Author: Baby Yit Lone

  • အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွား

    အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွား

    အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်၍ ရွှေဆိုင်တချို့ပိတ်ထားကာ ရွှေကုန်သည်တချို့ အလုပ် ယာယီရပ်နား ပြည်တွင်း စီးပွားရေးစျေးကွက်တွင် ၁၆ ပဲရည်အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်၍ ရွှေဆိုင်တချို့ပိတ်ထားကာ ရွှေကုန်သည်တချို့ အလုပ်ရပ်နားထားကြောင်း ရန်ကုန်အခြေစိုက် ရွှေကုန်သည်များက ပြောဆိုသည်။ ကမ္ဘာ့ရွှေစျေးထိုးတက်နေမှုကြောင့် မြန်မာ့ရွှေစျေးမှာလည်း လိုက်ပါမြင့်တက်ခဲ့ကြောင်း၊ လတ်တလော ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်သွားပြီး ဒေါ်လာ ၅၀၈၇ ဒသမ ၆၂ ဒေါ်လာရှိကြောင်း၊ ကမ္ဘာ့ရွှေစျေးမြင့်တက်၍ မြန်မာ့ရွှေလိုက်ပါ စျေးတက်ခြင်းဖြစ်သော်လည်း စစ်တပ်၏ ဖမ်းဆီးစစ်ဆေးခံရမည်ကို ကြောက်လန့်၍ ရွှေဆိုင်တချို့နှင့် ရွှေကုန်သည်များ အလုပ်ယာယီရပ်နားထားကြကြောင်း သိရှိရသည်။ “ကမ္ဘာ့စျေးက နိုင်ငံတကာမှာ အမေရိကန်အပေါ်ယုံကြည်မှု ကျတာနဲ့ အမေရိကန်ဘွန်းတွေ ထုတ်ရောင်းပြီး…

  • မိဘ ၂ ဦးလုံး သေဆုံးပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ဗန်းမော်မြို့နယ် ထီးလင်း ကောင်ဂျာရွာက လသားအရွယ်ကလေးငယ်

    မိဘ ၂ ဦးလုံး သေဆုံးပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ဗန်းမော်မြို့နယ် ထီးလင်း ကောင်ဂျာရွာက လသားအရွယ်ကလေးငယ်

    လေကြောင်းဗုံးကြဲလို့ မိဘ ၂ ဦးလုံး သေဆုံးပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ဗန်းမော်မြို့နယ် ထီးလင်း ကောင်ဂျာရွာက လသားအရွယ်ကလေးငယ် နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ထီးလင်း ကောင်ဂျာရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရထားတဲ့ လသားအရွယ်ကလေးငယ်ဟာ နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “အနာတော့ သိပ်မကျက်သေးဘူး။ ညီအစ်ကို၊ မောင်နှမ ၇ ယောက်ရှိတဲ့ အထဲ အဲဒီ ထိခိုက်ဒဏ်ရာရထားတဲ့ ဘေဘီက အငယ်ဆုံး။ အခု အကူအညီတွေလည်း နည်းနည်းလာကြပြီ။ မိဘ ၂ ပါးလုံး…

  • မိုးကုတ်မှာ ကျောက်ဆေးသမား ငါးဆယ်ခန့်ကို စစ်အုပ်စုတပ် ထပ်မံဖမ်းဆီး

    မိုးကုတ်မှာ ကျောက်ဆေးသမား ငါးဆယ်ခန့်ကို စစ်အုပ်စုတပ် ထပ်မံဖမ်းဆီး

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အကျဉ်းထောင်အနောက်ဘက်မှာရှိတဲ့ ချောင်းအတွင်းမှာ ကျောက်(ခနဲ)ဆေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ အရပ်သားကျောက်ဆေးသမား ၅၀ ခန့်ကို ဇန်နဝါရီ ၂၆ ရက်ဒီနေ့မနက်ပိုင်းမှာ စစ်အုပ်စုတပ်တွေက ဝင်ရောက်ဖမ်းဆီးကာ လုပ်ငန်းသုံးစက်ပစ္စည်းတွေကိုပါ သိမ်းဆည်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကျောက်ဆေးလုပ်ငန်း လုပ်ကိုင်ခွင့်ရဖို့အတွက် ကျောက်ဆေးသမားတစ်ဦးကို ငွေကျပ်ငါးသောင်းခန့် စစ်အုပ်စုတပ်ကို အခွန်ပေးဆောင်ထားပေမဲ့ စစ်အုပ်စုတပ်တွေကပဲ ထပ်မံဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။ “ဂေါက်ကွင်းဘက်မှာတော့ တစ်ညကို ကျပ် ၁ သိန်းပေးရတယ်။ အဲဒီလောက် မတတ်နိုင်တဲ့သူတွေက အန္တရာယ်ကြားထဲမှာပဲ ချောင်းထဲဝင်ပြီး ကျောက်ဆေးရှာနေရတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ မိုးကုတ်မြို့နယ်မှာ အလုပ်အကိုင်ရှားပါးနေပြီး စားဝတ်နေရေး ခက်ခဲနေတာကြောင့် ကျောက်ဆေးလုပ်ငန်းဟာ ဒေသခံအများစုအတွက် အရေးပါတဲ့ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်နေတယ်လို့ ဆိုပါတယ်။ “ မိုးကုတ်ပြည်သူတွေ စားစရာမရှိလို့ စီးပွားရေးကျပ်တည်းနေတယ်။ တချို့တွေဆို တကယ်…

