Author: Admin-501

  • Dead of Winter

    Dead of Winter

    Dead of Winter (2025) ဒီဇာတ်လမ်းက သည်းထိတ်ရင်ဖို အကြမ်းဖက်မှုနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်အိမ်က Lake Hilda ဆိုတဲ့ ဝေးလံခေါင်ဖျာတဲ့ ရေကန်အနီးမှာပါ ဇာတ်လိုက်က အမျိုးသမီးအိုတစ်ယောက်ဖြစ်ပြီး သူ့ယောကျ်ားရဲ့ အရိုးပြာကို ရေကန်မှာ ဖြန့်ကြဲဖို့ ရည်ရွယ်ထားပေမယ့် မထင်မှတ်ထားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဇာတ်လမ်းထဲမှာ ပြန်ပေးဆွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး တရားခံတွေက သေနတ်နဲ့ လက်နက်ကိုင်ထားတဲ့ စုံတွဲတစ်တွဲပါ။ ဒီစုံတွဲထဲက မိန်းမက နာမကျန်းဖြစ်နေပြီး သူ့အသက်ကယ်ဖို့ ရက်စက်တဲ့ အစီအစဉ်တစ်ခုကို လုပ်ဆောင်နေတာမို့ ဇာတ်လိုက်ဖြစ်တဲ့ အမျိုးသမီးက ဒီပြဿနာထဲ ပတ်သက်မိပြီး ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်ဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းတစ်လျှောက် ရဲတွေလည်း စုံစမ်းစစ်ဆေးဖို့ ကြိုးစားနေပြီး တစ်ဖက်မှာလည်း ဇာတ်လိုက်ရဲ့ ယောကျ်ားဖြစ်သူ Karl…

  • ပုံပြင်လေးကတော့ ဒါပါဘဲကွယ် (အပိုင်း ၁)

    ပုံပြင်လေးကတော့ ဒါပါဘဲကွယ် (အပိုင်း ၁)

    ပုံပြင်လေးကတော့ ဒါပါဘဲကွယ် (အပိုင်း ၁) ❤️အခန်း ( ၁ )❤️ နွေလေရူးက ဟို…သည် တိုက်ခတ်နေသည်ထင်၏။ ညမွှေးပန်းရနံ့က တစ်ချက်တစ်ချက် အခန်းထဲသို့တိုင် ရောက်ရှိလာခဲ့သည်။ အိပ်မပျော်နိုင်လောက်အောင် အတွေးများနှင့် ယောက်ရက်ခတ်နေသော ဘုန်းသုတ တစ်ယောက်အတွက် မွှေးအီလှသောပန်းရနံ့ကို ခံစားမနေဖြစ်ပေ။ သူ့အတွက် ခံစားစရာ ခံစားချက်တစ်ခုက ရင်ဝယ်အသင့်ရှိနေပြီးသား ဖြစ်နေသည်။ ပန်းရနံ့လိုပင် ထုံအီမွှေးပျံ့သော ပန်းဘုရင်မလေးအကြောင်းက သုတအတွေးများကို စိုးမိုးထားလျှက်ရှိနေသည်။ အချစ်သည် လူကိုသည်မျှထိအောင် ဖမ်းစားနိုင်သည်တဲ့လား။ မေကြည်နူး…. နာမည်လေးတစ်ကြောင်းဘဲရေးပြီး ဘာဆက်ရေးရမယ်မှန်းမသိ ဖြစ်နေပြန်သည်။ ခေတ်ဟောင်းအထာနှင့် စာပေးရန် ကြိုးစားမှုကလည်း အထမြောက်လိမ့်မည်မထင်။ ဖွင့်ပြောရဲဖို့သတ္တိကလည်း ကိုယ့်မှာကမရှိ။ ငယ်သူငယ်ချင်းလေးအပေါ် စိတ်ကစားမိခြင်းက ကိုယ့်လိပ်ပြာ ကိုယ်မလုံချင်စရာကောင်းပါသလား။ အချစ်ဆိုတာကို နဖူးတွေ့ဒူးတွေ့ ဆုံတွေ့ရချိန်တွင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေမိသည်။ အိပ်မပျော်နိုင်သော…

  • ပုံပြင်လေးကတော့ ဒါပါဘဲကွယ် (အပိုင်း ၂ ဇာတ်သိမ်း)

    ပုံပြင်လေးကတော့ ဒါပါဘဲကွယ် (အပိုင်း ၂ ဇာတ်သိမ်း)

