ဝဲကြီးကျေးရွာ စကစခန့် အုပ်ချုပ်ရေးမှူးမှ လင်ရှိမယား ကလေး(၃)ယောက်အမေအား ခိုးယူထွက်ပြေးသွားမှုကြောင့် အုပ်မှူး၏ကိုယ်ကျင့်တရားပျက်ယွင်းမှုနှင့် အဂတိလိုက်စားမှုများအပေါ် ကျေးရွာနေပြည်သူများမကျေနပ် ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအုန်းမြင့်သည် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးအား ရွှေထည်ပစ္စည်းများနှင့်အတူ ခေါ်ဆောင်ထွက်ပြေးသွားသည့်အပြင်၊ ကျေးရွာအတွင်း ကောက်ခံထားသည့် စစ်မှုထမ်းငွေ၊ ကျေးရွာမီးလင်းရေး ရန်ပုံငွေများပါယူဆောင်သွားကြောင်း သိရသည်။ ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူးအုန်းမြင့်သည် သားကွင်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာရှိ ကလေး ၃ ဦးမိခင် အိမ်ထောင်ရှင်အမျိုးသမီး မအေးမြဝင်း အား ခေါ်ဆောင်၍ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်သည်။ ၎င်းအမျိုးသမီးနှင့်အတူ ကာလတန်ဖိုး သိန်း၂၀၀ ခန့်ရှိသော ရွှေထည်ပစ္စည်းများလည်း ပါရှိသွားကြောင်း သိရသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နစ်နာသူခင်ပွန်းဖြစ်သူက သားကွင်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်လှိုင်ထံ သွားရောက်တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ထိရောက်စွာ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် မိသားစုဝင်များက စိတ်ပျက်လျက်ရှိကြောင်း သိရသည်။ အုပ်မှူးအုန်းမြင့်သည် ဇနီးဖြစ်သူ […]