  • ICJ တရားရုံးနှင့်ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ပွဲကို ကိုကိုလှိုင်နှင့်အဖွဲ့ ထောက်ခံပွဲအဖြစ် အမည် ပြောင်းလဲ ခွင့်ပြု

    ICJ တရားရုံးနှင့်ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ပွဲကို ကိုကိုလှိုင်နှင့်အဖွဲ့ ထောက်ခံပွဲအဖြစ် အမည် ပြောင်းလဲ ခွင့်ပြု

    ရန်ကုန်တွင် ICJ တရားရုံးနှင့်ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ပွဲကို ကိုကိုလှိုင်နှင့်အဖွဲ့ ထောက်ခံပွဲအဖြစ် အမည် ပြောင်းလဲ ခွင့်ပြုလိုက်ပြီး ဝင်းကိုကိုလတ်နှင့်သုစိတ္တတို့ ဦးဆောင်မည် ရန်ကုန်တွင် ICJ တရားရုံးနှင့်ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ပွဲကို ကိုကိုလှိုင်နှင့်အဖွဲ့ ထောက်ခံပွဲအဖြစ် အမည် ပြောင်းလဲ ပြုလုပ်ခွင့်ပြုလိုက်ပြီး ဝင်းကိုကိုလတ်နှင့်သုစိတ္တတို့ ဦးဆောင်မည်ဖြစ်ကြောင်း စစ်တပ်လော်ဘီချန်နယ်များ၏ ထုတ်ပြန်ချက်နှင့် အမျိုးသားရေးအသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိရသည်။ မူလက ရန်ကုန်နှင့် မန္တလေးတို့တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ တစ်ပြိုင်နက်တည်း ICJ တရား ရုံးနှင့် ဂမ်ဘီယာနိုင်ငံကန့်ကွက်ပွဲအဖြစ် ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မန္တလေးပွဲကို စစ်တပ်က ခွင့်မပြုခဲ့ကြောင်း၊ မန္တလေးတွင် ကန့်ကွက်ပွဲပြုလုပ်မည့်သူများကို ပွဲနာမည် ပြောင်းလဲကျင်းပရန် စစ်ကော်မရှင်က ညှိနှိုင်းခဲ့သော်လည်း မန္တလေးမှ မဘသနှင့်အမျိုးသားရေးအဖွဲ့များက ပွဲကို ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။ ရန်ကုန်တွင်…

  • အမျိုးသမီးငယ်များကို အနိုင်ကျင့် ကာမလိမ်လည်တဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ်  ပြန့်နှံလာ

    အမျိုးသမီးငယ်များကို အနိုင်ကျင့် ကာမလိမ်လည်တဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပြန့်နှံလာ

    မြိတ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးစု ရဲအုပ် အောင်အောင် အပါ၀င် တစ်ရုံးလုံး စစ်ဆေးခံနေရပြီး အမျိုးသမီးငယ်များကို အနိုင်ကျင့် ကာမလိမ်လည်တဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပြန့်နှံလာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ အမှတ် (၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (မြိတ်) မှ ရဲအုပ် အောင်အောင် အပါအဝင် တပ်ဖွဲ့ဝင်များအားလုံးကို လက်ရှိတွင် အထက်အာဏာပိုင်များက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သက်ဆိုင်ရာ ရဲဝန်ထမ်းအချို့ထံမှ သိရသည်။ အဆိုပါ စစ်ဆေးမှုများသည် ရဲအုပ် အောင်အောင်နှင့် ဆက်စပ်၍ ငွေကြေးကိစ္စများ၊ အမျိုးသမီးရေးရာ ကိစ္စများနှင့် ပတ်သက်သော သတင်းများ Myeik Now နှင့် Khit Thit သတင်းဌာနများတွင် ဖော်ပြလာပြီးနောက် ခေါ်ယူစစ်ဆေးခံနေရခြင်းဖြစ်သည်ဟု သိရ သည်။ ထိုသတင်းများနှင့် အတူ အမျိုးသမီးများနှင့် ဆက်စပ်နေသည်ဟု…