဲသွားမည်ဆိုသည်ကတော့ ယုံမှားသံသယရှိရန် မလိုအပ်ပေ။
ထို့ပြင် ဗန်းမော် စစ်ဆင်ရေးသည် ကချင်ပြည်နယ်တွင်းမှ နောက်ဆုံးစစ်ဆင်ရေးလည်း ဖြစ်လိမ့်မည် မဟုတ်သေးပေ။ ဗန်းမော် စစ်ဆင်ရေးသည် ပိုမိုကြီးသည့် အောင်ပွဲများအတွက် နောက်တဆင့် တက်လှမ်းလိုက်ခြင်းဖြစ်၏။
ဗန်းမော်စစ်ဆင်ရေးအောင်ပွဲသည် ကချင်စစ်မျက်နှာတွင်သာမက စစ်ကိုင်းတိုင်း စစ်မျက်နှာအတွက်ပါ အလှည့်အပြောင်းကြီးတရပ် ဖြစ်ပေါ်လာလိမ့်မည်ဖြစ်၏။
✍အေးချမ်းဆု
-

မန္တလေးတွင် အလွန်ရက်စက်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူ ဗိုလ်မှူးချုပ် သူရိန်ထွန်း AA ၏ လက်ဝယ်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရပြီ
မန္တလေးတွင် အလွန်ရက်စက်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူ ဗိုလ်မှူးချုပ် သူရိန်ထွန်း AA ၏ လက်ဝယ်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရပြီ
မန္တလေးမှ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ နန်းတွင်းစစ်ကြောရေးတွင် စစ်အာဏာရှင်ဆန့်ကျင်သော အမျိုး သမီးများကို မုဒိမ်းကျင့် စစ်ကြောခြင်း၊ နိုင်ငံရေးလှုပ်ရှားသူများကို ညှဉ်းပန်းသတ်ဖြတ်ခြင်းများတွင် ဦးဆောင်အမိန့်ပေးခဲ့
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့တို့ကို မီးလောင်တိုက်သွင်းပြီး လူမျိုးရေး ပဋိပက္ခဖြစ်စေရန် အဓိက ကြိုးကိုင်ခဲ့သူ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း ဓာတ်ပုံများနှင့်တကွ တရားဝင် သတင်းထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ARSA မွတ်စလင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့်အတူ စကခ ၁၅ မှ ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြား၊ RSO၊ ARA အဖွဲ့ဝင်များ၊ စစ်ကောင်စီက သင်တန်းပေးထားသည့် မွတ်စလင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို စစ် သုံ့ပန်းများအဖြစ် AA က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်နှင့် မောင်တောမြို့တို့ကို မီးလောင်တိုက်သွင်းရာတွင် အဓိက လုပ်ဆောင်ခဲ့သူဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောဒေသမှ မွတ်စလင်များကို စည်းရုံး၍ လက်နက်တင်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းအပါအဝင် ရခိုင်တိုင်းရင်းသားတို့နှင့် မွတ်စလင်များအကြား လူမျိုးရေးပဋိပက္ခများကို ဖန်တီးကာ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဦးဆောင်အမိန့်ပေးခဲ့သူလည်းဖြစ်သည်။
ဘူးသီးတောင်မြို့ ကို AA က မသိမ်းပိုက်မီ AAကို မုန်းတီးရေးအတွက် မွတ်စလင်များအကြား လူမျိုးရေး အမုန်းတရားလှုံ့ဆော်သည့် သပိတ်များကို ၎င်းက ဦးဆောင် ဖန်တီးခဲ့ပြီး ဘူးသီးတောင်မြို့ပေါ်ရှိနေအိမ်များကို မီးရှို့ဖျက်ဆီးရန် အဓိကစေခိုင်းခဲ့သူလည်းဖြစ်သည်။
မန္တလေးတွင်လည်း စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့
