Author: Baby Yit Lone

  • ဖျက်သိမ်းခံရတဲ့ ပါတီ ၄ ခု အယူခံဝင်ခွင့်မရှိ

    ဖျက်သိမ်းခံရတဲ့ ပါတီ ၄ ခု အယူခံဝင်ခွင့်မရှိ

    သတ်မှတ်ပါတီဝင်ဦးရေနဲ့ ရုံးခန်းအရေအတွက် မပြည့်မီလို့ ဖျက်သိမ်းလိုက်တဲ့ပါတီ ၄ ခုက အယူခံဝင်လို့ရမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်‌တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ဖျက်သိမ်းလိုက်တဲ့ပါတီတွေအပေါ် ဖြေလျှော့ဆောင်ရွက်ပေးလိုက်ရင် သတ်မှတ်ချက်ပြည့်မီအောင် ဆောင်ရွက်တဲ့ တခြားပါတီတွေအပေါ် တရားမျှတမှာ မဟုတ်ဘူးလို့ နေပြည်တော်မှာလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင် ‌အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုလိုက်တာပါ။ ဒါကြောင့် သတ်မှတ်ထားတဲ့ စည်းမျဥ်းအတိုင်းပဲ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပါတီတည်ထောင်ခွင့်ပြုထားပြီး နှစ်နှစ်အတွင်းမှာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ပေမယ့် အချိန်နီးမှ ဆောင်ရွက်တာတွေရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။ ကော်မရှင်က ဒီနှစ် မေကနေ စက်တင်ဘာလအထိ ပါတီတွေနဲ့ ၁၅ ကြိမ်ခန့်တွေ့ဆုံပြီး အသိပေးဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ပါတီတွေက ပေးပို့လာတဲ့ ပါတီဝင်ဦးရေအချက်အလက်တွေကို လဝကနဲ့ ကော်မရှင်က စစ်ဆေးပြီး မှားယွင်းနေတဲ့…

  • စစ်အုပ်စုကို စစ်ကြောင်းအလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကျဆုံး

    စစ်အုပ်စုကို စစ်ကြောင်းအလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကျဆုံး

    စစ်အုပ်စုကို စစ်ကြောင်းအလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံး မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စု လက်နက်ကိုင်တွေကို စစ်ကြောင်းလိုက် ပြုတ်သည်အထိ သုတ်သင်နိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က Union Liberation Front – ULF စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကိုနိုင်မင်း ဟာ စက်တင်ဘာ ၁၁ရက် မနေ့က မွန်းလွဲပိုင်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဗုံးစထိမှန်ကာ ကျဆုံးတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲ စစ်ကြောင်းထိုးကာ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုကို ULF အပါအဝင် ဒေသခံတော်လှန်ရေးတပ်တွေက တိုက်ခိုက်နေချိန် စစ်အုပ်စုက လေကြောင်းဗုံးကြဲပစ်ကူရာက ULF စစ်ကြောင်းမှူး စက်တင်ဘာ ၁၁…

  • တက္ကစီအငှားယာဉ် ငှားရမ်း စီးမိရာမှ  လူငယ် ၁ ဦး စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရ

    တက္ကစီအငှားယာဉ် ငှားရမ်း စီးမိရာမှ လူငယ် ၁ ဦး စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရ

    ရန်ကုန်တွင် တက္ကစီအငှားယာဉ် ငှားရမ်း စီးမိရာမှ လူငယ် ၁ ဦး စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရ ရန်ကုန်မြို့တွင် အဝေးပြေးကားဝင်းမှ ရန်ကုန်မြို့တွင်းသို့ အငှားယာဉ် ငှားရမ်းစီးမိရာမှ လူငယ် ၁ ဦး စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများက ပြောဆိုသည်။ စက်တင်ဘာ ၂ ရက်နေ့ ဘိုကလေးမြို့နယ်မှ အသက် ၅၀ အရွယ် ဒေါ်မကြီးအုန်းနှင့် တူဖြစ်သူ အသက် ၂၀ အရွယ် မောင်ဆန်းတင်တို့သည် ဘိုကလေးမှ ရန်ကုန်မြို့ ၊ လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးသို့ စုပေါင်းအငှားယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ယင်းနောက် ဆွေမျိုးများရှိရာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၂၂ ရပ်ကွက်သို့ သွားရောက်ရန် ကားငှားရမ်းခဲ့ကြောင်း၊ တက္ကစီ ယာဉ်မောင်းက နောက်ထပ်…

  • ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို  DJ တီးတဲ့ကိစ္စ မန္တလေးက COVER ကလပ်ကို စစ်အုပ်စု စီးနင်းချိပ်ပိတ်

    ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးတဲ့ကိစ္စ မန္တလေးက COVER ကလပ်ကို စစ်အုပ်စု စီးနင်းချိပ်ပိတ်

    ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးတဲ့ကိစ္စ မန္တလေးက COVER ကလပ်ကို စစ်အုပ်စု စီးနင်းချိပ်ပိတ် ဆိုင်ဝန်ထမ်း ရှစ်ဦးကိုလည်း ဖမ်းဆီးထား မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ COVER ကလပ်မှာ DJ Violet ဆိုသူ အမျိုးသမီးတစ်ဦးက ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းကို DJ တီးခတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေက ကလပ်ကို စီးနင်းကာ ဝန်ထမ်း ရှစ်ဦးကို ဖမ်းဆီးပြီး ဆိုင်ကို ချိပ်ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။ မန္တလေးမြို့၊ ၅၃လမ်းနဲ့ ၃၆လမ်းထောင့်ရှိ COVER ကလပ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ရက် ညပိုင်းက ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းကို DJ Violet က DJ နဲ့ Remix ပြုလုပ်တီးခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး စစ်လော်ဘီတွေက…

  • ကျောက်တော်၌ စာသင်ကျောင်း ဗုံးကြဲခံရပြီး ကျောင်းသား ၁၈ ဦး ပွဲချင်းပြီး သေဆုံး

    ကျောက်တော်၌ စာသင်ကျောင်း ဗုံးကြဲခံရပြီး ကျောင်းသား ၁၈ ဦး ပွဲချင်းပြီး သေဆုံး

    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း ကိုယ်ပိုင် အထက်တန်းကျောင်းကို စစ်တပ်က စက်တင်ဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသူ၊ ကျောင်းသား ၁၈ ယောက် ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် ၂၀ ကျော် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၁ နာရီ ဝန်းကျင်လောက်မှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းရှေ့တည့်တည့်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေထဲမှာ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အနီးပတ်ဝန်းကျင်က ကလေးငယ်တချို့ပါဝင်ပါတယ်။ ဒဏ်ရာရတဲ့ထဲမှာ ဒဏ်ရာ ပြင်းထန်ဆိုးဝါးသူတွေများပြီး…