တောင်ကိုရီးယားတွင် လူသားစက်ရုပ်ကို ဗုဒ္ဓဘာသာ ဥပသကာအဖြစ် သွတ်သွင်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်ရှိ ဂျိုဂယေး (Jogye) ဘုရားကျောင်းတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထူးခြားသော သာသနာ့ဘောင်သွတ်သွင်းခြင်း အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ကိုရီးယားဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။ ကိုရီးယားဗုဒ္ဓဘာသာ၏ ဂျိုဂယေးဂိုဏ်းကြီးက ကြီးမှူးကျင်းပသည့် အဆိုပါအခမ်းအနားတွင် အရပ် ၁၃၀ စင်တီမီတာရှိသော G1 ဟု အမည်ပေးထားသည့် လူသားစက်ရုပ်ကို “ဂါဘီ” (Gabi) ဟူသော အမည်ရ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။ ဤအခမ်းအနား၏ အထူးခြားဆုံးအချက်မှာ ဂျိုဂယေးဂိုဏ်းက စက်ရုပ်များအတွက် သီးသန့်ရည်ရွယ်၍ ပြုပြင်ပြင်ဆင်ထားသော “စက်ရုပ်ငါးပါးသီလ” ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စက်ရုပ်သီလ သက်ရှိသတ္တဝါတို့အား ညှဉ်းဆဲသတ်ဖြတ်ခြင်းမပြုရန်၊ အခြားသော စက်ရုပ်များနှင့် ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းမပြုရန်၊ လူသားများအား […]