Author: Baby Yit Lone

  • ငဖဲမြို့နယ်အတွင်းတိုက်ပွဲတွင် AA တပ်ဖွဲ့များကို စစ်ကော်မရှင်တပ်က ယှဉ်မတိုက်နိုင်၍ တပ်လန်ကာထွက်ပြေး

    ‎မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်အပြင် တပ်ဆုတ်ပြေးရမှုများရှိကြောင်း သိရသည်။ ‎ ‎စစ်ကောင်စီ၏ အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံ ခမရ-၅၇၄ နှင့် အမှတ် (၉၄၄) ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲ (ဆလအခွဲ-၉၄၄) မှတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်သည်။ ‎ ‎ယမန်‌နေ့ စက်တင်ဘာ ၄ ရက်၊ နေ့လယ် ၁၂ နာရီ (၂၁) မိနစ်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဖက် မီတာ ၂၈၀၀ ခန့်အကွာအဝေးတွင် စစ်ကော်မရှင်က ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့‌သည်။ ‎ ‎အပြန်အလှန်တိုက်ခိုက်မှုအပြီးတွင် လက်နက်…

  • ‎တပ်မ ၉၉မှ ယာယီနည်းဗျူဟာမှူးနှင့် အဖွဲ့ကို AAဖမ်းမိထား၊ စစ်ရှုံးပြန်ရသည့်အဖွဲ့များ ရှေ့တန်းပြန်အောင်ပွဲခံ

    ‎တပ်မ ၉၉မှ ယာယီနည်းဗျူဟာမှူးနှင့် အဖွဲ့ကို AAဖမ်းမိထား၊ စစ်ရှုံးပြန်ရသည့်အဖွဲ့များ ရှေ့တန်းပြန်အောင်ပွဲခံ

    ‎မကွေး- ရခိုင်အစပ်တိုက်ပွဲများတွင် စစ်ကော်မရှင်နှင့် AAတို့တိုက်ပွဲဖြစ်ပွားနေရာ စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများ၊ ဖမ်းဆီးခံရမှုများရှိကြောင်း သိရသည်။ ‎ ‎တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ်၊ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့မှ အသက် (၄၆) နှစ်အရွယ်ရှိ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်၊ ယာယီနည်းဗျူဟာမှူးနှင့်အဖွဲ့ကို AAက ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။ ‎ ‎မကွေးတိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲများတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်၊ ည ရှစ်နာရီခန့်တွင် နည်းဗျူဟာမှူးနှင့်အတူ ၎င်း၏ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးတို့အား အာရက္ခတပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သည်ဟု AA ကပြောသည်။ ‎ ‎မကွေးတိုင်းအတွင်း၌ စစ်ဆင်ရေးလုပ်နေခဲ့သော တပ်မ (၉၉) တပ်ရင်း၊ တပ်ဖွဲ့ဝင်များနေရာ၌ တပ်အပြောင်းအလဲလုပ်သောအားဖြင့် တပ်မ (၉၉) လက်အောက်ခံ၊…

  • သာကေတမှ လူမိုက် ဝင်းထွဋ်ဝင်း လက်နက်ကိုင် ပျူစောထီးအဖွဲ့  ထူထောင်ပြီး စစ်တပ်အတွက် စစ်မှုထမ်းတပ်သား ရရှိရေး လူငယ်များကို ဖမ်းဆီးနေ

    သာကေတမှ လူမိုက် ဝင်းထွဋ်ဝင်း လက်နက်ကိုင် ပျူစောထီးအဖွဲ့ ထူထောင်ပြီး စစ်တပ်အတွက် စစ်မှုထမ်းတပ်သား ရရှိရေး လူငယ်များကို ဖမ်းဆီးနေ

    သာကေတမှ လူမိုက် ဝင်းထွဋ်ဝင်း လက်နက်ကိုင် ပျူစောထီးအဖွဲ့ ထူထောင်ပြီး စစ်တပ်အတွက် စစ်မှုထမ်းတပ်သား ရရှိရေး လူငယ်များကို ဖမ်းဆီးနေ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အနိုင်ကျင့် ဗိုလ်ကျ ခြိမ်းခြောက် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှ လူမိုက် ဝင်းထွဋ်ဝင်းမှာ စစ်တပ်ဘက်တော်သား လက်နက်ကိုင် ပျူစောထီးဖြစ်လာပြီး စစ်တပ်အတွက် စစ်မှုထမ်းတပ်သား ရရှိရေး လူငယ်များကို ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သာကေတမြို့နယ်မှ စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံလိုက်ရသော လူငယ်တချို့၏ ဆွေမျိုးများက ပြောဆိုသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း သာကေတ လူမိုက် နေမျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီးနောက် လူမိုက် ဝင်းထွဋ်ဝင်းမှာ သာကေတတစ်ခွင်တွင် လူမိုက်များ ပိုမို စုစည်းလာကြောင်း၊ လူမိုက်အဖွဲ့များကို စုစည်း၍ စစ်တပ်နှင့်ရဲအတွက် တော်လှန်ရေးလှုပ်ရှားသူများ၏ သတင်းများကို စုံစမ်း…

