Sons of the Neon Night

Sons of the Neon Night

Sons of the Neon Night (2026)

ဟောင်ကောင်ရုပ်ရှင်လောကမှာ ဆယ်စုနှစ်တစ်ခုစာနီးပါးစောင့်မျှော်ရတဲ့ Crime Epicရုပ်ရှင် ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ်လောက်ကစတင်ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ ကိုဗစ်ကြောင့်ရယ် ဒါရိုက်တာက ဇာတ်ကားရဲ့အရည်အသွေးကိုစိတ်တိုင်းကျပြင်ဆင်နေတာကြောင့်ရယ်ကြောင့် post-production ပိုင်းမှာ နှစ်တော်တော်ကြာကြာသွားတဲ့အတွက် ဟောင်ကောင်ရုပ်ရှင်လောကမှာ အကြာဆုံးစောင့်ဆိုင်းရတဲ့ဇာတ်ကားလို့ တင်စားကြပါတယ်။

ဒီကားမှာ ဂျပန်-တရုတ်မင်းသားချော Takeshi Kaneshiro ( Jin Cheng Wu) ဟောင်ကောင်မင်းသား Louis Koo, Tony Leung Ka-fai တို့လို ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေကဦးဆောင်ပါဝင်ထားပါတယ်။

ဒါရိုက်တာ Juno Makကဒီဇာတ်ကားကို အနုပညာဆန်ဆန် Lighting ပိုင်းမှာသုံးသွားတာ ဟောင်ကောင်ကားတွေမှမမြင်ဖူးသလောက်အဆင့်အတန်းပါပဲ

ဇာတ်လမ်းအကျဉ်းကတော့

ဟောင်ကောင်သူဌေးကြီးတစ်ယောက်ကို သေဆုံးသွားစေတဲ့ ပေါက်ကွဲမှုတစ်ခုကနေအရာအားလုံးစတင်ပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် မူးယစ်ဆေးဝါးကုန်ကူးတဲ့သူတွေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်သူတွေကြားမှာ အပြင်းအထန်အားပြိုင်မှုတွေဖြစ်လာပါတယ်။

မူးယစ်ဆေးဝါးဂိုဏ်းရဲ့ အမွေဆက်ခံသူက မူးယစ်ဆေးဝါးကင်းစင်တဲ့ကမ္ဘာတစ်ခုကိုတည်ဆောက်မယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ လူမှုပတ်ဝန်းကျင်ကြီးတစ်ခုလုံးကိုပဋိပက္ခတွေဖြစ်အောင်လုပ်ဖို့ ဝန်မလေးပါဘူး။

ဒါပေမယ့် သူဖန်တီးမယ့် အဲ့ဒီမူးယစ်ကင်းစင်တဲ့ကမ္ဘာဆိုတာ လူတွေထင်ထားတာထက် ပိုပြီးရှုပ်ထွေးပြီး ကစဉ့်ကလျားဖြစ်နေတဲ့အခါ အရာအားလုံးကိုအပျက်စီးခံပြီး ယို့ယွင်းနေတဲ့လောကကြီးကိုတည့်မတ်အောင်လုပ်တာ လမ်းမှန်ရောဟုတ်ရဲ့လား?


Leave a Reply

Your email address will not be published. Required fields are marked *