အမေရိကန်နှင့် အီရန်အကြား အပစ်အခတ်ရပ်စဲရေးမှာ ထိလွယ်ရှလွယ်ဖြစ်နေချိန်တွင် အမေရိကန်က အီရန်ပဋိပက္ခတွင် အဆင့်မြင့်ဆုံးလက်နက်စနစ်တခုဖြစ်သည့် “Dark Eagle” ဟု လူသိများသော အသံ ထက်မြန်သောဒုံးကျည်စနစ်ကို ဖြန့်ကြက်ရန် စီစဉ်နေသဖြင့်၊ ယင်းမှာ တင်းမာမှုကို အဆင့်သစ်တခုသို့ ရောက်ရှိသွားနိုင်သည့် အခြေအနေဖြစ်ကြောင်း သတင်းများက ဆိုသည်။ တရားဝင်အားဖြင့် “တာဝေးပစ် အသံထက်မြန်သောလက်နက်” ဟု ခေါ်ဆိုသည့် ယင်းလက်နက်စနစ်မှာ အပြည့်အဝအသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး သော်လည်း ခွင့်ပြုချက်ရရှိပါက ယင်းသည် အမေရိကန်က တိုက်ရိုက်ပဋိပက္ခတခုအတွင်း အသံထက် မြန်သောလက်နက်ကို ပထမဆုံးအကြိမ် ဖြန့်ကြက်အသုံးပြုခြင်း ဖြစ်လာမည်ဖြစ်သည်။ Dark Eagle ဆိုသည်မှာ မည်သည့်အရာနည်း “Dark Eagle” သည် အခိုင်အမာကာကွယ်ထားသည့် ပစ်မှတ်များနှင့် အချိန်နှင့်တပြေးညီ တိုက်ခိုက်ရန် လိုအပ်သော […]