Author: Admin

  • သက်သက်ခိုင်  လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ

    သက်သက်ခိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ

    by

    in

    မအောင်မြင်သော 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်ကာ ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် သက်သက်ခိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ ရန်ကုန်မြို့တွင် မအောင်မြင်သော 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်နေသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်းကို သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းတို့က ကမ္ဘောဇဘဏ်ထံမှ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ကြောင်း၊ သို့ရာတွင် 68 Residence အိမ်ရာစီမံကိန်းမှာ အချိန်မီ ပြီးစီးခြင်းမရှိခြင်း၊ အခန်းအပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘောဇဘဏ်မှ ချေးယူထားသော ငွေကျပ် ဘီလီယံ ၁၀၀ ကျော်မှာလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိကြောင်း…

  • ကျောက်မဲတွင် လေကြောင်းဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်

    ကျောက်မဲတွင် လေကြောင်းဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်

    by

    in

    ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကော်ပေါင်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူကာ ကိုရင်ငါးပါးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့( အောက်တိုဘာ ၂၄ ရက် )ညနေ ၄ နာရီခန့်တွင် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းပေါ် ကျရောက်ပြီး သက်တော် ၇၀ ဝါတော် ၅၀ ရှိသည့် ကျောင်းထိုင်ဆရာတော် အရှင်ကျန္တာပျံလွန်တော်မူခဲ့ရကြောင်း TNLA က ထုတ်ပြန်ထားသည်။ ထို့အပြင် ကိုရင်များဖြစ်သည့် သက်တော် ၁၈ နှစ်အရွယ် အရှင်အိုက်ကျန်၊ သက်တော် ၁၇ နှစ်အရွယ် အရှင်ကုမ္မရ၊ သက်တော် ၁၄ နှစ်အရွယ် အရှင်ဩရသ၊ သက်တော် ၁၃ နှစ်အရွယ် အရှင်ဝိရိယ၊…

  • ချစ်ဦးညို – ဒုဋ္ဌဂါမဏိ

    ချစ်ဦးညို – ဒုဋ္ဌဂါမဏိ

    ချစ်ဦးညို – ဒုဋ္ဌဂါမဏိ

  • အမျိုးသမီး၂၀ ကျော်ကိုအဓမ္မပြုကျင့်ခဲ့တဲ့ ဗိုလ်မှူးအပါအဝင် စစ်သား၂၀ ကျော် PDF ​တွေတိုက်လို့​သေဆုံး၊ စစ်သုံ့ပန်း ၅ ဦးဖမ်းမိ

    အမျိုးသမီး၂၀ ကျော်ကိုအဓမ္မပြုကျင့်ခဲ့တဲ့ ဗိုလ်မှူးအပါအဝင် စစ်သား၂၀ ကျော် PDF ​တွေတိုက်လို့​သေဆုံး၊ စစ်သုံ့ပန်း ၅ ဦးဖမ်းမိ

    by

    in

    အမျိုးသမီး၂၀ကျော်ကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ခိုင်းခဲ့တဲ့ ဗိုလ်မှူးကျော်မင်း အပါအဝင် စစ်သား၂၀ ကျော်ဟာ မလှိုင်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့ပြီး ၅ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄) နဲ့ (၁၀) တပ်ရင်းမှူးက​ပြောပါတယ်။ တောင်သာမြို့နယ်၊ရုံးစည်ကြီးရွာက အသက် ၁၆ နှစ်အရွယ်ကနေ အသက် ၆၀ အရွယ်အထိ အမျိုးသမီး၇ဦးကို စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၆ ရက် နေ့အထိ စစ်ကောင်စီက ဖမ်းဆီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သံဘိုရွာမှာလည်း အမျိုးသမီးငယ်တချို့ အ‌‌ဓမ္မပြုကျင့်ခံခဲ့ရသေးတယ်လို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းရဲ့ ထွက်ဆိုချက်အရသိရတယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။ အဲဒီနောက် စစ်ကြောင်းဟာ မလှိုင်မြို့နယ်ဘက်ကို ထွက်ခဲ့ပြီး နောက် အိမ်ကြီး တောရွာကိုလည်း စစ်ကြောင်းထိုးကာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကာ သတ်ဖြတ်ခဲ့တယ်လို့…

  • Final Recovery

    Final Recovery (2025) ရော့ဒ်နေးဆိုတဲ့ ဆေးသမားတစ်ယောက် Sage ဆိုတဲ့ မူးယစ်ဆေးဖြတ်စခန်းကိုရောက်ရှိလာချိန်မှာအခြေအနေတွေက ပုံမှန်ဟုတ်မနေတာ ရိပ်စားမိခဲ့ပါတယ်။ ဂေဟာဦးစီးသူ အဘွားကြီးကို နာနီလူး လို့အားလုံးကခေါ်ကြပြီး ချိုသာသဘောကောင်းလွန်းတာ၊ အရမ်းကြင်နာနူးညံ့တဲ့ပုံမျိုးဖမ်းထားတာတွေရှိပေမယ့် ရော့ဒ်နေးကတော့ သူ့ကို နည်းနည်းမှမယုံပါဘူး။ အဲ့ဒီလိုပဲ စခန်းထဲမှာကြာကြာနေမိလေ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးတွေ မသင်္ကာစရာတွေကို တစ်စထက်တစ်စပိုတွေ့လာရင်းကနေ မရေရာတဲ့ အန္တရာယ်တွေဆီကနေ သူကိုယ်တိုင်ရုန်းထွက်ဖို့ကြိုးစားရတော့မှာပဲဖြစ်ပါတယ်။