ဗိုလ်မှူးချုပ် သူရိန်ထွန်း အလုပ်သင်ဗိုလ် (OTC-22) ကျောင်းဆင်းဖြစ်သည်။ အထက်မှ အမိန့်ပေးလာလျှင် တသွေမတိမ်း အလွန်ရက်စက်စွာ ပြုမူတတ်သူအဖြစ် တပ်အတွင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့၏ စစ်ဗျူ ဟာမှူးအဖြစ် တာဝန်ယူခဲ့ပြီး စစ်အာဏာသိမ်းချိန်၂၀၂၁ ခုနှစ်တွင် မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဖြစ်လာခဲ့သည်။ ၂၀၂၂ အောက် တိုဘာလတွင် ဘူးသီးတောင် စကခ ၁၅ ကွပ်ကဲရေးမှူး ဖြစ်လာခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ်အဖြစ် ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ် သူရိန်ထွန်းက တာဝန်ယူစဉ်က မန္တလေးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများစွာ ဖြစ်ပွားနေချိန်လည်းဖြစ်သည်။ ထိုအချိန် ငြိမ်းချမ်းသော မန္တလေး လူထု ဆန္ဒပြပွဲများကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းရန် စစ်ကောင်စီက အမိန့်ပေးညွှန်ကြားခဲ့ရာ ယင်းအမိန့်ကို မြေပြင်တွင် အဓိက အကောင် အထည်ဖော်ရသူမှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းဖြစ်သည်။
မန္တလေးမြို့တော်တွင် ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခြင်းနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများကို လက်တွေ့ အနီးကပ် အမိန့်ပေး အကောင်အထည်ဖော်ရာတွင် ဗိုလ်မှူးချုပ်သူရိန်ထွန်း က ဆောင်ရွက်ခဲ့သည်။
“သူက ဗိုလ်မှူးကြီးရာထူးနဲ့ အလယ်ပိုင်း တိုင်းဦးစီးချုပ်ဖြစ်လာတယ်။ အဲဒီနောက် မန္တလေး ပစ်ခတ်နှိမ်နင်းမှုတွေ၊ မြေပြင်သပိတ် ဖြိုခွဲ စီးနင်းမှုတွေကို အမိန့်ပေး ကွပ်ကဲမှုအဖွဲ့ထဲမှာ သူက ဦးဆောင်ပါဝင်ခဲ့တယ်။ လူကြီးတွေ သဘောကျတဲ့ သူပါ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် မန္တလေး၊ နန်းတွင်းစစ်ကြောရေးတွင် နိုင်ငံရေးလှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွသူ အမျိုးသမီးတချို့ မုဒိမ်းပြုကျင့်ခံရပြီး စစ်ကြောခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ နှိပ်စက် ညှဉ်းပန်းခံရခြင်းများ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများ ရက်ရက် စက်စက် သတ်ဖြတ်ခံရခြင်းများတွင် ၎င်းကအဓိက ကြိုးကိုင်ခဲ့သူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
တချိန်က ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သော ဗိုလ်မှူးချုပ် သူရိန်ထွန်းမှာ ယခုအခါ AA ၏ ဖမ်းဆီးမှုခံထားရပြီဖြစ်ရာ ၎င်းကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအတွက် ပြန်လည် ပေးဆပ်ရန် တရားဥပဒေနှင့်အညီ ခုံရုံးတင်စစ် ဆေးသင့်ကြောင်း သုံးသပ်မှုများရှိနေသည်။
-

ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် နေ့ရောညပါ မြို့ မီးလောင်နေ
ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် နေ့ရောညပါ မြို့ မီးလောင်နေ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် နေ့ရောညပါ မြို့ မီးလောင်နေကြောင်း ဒေသပြည်သူများနှင့် KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဒီဇင်ဘာလ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်၅ နာရီမှစတင်၍ ဗန်းမော်မြို့၊ မံစီမြို့တို့ကို သိမ်း ပိုက်နိုင်ရေးအတွက် KIA မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းအထိ ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က မြို့ပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် မြို့မီးလောင်နေကြောင်း သိရှိရသည်။
