အကြမ်းဖက် မင်းအောင်လှိုင်က မတရားလုယူထားတဲ့ နိုင်ငံတော်သမ္မတရာထူး နဲ့ ရုရှားနိုင်ငံ၏ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လိုသော်လည်း ရုရှားက မဖိတ် မင်းအောင်လှိုင်က သူ့ကို ဖိတ်ကြားမှု ရှိ၊ မရှိ ရုရှားအစိုးရထံသို့ တရားဝင် မေးမြန်းစုံစမ်းခဲ့ အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကိုယ်သူ ခန့်အပ်ပြီး မတရားလုယူထားတဲ့ နိုင်ငံတော်သမ္မတ ရာထူးနဲ့ ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနား တက်ရောက်လိုပေမယ့်လည်း ဒီနှစ်မှာတော့ ရုရှားက မြန်မာစစ်ခေါင်း ဆောင်ကို ဖိတ်ကြားမှု မရှိဘူးလို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားနိုင်ငံရဲ့ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားပြုလုပ်မှာဖြစ်ပြီး […]