Author: Baby Yit Lone
-

ငွေစက္ကူများကို ရိုရိုသေသေကိုင်တွယ်ရန် စစ်ကောင်စီဗဟိုဘဏ် သတိပေး
မြန်မာနိုင်ငံတဝန်းမှာ ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူတွေကို ဟောင်းနွမ်းပျက်စီးအောင် မလုပ်ဖို့၊ ရေရှည်အသုံးပြုနိုင်ဖို့ ရိုရိုသေသေ ကိုင်တွယ်အသုံးပြုကြဖို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဇန်နဝါရီ ၉ ရက်မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ငွေစက္ကူပေါ်မှာ နိုင်ငံတော် ဂုဏ်သိက္ခာထိခိုက်စေမဲ့ ဆောင်ရွက်ချက်တွေလုပ်ရင် တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ငွေစက္ကူပေါ်မှာ ရေးတဲ့စာက အစိုးရကိုဖြစ်စေ၊ အများပြည်သူ တည်ငြိမ်ရေးကို ဖြစ်စေ ထိခိုက်စေတဲ့ ပြစ်မှုကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ရွံ့၊ ထိတ်လန့်တာ တခုခု ဖြစ်စေဖို့ ကြံရွယ်ချက်ရှိရင်၊ ဒါမှမဟုတ် ပြစ်မှုကျူးလွန်လှုံ့ဆော်ခြင်းဖြစ်စေဖို့ ကြံရွယ်ချက်ရှိရင် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ (ဂ) နဲ့ (ဃ)အရ ၂ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ…
-

ICJ တွင် စစ်တပ်တင်ပြချက် မြန်မာပြည်သူများ၏ဆန္ဒကို ကိုယ်စားမပြုဟု NUG ထုတ်ပြန်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာမဲ့ ဂမ်ဘီယာ-မြန်မာ တရားစွဲဆိုမှုတွေနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အားလုံးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ပဲသက်ဆိုင်ပြီး စစ်တပ်ရဲ့ တင်ပြချက်တွေဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုတာမဟုတ်ဘူးလို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်မှာ NUG က ထုတ်ပြန်ပြောဆိုပါတယ်။ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအမှုဆိုင်ရာ လုပ်ငန်းစဉ်ရဲ့ နောက်တဆင့်အဖြစ် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ICJ က ကြားနာတာတွေစမယ်လို့သိရပြီး ဒါဟာ ရိုဟင်ဂျာပြည်သူတွေအတွက်သာမက မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ပါ အလွန်အရေးကြီးတယ် လို့ ဆိုပါတယ်။ NUG အနေနဲ့ မြန်မာနိုင်ငံပြည်သူတွေကို ကိုယ်စားပြုပြီး ICJ ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြိုဆိုခဲ့သလို အရင်က တင်ပြထားခဲ့တဲ့ ပဏာမ ကန့်ကွက်ချက်တွေအားလုံးကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြီးတော့…
-

Battalion of Budalin
စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချူပ်(နမခ)ကိုလာတဲ့ စစ်ကောင်စီရဲ့ Mi 17p ရဟတ်ယာဥ်တစီးကို ပစ်ခတ်မှုရုပ်သံကို မုံရွာခရိုင်အမှတ် (၂၀) တပ်ရင်း – BOB (Battalion of Budalin)က ဒီနေ့ထုတ်ပြန်ပါတယ်။ ကန့်ဘလူ ၆၀၀၆ မှ မုံရွာ နမခကိုလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်ကို ဇန်နဝါရီလ (၈) ရက် နေ့လယ် ၁း၅၄ နာရီမှာ ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။
-

မဲရုံစောင့်တွေလဲ ငွေပေးပြီး လူငှားနေရပြီ
အင်းစိန်နှင့် လှိုင်သာယာတွင် မဲရုံမစောင့်ချင်သည့် Non-CDM ဆရာမများ ပိုက်ဆံပေးနေရ ရန်ကုန်တိုင်း၊ အင်းစိန်နှင့် လှိုင်သာယာမြို့နယ်တို့တွင် အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မည့် တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၂) နှင့် (၃) အတွက် မဲရုံမစောင့်ချင်သည့် Non-CDM ဆရာမများ ပိုက်ဆံပေး၍ ရှောင်နေကြကြောင်း နီးစပ်သူများထံက သိရသည်။ စစ်ကော်မရှင်က ၎င်းတို့၏ တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၂) တွင် မြို့နယ် ၁၀၀ မြို့နယ်ထဲ အင်းစိန်ကိုလည်းကောင်း၊ အပိုင်း (၃) ၌ လှိုင်သာယာ(အနောက်)နှင့် (အရှေ့ပိုင်း)တို့ကိုလည်းကောင်း ထည့်သွင်းထားကြောင်း သိရသည်။ “မဲရုံမစောင့်ချင်တဲ့ non ဆရာမတွေက ပညာရေးအမှူးရုံးက လူတွေကိုပိုက်ဆံပေးပြီး ရှောင်နေကြတယ်။ ပညာရေးမှုးရုံးကို ပိုက်ဆံမပေးသူတွေဟာ အင်းစိန်ရော လှိုင်သာယာမှာပါ စောင့်ရမယ်”…
-

ကျောက်ဖြူနဲ့ အနီးဆုံးစခန်းတွေတောင် မထိန်းနိုင်တော့ဘူး
ကျောက်ဖြူတွင် စစ်ရေးအရအရေးပါသည့် သစ်ပုတ်တောင်လမ်းကွဲရှိ စခန်းများကို AA တိုက်ခိုက်၊ မြို့နှင့် ၁၀ မိုင်အကွာအထိနီးကပ်လာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီး စစ်ရေးအရ အရေးပါသည့် သစ်ပုတ်တောင်လမ်းကွဲရှိ စစ်ကော်မရှင် စခန်းများကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းယူလျက်ရှိကြောင်း သိရသည်။ ကျောက်ဖြူ-ရမ်းဗြဲ လမ်းမပေါ်ရှိ သစ်ပုတ်တောင်လမ်းကွဲအနီးမှ စစ်ကော်မရှင်၏ ခြေကုတ် စခန်းများကို ယမန်နေ့ ဇန်နဝါရီ ၈ ရက်မှစတင်ကာ AA က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။ “တိုက်ပွဲတွေ စဖြစ်တုန်းက မြို့အနီးက ရွာတွေမှာဖြစ်တာ၊ နောက်တော့ နည်းနည်းဝေးသွားတယ်။ အခု မြို့နားကို ပြန်ကပ်လာပုံရတယ်။ မြို့ပေါ်ကနေ လက်နက်ကြီးသံတွေ အကျယ်ကြီး ကြားနေရတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ စစ်ကော်မရှင်တပ်များသည် ပြီးခဲ့သည့်…