ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်တပ်က ဗုံးကြဲလို့ PDF Zoland ရဲဘော် ၇ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ မေလ ၆ ရက်၊ ညနေ ၄ နာရီခန့်မှာ တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာမှာရှိတဲ့ AG ဘုရားကျောင်း အနီးကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီဘုရားကျောင်းအနားမှာရှိနေတဲ့ PDF Zoland မှ အမျိုးသမီးရဲဘော် ၅ ဦးနဲ့ အမျိုးသားရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ရှေ့တန်းအတွက် ထမင်းဟင်းချက်ပို့ဖို့ ပြင်ဆင်နေကြတာပါ။ အလစ်အငိုက်လည်း ဖြစ်သွားတယ်။ ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲတာ။ တလုံးကွဲတယ်။ နောက် နှစ်လုံးက မကွဲဘူး။ နေရာသိသွားလို့ ဒရုန်းနဲ့ ဗုံးလာကြဲတယ်လို့ ယူဆရပါတယ်” […]