“ဗန်းမော်မြို့မ ရဲစခန်း၊ စုပေါင်း ရုံးကြီး၊ ၄ မိုင်စခန်း၊ မင်းလှ စခန်း၊ ခလရ ၄၇ တပ်ရင်းနဲ့ စကခ ၂၁ မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်။ စစ်တပ်က မြို့ကို လက်နက်ကြီးတွေနဲ့ လေယာဉ်တွေနဲ့ ဗုံးကျဲ ပစ်ခတ်နေတော့ မြို့က နေရာညပါ မီးလောင်နေတယ်။ တိုက်ပွဲကတော့ နေ့ရော ညပါ ပြင်းထန်နေတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ မံစီမြို့နယ်တွင်လည်း တိုက်ပွဲ ပြင်းထန်နေပြီး ဗန်းမော်နှင့် မံစီမြို့နယ်များသို့ မြေပြင် စစ်ကူစစ်ကြောင်းများ မလာရောက်နိုင်ရန် တော်လှန်ရေးတပ်များက ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဗန်းမော်မြို့ဘက်တွင် မီးလောင်နေသည်ကို ယနေ့ညပိုင်း ဧရာ၀တီမြစ်တစ်ဖက်ကမ်းမှ မြင်တွေ့ရစဉ်။
-

ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ
မောင်တော၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ
စစ်ကောင်စီဘက်မှ သေဆုံးသူအလောင်း ၄၅၀ အထက်ရှိပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများ၊ စစ်သားများ၊ လက်အောက်ခံ မွတ်စလင် လက်နက်ကိုင်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။
ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နခခ ၅ ကို အသည်းအသန် ခုခံခဲ့သော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးရမိကြောင်း၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် မောင်တောမြို့ကို မကျစေရေးအတွက် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်များကို စည်းရုံးပြီး လက်နက်တင်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းအပါအဝင် လူမျိုးရေးပဋိပက္ခများအား ဖန်တီးကာ အာရက္ခတပ်တော် AA က တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားနှင့် RSO၊ ARSA၊ ARA အဖွဲ့ဝင်များ၊ စစ်ကောင်စီက သင်တန်းပေးထားသည့် မွတ်စလင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို စစ် သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်စခန်းတစ်ခု ဖြစ်သော အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် အာရက္ခတပ်တော်က အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ မောင်တော ဒေသတစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး နခခ ၅ ထဲမှ ထွက်ပြေး လွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရှိသောကြောင့် ၎င်းတို့အားလိုက်လံရှာဖွေလျက် ရှိကြောင်း သိရှိရသည်။
နခခ (၅) စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင် တည်ရှိပြီး စစ်အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသော M14 မိုင်း ပေါင်း ၁၀၀၀ ကျော်ကို ရှင်းလင်းရရှိခဲ့ကြောင်း၊ အာရက္ခမိုင်းရှင်းလင်းရေးစစ်သည်တော်အချို့လည်း အသက်နှင့်ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ရကြောင်း သိရှိရသည်။
