Author: Baby Yit Lone
-
မွေးရာပါ ဦးခေါင်းထဲ အရည်တွေ စုပြုံနေတဲ့ hydrocephalus ရောဂါကို အခမဲ့ ခွဲစိတ်ကုသနိုင်ပြီး မှတ်တိုင်တစ်ခုစိုက်ထူ
လွတ်မြောက်နယ်မြေရောက် CDM ဆေးပညာရှင်တွေက မွေးရာပါ ဦးခေါင်းထဲ အရည်တွေ စုပြုံနေတဲ့ hydrocephalus ရောဂါကို အခမဲ့ ခွဲစိတ်ကုသနိုင်ပြီး မှတ်တိုင်တစ်ခုစိုက်ထူ မန္တလေးဆေးတက္ကသိုလ် CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် ဦးဆောင်တဲ့ ဆေးပညာရှင်အဖွဲ့ဟာ Congenital Hydrocephalus လို့ ခေါ်တဲ့ မွေးရာပါ ဦးနှောက်အတွင်း အရည်တွေစုပြုံပြီး ဦးခေါင်းကြီးတဲ့ ဝေဒနာ ခံစားနေရတဲ့ ကလေးငယ် တစ်ဦးကို အခမဲ့ ခွဲစိတ် ကုသပေးနိုင်ခဲ့ပါတယ်။ “ တော်လှန်ရေးထဲမှာ နိုင်ရာဝင်ကူကြရင်း ဒါလေးတွေနဲ့ပဲ Moti (စိတ်ခွန်အား) ယူ။ All FOC (အားလုံးအခမဲ့) ပါ။ Congenital Hydrocephalus ပါ Ventriculoperitoneal Shunt ထဲ့ထားတာပါ” လို့ ဒေါက်တာခင်မောင်လွင်က သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာရေးသားပါတယ်။ ဒီရောဂါဟာ သန္ဓေသား…
-

ဗန်းမော်မှပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စု တိုက်ခိုက်
ဗန်းမော်မှပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး စစ်သင်္ဘော ၁ စင်းပျက်စီး ဗန်းမော်ကို လူအင်အား၊ စစ်လက်နက်၊ ရိက္ခာပို့ပြီး ပြန်စုန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် ယနေ့ စက်တင်ဘာ ၅ ရက်နေ့ နံနက်၈နာရီခန့်က လေကြောင်းပစ်ကူ များနှင့်အတူ ဗန်းမော်မှ ပြန်ထွက်ခွာလာသည့် စစ်သင်္ဘော အုပ်စုကို စင်ခန်းအနီးတွင် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စင်း ပျက်စီးသွားကြောင်း သိရသည်။ ”သင်္ဘော ၁၁ စင်းမှာ ခြောက်စင်း ပြန်ဆင်းလာတယ်ပြောပါတယ်။ ကြားဖြတ်တိုက်တာ စစ်သင်္ဘော တစ်စင်း ပျက်စီးပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပျက်စီးသွားသည့် စစ်သင်္ဘောကို အခြားသင်္ဘောဖြင့် ဆွဲ၍ ဆက်လက်ထွက်ခွာသွားရာ ယနေ့ နေ့လယ်…
-

ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်
ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားဟုဆို မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံး တပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးအဖွဲ့မှ Cyrus က ပြောဆိုသည်။ စက်တင်ဘာလ ၄ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ချောက်မြို့ရှိ တပ်မ ၈၈ လက်အောက်ခံ ခလရ…
-

ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများကို ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ဟုဆို ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူများကို ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ညောင်နီပင်အုပ်စု ကျောက်ကြီးတောင်နှင့် ညောနီပင်ရွာ အကြားတွင် အကြမ်းဖက် စစ်သား ၉၂ ဦးပါဝင်သော…
-

ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်
ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၆ ဦးသေဆုံး ပဲခူးတိုင်း၊ ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် ၆ ဦးသေဆုံးကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး (ဗဟို)က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၂ ရက်နေ့ ၊ ကျောက်ကြီး-မုန်းကားလမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က မြက်ရဲရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လေယာဉ်များ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူရခဲ့သော်လည်း ထိခိုက်သေဆုံးမှု အများအပြားဖြင့် တပ်ပြန် ဆုတ်ခဲ့ရကြောင်း သိရှိရသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ…