Author: Baby Yit Lone

  • စစ်တပ်ရုပ်သံမှတ်တမ်းထဲမှ မင်းကွန်းဒေသ ခေါင်းဖြတ်မှု (ရုပ်သံ)

    စစ်တပ်ရုပ်သံမှတ်တမ်းထဲမှ မင်းကွန်းဒေသ ခေါင်းဖြတ်မှု (ရုပ်သံ)

    ဗြိတိန်အစိုးရ အရေးယူထားသော တပ်မ (၃၃) ၏ စစ်ကြောင်းတစ်ခု လူသတ် အလောင်းဖျောက်မှု ရုပ်သံမှတ်တမ်းကို ထွက်ပြေးလာသော စစ်သားသစ်များထံတွင် တွေ့လိုက်ရသည်၊ ကျူးလွန်သူများအကြောင်းကိုလည်း ၎င်းတို့က ပြောပြကြသည်။ (စိတ်မချမ်းမြေ့ဖွယ်အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။) ဧရာဝတီမြစ်ကမ်းနဖူးရှိ ခြံဝင်းတစ်ခုအတွင်း ခြေတံရှည်အဆောက်အဦနှစ်ခုရှေ့ သေနတ်လွယ်၊ ဓားကိုင် ထားကြသူများအလယ်တွင် မျက်လုံးကို အဝတ်စဖြင့်စည်းကာ လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့် အမျိုးသားတစ်ဦး ထိုင်နေသည်။ သေနတ်လွယ်ထားသူက မေးခွန်းအနည်းငယ် အော်ဟစ်မေးမြန်းနေချိန်တွင် ဘေးနားက လူစုလူဝေးက စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြပြီး လူအုပ်ထဲရှိတစ်ယောက်ကလည်း “သေနတ်သံမကြားချင်ဘူး”ဟု အမိန့်ပေးလိုက်သည်။ “ခင်ဗျား PDF အဖွဲ့ထဲက ဟုတ်တယ်မလား” ဟု သူက အကြိမ်ကြိမ် မေးမြန်းပြီးနောက် အနီးတွင် အသင့်စောင့် နေသူများကို အချက်ပြလိုက်တော့သည်။ အသင့်စောင့်နေသူတစ်ဦးက ကိုင်ထားသည့် သူ့ဓားဖြင့် ကြိုးတုပ်ခံထားရသူ၏ ရင်ဘတ်ကို…

  • စိတ်ကြီးဝင်နေသည့် စစ်ကောင်စီတပ်AAနှင့်တိုက်ပွဲ အလူးအလဲခံနေရ

    ထိုးစစ်အချို့အသာစီးရ၍ စိတ်ကြီးဝင်နေသည့် စစ်ကောင်စီတပ်AAနှင့်တိုက်ပွဲ အလူးအလဲခံနေရဟု ထုတ်ပြန် ငဖဲတိုက်ပွဲ စစ်ကောင်စီတပ် အလောင်း၊ လက်နက်များ ချန်ထား၊ ပဲခူး-ရက္ခိုင်အစပ် တိုက်ပွဲပြင်းထန် ဆုံးရှုံးထားရသည့်နယ်မြေအချို့၊တပ်စခန်းအချို့ပြန်ရ၍စိတ်ကြီးဝင်နေသည့်စစ်ကောင်စီတပ်များအာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲများအတွင်း အလူးအလဲခံနေရကြောင်းAAကယနေ့ (စက်တင်ဘာ ၅ ရက်)တွင်သတင်းထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီသည်ရှမ်းမြောက်ဒေသအတွင်းမှ၎င်းတို့၏ လက်လွှတ်ဆုံးရှုံးလိုက်ရသော တပ်စခန်းများ ပြန်လည်ရရှိရန်ရည်ရွယ်ထားသည့် တန်ပြန်ထိုးစစ်များနှင့်အတူ မြန်မာနိုင်ငံ၏ နေရာအချို့တွင် ၎င်းတို့သည် အသာစီးရ၊ အောင်ပွဲရနေသည်ဟု စိတ်ကြီး ဘဝင်မြင့်နေသည်ဟု ဆိုသည်။ ယုံကြည်မှုလွန်ကဲနေသော၎င်းတို့၏အနိုင်ရတပ်ဖွဲ့များနှင့်စုဖွဲ့ထားသော တပ်ရင်း၊ စစ်ကြောင်းများအား အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည့်စစ်မြေပြင်နေရာများသို့ရွှေ့ပြောင်းကာထိုးစစ်ဆင် တိုက်ခိုက်လာသော်လည်း အာရက္ခတပ်တော်၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ်အောက်တွင် သတ္တိ၊ နည်းဗျူဟာအရ မယှဉ်သာနိုင်သကဲ့သို့ မြေပြင်ထိုးစစ်တိုင်းတွင်လည်း အလူးအလဲခံရပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးလျက်ရှိကြသည်ဟု AAက ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီသည် စစ်ရှုံး၍ စိတ်ဓာတ်ပျက်နေသည့် ၎င်းတို့၏ လက်ကျန်တပ်ဖွဲ့ဝင်များ၊ အတင်းအဓမ္မစုဆောင်းထားသော…

  • မွေးရာပါ ဦးခေါင်းထဲ အရည်တွေ စုပြုံနေတဲ့ hydrocephalus ရောဂါကို အခမဲ့ ခွဲစိတ်ကုသနိုင်ပြီး မှတ်တိုင်တစ်ခုစိုက်ထူ

    လွတ်မြောက်နယ်မြေရောက် CDM ဆေးပညာရှင်တွေက မွေးရာပါ ဦးခေါင်းထဲ အရည်တွေ စုပြုံနေတဲ့ hydrocephalus ရောဂါကို အခမဲ့ ခွဲစိတ်ကုသနိုင်ပြီး မှတ်တိုင်တစ်ခုစိုက်ထူ မန္တလေးဆေးတက္ကသိုလ် CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် ဦးဆောင်တဲ့ ဆေးပညာရှင်အဖွဲ့ဟာ Congenital Hydrocephalus လို့ ခေါ်တဲ့ မွေးရာပါ ဦးနှောက်အတွင်း အရည်တွေစုပြုံပြီး ဦးခေါင်းကြီးတဲ့ ဝေဒနာ ခံစားနေရတဲ့ ကလေးငယ် တစ်ဦးကို အခမဲ့ ခွဲစိတ် ကုသပေးနိုင်ခဲ့ပါတယ်။ “ တော်လှန်ရေးထဲမှာ နိုင်ရာဝင်ကူကြရင်း ဒါလေးတွေနဲ့ပဲ Moti (စိတ်ခွန်အား) ယူ။ All FOC (အားလုံးအခမဲ့) ပါ။ Congenital Hydrocephalus ပါ Ventriculoperitoneal Shunt ထဲ့ထားတာပါ” လို့ ဒေါက်တာခင်မောင်လွင်က သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာရေးသားပါတယ်။ ဒီရောဂါဟာ သန္ဓေသား…

  • ဗန်းမော်မှပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စု တိုက်ခိုက်

    ဗန်းမော်မှပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စု တိုက်ခိုက်

    ဗန်းမော်မှပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး စစ်သင်္ဘော ၁ စင်းပျက်စီး ‎ ‎ဗန်းမော်ကို လူအင်အား၊ စစ်လက်နက်၊ ရိက္ခာပို့ပြီး ပြန်စုန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ‎ တော်လှန်ရေးတပ်ဖွဲ့များသည် ‎ယနေ့ စက်တင်ဘာ ၅ ရက်နေ့ နံနက်၈နာရီခန့်က လေကြောင်းပစ်ကူ များနှင့်အတူ ဗန်းမော်မှ ပြန်ထွက်ခွာလာသည့် စစ်သင်္ဘော အုပ်စုကို စင်ခန်းအနီးတွင် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စင်း ပျက်စီးသွားကြောင်း သိရသည်။ ‎ ‎”သင်္ဘော ၁၁ စင်းမှာ ခြောက်စင်း ပြန်ဆင်းလာတယ်ပြောပါတယ်။ ကြားဖြတ်တိုက်တာ စစ်သင်္ဘော တစ်စင်း ပျက်စီးပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ‎ ‎ပျက်စီးသွားသည့် စစ်သင်္ဘောကို အခြားသင်္ဘောဖြင့် ဆွဲ၍ ဆက်လက်ထွက်ခွာသွားရာ ယနေ့ နေ့လယ်…

  • ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားဟုဆို မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံး တပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးအဖွဲ့မှ Cyrus က ပြောဆိုသည်။ စက်တင်ဘာလ ၄ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ချောက်မြို့ရှိ တပ်မ ၈၈ လက်အောက်ခံ ခလရ…