Author: Baby Yit Lone
-
ဗန်းမော်စစ်မျက်နှာတွင် စစ်တပ်က ခံစစ်ဖြင့် ပြန်လည်ခုခံနေရ
ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲတွင် စစ်တပ်နှင့် KIAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေရာ စစ်တပ်က ခံစစ်အနေအထားဖြင့် တိုက်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ ယခုရက်ပိုင်းတွင် ဗန်းမော် စစ်မျက်နှာရှိ စစ်မြေပြင်ဆေးတပ်ရင်း မဆရ ၁၁ ဘက်အထိ ခံစစ်ဆင်တိုက်ခိုက်ခံနေရခြင်းဖြစ်သည်။ ”တိုက်ပွဲက စစ်တပ်ဘက်က ခံစစ်ပြန်ဖြစ်ထားပြီ။ သိမ်းထားတဲ့ တပ်ရင်းတွေပြန်မပါအောင် အားထုတ်နေရတယ်ပြောပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ ခလရ ၂၃၆၊ အမတ ၃၆၆၊ တကရ ၅၀၁၄ နှင့် ဗန်းမော်လေဆိပ် တို့ကို ပြန်လည်ရယူထားသည့် စစ်ကော်မရှင်တပ်မှာ KIA ၏ ထိုးစစ်ဆင်နေမှုကို လေကြောင်းနှင့် ဒရုန်းအဓိကထား တုန့်ပြန်တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များကဆိုသည်။ စစ်တပ်အနေဖြင့် ဗန်းမော်တွင် အဓိကတိုက်ခိုက်ရေး ခြေလျင်တပ်ရင်း ခလရ ၄၇ တစ်ရင်းသာရှိပြီး ကျန်တပ်ရင်း…
-

ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းဆန်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်း ဆိုသော်လည်း စစ်တပ်က ငြင်းဆန်ထားကြောင်း ဗြိတိန်အခြေစိုက် The Independent သတင်းဌာနက သတင်းဖော်ပြသည်။ အသက် ၈၀ နှစ်ရှိနေပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ နှလုံးရောဂါ ဆိုးရွားစွာ ခံစားနေရကြောင်း၊ နှလုံးရောဂါအထူးကုဆရာဝန်နှင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းပယ်ထားကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နိုင်ငံရေး အခန်းကဏ္ဍ ရည်ရွယ်ချက်ရှိရှိ အဆုံးသတ်စေရန် လုပ်ဆောင်ထားပြီး နေပြည် တော်ရှိ တောတွင်း အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်ဟု The Independent က ဆိုသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim Aris က သူမ၏…
-

မြင်းခြံ၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက် (ရုပ်သံ)
မြင်းခြံ၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်ကြီး အောင်သောင်း အပါအဝင် စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၈ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး အောင်သောင်း အပါအဝင် စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် မြင်းခြံမြို့နယ် ကုက္ကဲအထက် တန်းကျောင်းခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်က ပြည်သူများနှင့်ခရီးသွားပြည်သူများကို ဆက်ကြေးကောက် နေ့စဉ်အနိုင်ကျင့်လုယက်နှိပ်စက်နေမှုကြောင့် ယင်းနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းနေရာကို ရှေ့ထွက်ပဒေသာမိုင်းများဖြင့် အသင့်စောင့်ဆိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး…
-

အမျိုးသမီး ၄ ဦးအား အဓမ္မပြုကျင့်မှုဖြင့် တရားခံတဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ခရိုင်တရားရုံးမှ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်
(တရားခံမှ ၎င်းသည် မြို့နယ် ၃ မြို့နယ်မှ အမျိုးသမီးငယ် ၁၁ ဦးအား အဓမ္မပြုကျင့်ခဲ့ပါကြောင်း ဝန်ခံ ထွက်ဆိုထား) အမျိုးသမီး ၄ ဦးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူ ကျောက်တော်မြို့နယ်မှတရားခံတစ်ယောက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မြောက်ဦးခရိုင် တရားရုံးက စက်တင်ဘာ ၁ ရက်တွင် အလုပ် နှင့် ထောင်ဒဏ် အနှစ် ၄၀ ချမှတ်လိုက််ကြောင်း တရားရုံးနှင့် နီးစပ်သူတို့က ပြောဆိုသည်။ မုဒိမ်းမှုဖြင့် ထောင်ဒဏ် အနှစ် ၄၀ ချ မှတ်ခံရသည့် တရားခံသည် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဇော်ဇော်နိုင်(ခ)လဖြူချေ(၂၅နှစ်) ဖြစ်သည်။ ကျောက်တော်မြို့နယ်မှာ အမျိုးသမီးလေးဦးကို အတင်းအဓမ္မကျူးလွန်ခဲ့သူတဦးကို အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရရဲ့မြောက်ဦးခရိုင်တရားရုံးမှ စက်တင်ဘာလ ၁ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ်အနှစ်လေးဆယ်ချမှတ်လိုက်ပါတယ်။ အဲဒီကျောက်တော်မြို့၊ပြည်တော်သာရပ်ကွက်မှအသက်၂၅ နှစ်အရွယ်ဇော်ဇော်နိုင်(ခ)လဖြူချေဖြစ်ပြီး သူဟာအမျိုးသမီး…
-

HIV ကို အမြစ်ပြတ် ကုသနိုင်ပြီ
“HIV ကို အမြစ်ပြတ် ကုသနိုင်ပြီ” HIV ဆိုတာ ဆယ်စုနှစ်တွေနဲ့ချီပြီး လူသားတွေအတွက် ဖြေရှင်းလို့မရသေးတဲ့ ကျန်းမာရေးပုစ္ဆာတခု ဖြစ်ခဲ့ပါတယ်။ လက်ရှိသုံးနေတဲ့ဆေးတွေက ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ထားနိုင်ရုံသက်သက်ပါပဲ။ ပိုးကို အမြစ်ပြတ်မရှင်းထုတ်နိုင်ဘဲ လူနာရဲ့ DNA ထဲမှာ ရန်သူတယောက်လို တစ်သက်လုံး ပုန်းအောင်းနေတာပါ။ ဒါပေမယ့် အခုတော့ အဲဒီရန်သူကို သူ့ရဲ့ ပုန်းခိုကျင်းထဲကနေ ဆွဲထုတ်ပြီး အပြီးတိုင်ရှင်းပစ်နိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်တခု ထွက်ပေါ်လာခဲ့ပါပြီ။ Temple တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုတစ်ခုကို ပြသခဲ့ပါတယ်။ သူတို့ဟာ “CRISPR” လို့ခေါ်တဲ့ မျိုးဗီဇပြုပြင်ရေးနည်းပညာကို အသုံးပြုခဲ့ကြပါတယ်။ ဒီနည်းပညာကို အလွယ်ပြောရရင်တော့ မော်လီကျူးအဆင့်မှာသုံးတဲ့ အင်မတန်တိကျတဲ့ “မျိုးဗီဇကတ်ကြေး” တစ်လက်ပါပဲ။ သိပ္ပံပညာရှင်တွေက အဲဒီကတ်ကြေးကိုသုံးပြီး လူ့ကိုယ်ခံအားဆဲလ် (T-cell) တွေရဲ့ DNA ထဲမှာ…