နခခ (၅) စခန်းကို လွန်ခဲ့သော ၂ လခန့်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားကာ ထိုးစစ်ရက်ပေါင်း (၅၅) ရက် ခန့်ကြာမြင့်ကြောင်း၊ အဆိုပါ ထိုးစစ်အတွင်း အလောင်းများစာရင်းအရ စစ်သား ၄၅၀ အထက် သေဆုံးနိုင်ခဲ့ပြီး ဘူးသီးတောင်မြို့၊ ထို့အပြင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အတွဲလိုက်ပစ်ဒုံးများသုံးနေမတ္တရာမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေးမှတလျောက်ကို ယခုနှစ် စက်တင်ဘာမှ စတင်၍ စစ်ကောင်စီက ထိုးစစ်ဆင်လျက်ရှိရာ၊ မြေပြင်စစ်ကြောင်း၊ လေကြောင်းအပြင်၊ ဧရာဝတီမြစ်ကြောင်းမှ လည်း ထိုးစစ်ဆင်လာနေသည်။ထိုသို့ထိုးစစ်ဆင်ရာတွင် ယခင်က ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ စိန်ပြောင်းများ၊ ဟောင်ဝစ်ဇာ အမြောက်များ ကိုသာ အသုံးပြုခဲ့သော်လည်း လတ်တလောတိုက်ပွဲများတွင် အတွဲလိုက်ပစ်ဒုံး (4Tubes) ကို အသုံးပြုလာသည်ဟု ကိုအော်စမွန်က ပြောသည်။“အနောက်ခြမ်းက ထိုးစစ်ဆင်နေတဲ့ စကစ တပ်တွေကတော့ ကုန်းကြောင်းရော၊ လေကြောင်းရော၊ မြစ်ကြောင်းကပါ ပစ်ခတ်နေတာအပြင် အခုနောက်ပိုင်းမှာ 4 Tubes တွေပါ သုံးလာတာရှိတယ်”ဟု သူက ဆိုသည်။မတ္တရာမြို့ပေါ် အခြေစိုက်တပ်များက စစ်မြေပြင်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်တည်၊ တပ်လှုပ်၊ တပ်ပြောင်းရွှေ့ခြင်းများ ရှိသည့်အချိန်များ၊ တိုက်ပွဲဖြစ်ပွားနေချိန်တွင် အတွဲလိုက်ပစ်ဒုံး (MLRS) များဖြင့် ပစ်ခတ်လေ့ရှိသည်ဟု သိရသည်။၂၀၂၁ ဒီဇင်ဘာလက ချင်းဒေသတော်လှန်ရေးအင်အားစုထံတွင် သွားရောက်ပူးပေါင်းခဲ့သော ဗိုလ်ကြီး ကောင်းသူဝင်းက စစ်တပ်က ဒရုန်းအသုံးပြုခြင်းသည် လေတပ်ပစ်ကူထက် ပိုမို လျင်မြန် ထိရောက်မှု ရှိသည်ဟု အောက်တိုဘာ တတိယပတ်က Myanmar Now ကို မှတ်ချက်ပေးထားသည်။“လေတပ်က လေယာဉ်တစ်စီး ထွက်လာဖို့ထက် စောင့်ရတဲ့အချိန်လောက်လည်း မကြာဘူး၊ အမိန့် ဖြတ်သန်းစီးဆင်းပုံလည်း အဲဒီလောက် မကြာတဲ့အနေအထားမျိုးတွေဖြစ်တယ်” ဟု စစ်တက္ကသိုလ် အပတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။နိုင်ငံတောင်ဘက်ဆုံးဒေသ တနင်္သာရီတိုင်းတွင် စက်တင်ဘာအတွင်း ဒရုန်းတိုက်ခိုက်မှု ၁၉ ကြိမ် ရှိခဲ့ သည်ဟု FE5 Tanintharyi အဖွဲ့ ၏ အစီရင်ခံစာတစ်ခုက ဆိုသည်။ထိုဒေသအခြေစိုက် FE5 Tanintharyi အဖွဲ့၏ အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့သည့် အဆိုပါအစီရင်ခံ စာတွင် စစ်ကောင်စီဒရုန်းကြောင့် အရပ်သားများ သာမက တော်လှန်ရေးအဖွဲ့ဝင်များလည်း ထိခိုက်မှုရှိခဲ့ သည်ဟု ဖော်ပြထားသည်။ဒေသတွင်းသတင်းဖော်ပြမှုများအရ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နယ်မြေများ ဖြစ်သော စစ်တောင်းမြစ်တစ်လျှောက်၊ အုပ်ချုပ်ရေးနယ်မြေအရ သတ်မှတ်ထားသော တပ်မဟာများတွင် ဒရုန်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ခပ်စိတ်စိတ်ဖြစ်နေသည်ကို တွေ့ရသည်။စစ်ကိုင်းတိုင်း ကလေး၊ ဘုတလင်၊ ကန့်ဘလူမြို့နယ် နှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တို့တွင် စစ်တပ် ဒရုန်းများက လူနေကျေးရွာများကို