    ပုံပြင်လေးကတော့ ဒါပါဘဲကွယ် ❤️အခန်း ( ၅ )❤️ သုတ ကျောင်းကိုရောက်တော့ မြတ်နိုးကို လိုက်ရှာနေမိသည်။ အဆောင်မှာ နှစ်ရက်လောက် အောင်းနေလိုက်မိသောကြောင့် စာတွေလည်း နောက်ကျနေပြီဖြစ်သည်။ ကျောင်းမတက်ဖြစ်ပဲ သူစဉ်းစားနေမိသည်မှာ သူ့လက်ထဲတွင်ရှိနေသော ကလစ်လေး၏ ပိုင်ရှင်ကိုပင်ဖြစ်သည်။ ဘာတွေဖြစ်ခဲ့သည်ဆိုတာကို သူ သေချာမမှတ်မိသောကြောင့် သိချင်နေမိသည်။ သူ ဘယ်လိုဘဲ စဉ်းစားစဉ်းစား မြတ်နိုးဇော်ကိုသာ မြင်ယောင်နေမိသည်။ ရန်ကုန်လိုနေရာမျိုးတွင် သူ့ကို ဂရုတစိုက်နှင့်ရှိမည့် မိန်းကလေးဆို၍ မြတ်နိုးဇော်တစ်ယောက်သာ ရှိနိုင်သည်။ မြတ်နိုးဇော်နှင့် တွေ့လိုက်ရလျှင် ရှင်းသွားလိမ့်မည်ထင်သည်။ တစ်ကျောင်းလုံး လှည့်ပတ်ရှာသော်လည်း မြတ်နိုးဇော်ကို မတွေ့ရ။ စိတ်ညစ်ညစ်နှင့် အတန်းထဲဝင်လိုက်မိသည်။ ဆရာ ဘာတွေသင်နေသည်ဆိုတာကို သူ စိတ်မဝင်စားမိပေ။ စိတ်က ပျံလွင့်လျှက်ရှိနေသည်။ သူငယ်ချင်းတစ်ယောက်ဆီမှ စာအုပ်ငှားပြီး လွတ်သွားသော စာများကို ပြန်ကူးရသည်။…

  • နတ်ရေကန် ဗျူဟာကုန်းကို AA က ဝိုင်းထားပြီး ဖြည်းဖြည်းချင်း ထိုးစစ်ဆင်တိုက်ခိုက်နေ

    နတ်ရေကန် ဗျူဟာကုန်းကို AA က ဝိုင်းထားပြီး ဖြည်းဖြည်းချင်း ထိုးစစ်ဆင်တိုက်ခိုက်နေ

    နေရာအနည်းငယ်သာ ကျန်ရှိတော့သည့် နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဝိုင်းရံပိတ်ဆို့ထားပြီး ဖြေးဖြေးချင်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း နတ်ရေကန်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ နတ်ရေကန်ဗျူဟာကုန်းသည် ရခိုင်နှင့် မကွေးအစပ် အမ်း-ပဒါန်းလမ်းတွင်ရှိသော စစ်ကောင်စီ၏ ဗျူဟာကုန်းတပ်စခန်းတစ်ခုဖြစ်သည်။ အောက်တိုဘာလ ၁၅ ရက် အာရက္ခတပ်တော် AA ၏ စစ်ရေးသတင်းထုတ်ပြန်ချက်တွင် နတ်ရေကန်ဗျူဟာကုန်း စခန်းအား အပြီးသတ်သိမ်းပိုက် ရရှိနိုင်ရေး အနည်းငယ်သော လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ပြောဆိုထားသည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နတ်ရေကန်ဗျူဟာကုန်း စစ်ရေးအခြေအနေကို ခိုင်မာသော စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယခုလို ပြောသည်။ “အခုထိတော့ ဝိုင်းဝန်းထားတုန်းပါပဲ။ ထောက်ကူလမ်းတွေလည်း ဖြတ်တောက်ထားတယ်။ လက်တလော ဖြည်းဖြည်းချင်း ထိုးစစ်ဆင်နေတာမျိုးပါ။ အာရက္ခတပ်တော် ဆီမှာရော PDF တွေဆီမှာရော လက်နက်ချ…

  • အကြင်တို့လယ် ကောက်စိုက်တုန်းက

    အကြင်တို့လယ် ကောက်စိုက်တုန်းက

    အကြင်တို့လယ် ကောက်စိုက်တုန်းက “မိုးကလည်းနော်.. ရွာမှာဖြင့် ရွာတာ မဟုတ်ဘူး.. အလုပ်ပျက်ရုံ စွက်ကယ် စွက်ကယ်နဲ့ တကတည်း..” “ဘာတွေ မြည်တွန်နေတုန်း အဘွားကြီးရဲ့..” “အဝတ်တွေ မခြောက်လို့ တော်ရေ.. ဒီ မိုးနှယ်ကြောင့်.. ဟွမ်း..” “ဟ.. မိုးကို အဲ့သလို မပြောရဘူးလေ.. မင့်နှယ်.. လယ်ထဲကိုင်းထဲ ကြီးခဲ့တာ မဟုတ်တဲ့ တိုင်းပဲ..” “ဒါတော့ ဒါပေါ့တော်.. ခုလို ရာသီများတော့ ရွာက အိမ်နဲ့ ခြံဝိုင်းပဲ သတိရမိပါတယ်.. မြို့ကြီးပြကြီးမယ် တိုက်ခန်းကျဉ်းလေးနဲ့ နေပြီး မိုးလည်း မိုးမို့.. နွေလည်း နွေမို့.. အဝတ်ကလေး လှန်းဖို့တောင်မှ ဒုက္ခကများ.. အနေကြပ် အသေကြပ်.. ဟင်းးး” “ငှယ်.. ဒီမိန်းမ ဓာတ်ပြားဟောင်းကြီး အပ်ကြောင်း ထပ်နေ.. တန်တော့…