အမေရိကန်တွင် ဗုဒ္ဓနေ့နှင့် ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်နေပြီး မြန်မာသံဃာတော်များက အညိုရောင်သင်္ကန်းများဖြင့် တညီတညွတ်တည်း တက်ရောက် အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ရှိ ဟွန်ဒေါင်ကျောင်းတိုက် (Huong Dao Vipassana Bhavana Center) တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်နှင့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲတော်ကို မေလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်လျက်ရှိသည်။ အဆိုပါ ပူဇော်ပွဲတော်အတွင်း မြန်မာသံဃာတော်များက အဘိဓမ္မာပိဋကတ်တော်များကို ရွတ်ဖတ်ပူဇော်ကြရာတွင် သံဃာ့ညီညွတ်မှုကို ရှေ့ရှု၍ အညိုရောင်သင်္ကန်းများကို တညီတညွတ်တည်း ဝတ်ရုံကာ မြန်မာသံဃာအပါး ၅၀ ကျော်က စုပေါင်းရွတ်ဆို ပူဇော်ခဲ့ကြသည်။ ယင်းသို့ ဝတ်ရုံခြင်းမှာ မည်သည့်ဖိအားမှ မပါဝင်ဘဲ သံဃာတော်များ၏ ဆန္ဒအလျောက် တစ်သွေးတစ်သားတည်း ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း […]