တိုက်ခိုက်ခဲ့ကြသည်။အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်တောင်ပိုင်း မိုးမောက်မြို့နှင့် မြို့အနီးရှိ အမှတ် (၃၄၇) ခြေမြန်တပ်ရင်းစခန်းတို့ကို ပြန်သိမ်းရန် စစ်ကောင်စီက ဒရုန်းအများအပြားသုံးကာ ထိုးစစ်ဆင်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နိုဝင်ဘာ ဒုတိယပတ်က ပြောထားသည်။ယခင်လဆန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီကို သွားရောက်ခဲ့ပြီးနောက် ဒရုန်းတိုက်ခိုက်မှုများ အရှိန်မြှင့်လာသည်ကို တွေ့ရသည်။အတွဲလိုက်ပစ်ဒုံးများသုံးနေမတ္တရာမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေးမှတလျောက်ကို ယခုနှစ် စက်တင်ဘာမှ စတင်၍ စစ်ကောင်စီက ထိုးစစ်ဆင်လျက်ရှိရာ၊ မြေပြင်စစ်ကြောင်း၊ လေကြောင်းအပြင်၊ ဧရာဝတီမြစ်ကြောင်းမှ လည်း ထိုးစစ်ဆင်လာနေသည်။ထိုသို့ထိုးစစ်ဆင်ရာတွင် ယခင်က ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ စိန်ပြောင်းများ၊ ဟောင်ဝစ်ဇာ အမြောက်များ ကိုသာ အသုံးပြုခဲ့သော်လည်း လတ်တလောတိုက်ပွဲများတွင် အတွဲလိုက်ပစ်ဒုံး (4Tubes) ကို အသုံးပြုလာသည်ဟု ကိုအော်စမွန်က ပြောသည်။“အနောက်ခြမ်းက ထိုးစစ်ဆင်နေတဲ့ စကစ တပ်တွေကတော့ ကုန်းကြောင်းရော၊ လေကြောင်းရော၊ မြစ်ကြောင်းကပါ ပစ်ခတ်နေတာအပြင် အခုနောက်ပိုင်းမှာ 4 Tubes တွေပါ သုံးလာတာရှိတယ်”ဟု သူက ဆိုသည်။မတ္တရာမြို့ပေါ် အခြေစိုက်တပ်များက စစ်မြေပြင်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်တည်၊ တပ်လှုပ်၊ တပ်ပြောင်းရွှေ့ခြင်းများ ရှိသည့်အချိန်များ၊ တိုက်ပွဲဖြစ်ပွားနေချိန်တွင် အတွဲလိုက်ပစ်ဒုံး (MLRS) များဖြင့် ပစ်ခတ်လေ့ရှိသည်ဟု သိရသည်။ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးနှင့် ဒေသတွင်း ပူးပေါင်း တော်လှန်ရေးတပ်များက “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း မတ္တရာမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်စခန်း ၃၂ ခု၊ လက်ရှိအချိန်တွင် မတ္တရာမြို့ကို အရှေ့၊ မြောက်နှင့် အနောက်ဘက်တို့မှ ဝိုင်းဝန်း ပိတ်ဆို့ထားနိုင် သည်ကိုတွေ့ရသည်။မတ္တရာနယ်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် နိုဝင်ဘာလလယ်ခန့်မှ စပြီး တန်ပြန်ထိုးစစ်ဆင်လာရာ မြို့နယ်အနောက်ခြမ်းကို ထိန်းချုပ်ခဲ့သည်။ မြို့နယ်အရှေ့ခြမ်းကိုလည်း ထိုးစစ်ဆင်နိုင်ရန် ကြိုးပမ်းနေရာ ဒီဇင်ဘာ ၃ ရက်တွင် အရှေ့ခြမ်းကျေးရွာတစ်ခုဖြစ်သည့် မြို့ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။မြို့ကုန်းကျေးရွာအနီး စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို MDY-PDF က တားဆီး ခုခံခဲ့ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီတပ် ပြန်ဆုတ်သွား၍ တိုက်ပွဲ ပြီးဆုံးခဲ့သည်။“စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာပါ။ ကျွန်တော်တို့ဘက်က ထိုးတာမဟုတ်ဘူး။ တိုက်ပွဲက စစ်ကောင်စီတပ်ဆုတ်သွားတာနဲ့ ပြီးသွားပါတယ်”ဟု ကိုအော်စမွန်က ပြောသည်။တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ ရုပ်အလောင်း ၇ လောင်းနှင့် လက်နက်ခဲယမ်းများလည်း ရရှိခဲ့သည်ဟု ဆိုသည်။