  • စစ်တပ်ရုပ်သံမှတ်တမ်းထဲမှ မင်းကွန်းဒေသ ခေါင်းဖြတ်မှု (ရုပ်သံ)

    စစ်တပ်ရုပ်သံမှတ်တမ်းထဲမှ မင်းကွန်းဒေသ ခေါင်းဖြတ်မှု (ရုပ်သံ)

    ဗြိတိန်အစိုးရ အရေးယူထားသော တပ်မ (၃၃) ၏ စစ်ကြောင်းတစ်ခု လူသတ် အလောင်းဖျောက်မှု ရုပ်သံမှတ်တမ်းကို ထွက်ပြေးလာသော စစ်သားသစ်များထံတွင် တွေ့လိုက်ရသည်၊ ကျူးလွန်သူများအကြောင်းကိုလည်း ၎င်းတို့က ပြောပြကြသည်။ (စိတ်မချမ်းမြေ့ဖွယ်အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။) ဧရာဝတီမြစ်ကမ်းနဖူးရှိ ခြံဝင်းတစ်ခုအတွင်း ခြေတံရှည်အဆောက်အဦနှစ်ခုရှေ့ သေနတ်လွယ်၊ ဓားကိုင် ထားကြသူများအလယ်တွင် မျက်လုံးကို အဝတ်စဖြင့်စည်းကာ လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့် အမျိုးသားတစ်ဦး ထိုင်နေသည်။ သေနတ်လွယ်ထားသူက မေးခွန်းအနည်းငယ် အော်ဟစ်မေးမြန်းနေချိန်တွင် ဘေးနားက လူစုလူဝေးက စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြပြီး လူအုပ်ထဲရှိတစ်ယောက်ကလည်း “သေနတ်သံမကြားချင်ဘူး”ဟု အမိန့်ပေးလိုက်သည်။ “ခင်ဗျား PDF အဖွဲ့ထဲက ဟုတ်တယ်မလား” ဟု သူက အကြိမ်ကြိမ် မေးမြန်းပြီးနောက် အနီးတွင် အသင့်စောင့် နေသူများကို အချက်ပြလိုက်တော့သည်။ အသင့်စောင့်နေသူတစ်ဦးက ကိုင်ထားသည့် သူ့ဓားဖြင့် ကြိုးတုပ်ခံထားရသူ၏ ရင်ဘတ်ကို…

  • စိတ်ကြီးဝင်နေသည့် စစ်ကောင်စီတပ်AAနှင့်တိုက်ပွဲ အလူးအလဲခံနေရ

    ထိုးစစ်အချို့အသာစီးရ၍ စိတ်ကြီးဝင်နေသည့် စစ်ကောင်စီတပ်AAနှင့်တိုက်ပွဲ အလူးအလဲခံနေရဟု ထုတ်ပြန် ငဖဲတိုက်ပွဲ စစ်ကောင်စီတပ် အလောင်း၊ လက်နက်များ ချန်ထား၊ ပဲခူး-ရက္ခိုင်အစပ် တိုက်ပွဲပြင်းထန် ဆုံးရှုံးထားရသည့်နယ်မြေအချို့၊တပ်စခန်းအချို့ပြန်ရ၍စိတ်ကြီးဝင်နေသည့်စစ်ကောင်စီတပ်များအာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲများအတွင်း အလူးအလဲခံနေရကြောင်းAAကယနေ့ (စက်တင်ဘာ ၅ ရက်)တွင်သတင်းထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီသည်ရှမ်းမြောက်ဒေသအတွင်းမှ၎င်းတို့၏ လက်လွှတ်ဆုံးရှုံးလိုက်ရသော တပ်စခန်းများ ပြန်လည်ရရှိရန်ရည်ရွယ်ထားသည့် တန်ပြန်ထိုးစစ်များနှင့်အတူ မြန်မာနိုင်ငံ၏ နေရာအချို့တွင် ၎င်းတို့သည် အသာစီးရ၊ အောင်ပွဲရနေသည်ဟု စိတ်ကြီး ဘဝင်မြင့်နေသည်ဟု ဆိုသည်။ ယုံကြည်မှုလွန်ကဲနေသော၎င်းတို့၏အနိုင်ရတပ်ဖွဲ့များနှင့်စုဖွဲ့ထားသော တပ်ရင်း၊ စစ်ကြောင်းများအား အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည့်စစ်မြေပြင်နေရာများသို့ရွှေ့ပြောင်းကာထိုးစစ်ဆင် တိုက်ခိုက်လာသော်လည်း အာရက္ခတပ်တော်၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ်အောက်တွင် သတ္တိ၊ နည်းဗျူဟာအရ မယှဉ်သာနိုင်သကဲ့သို့ မြေပြင်ထိုးစစ်တိုင်းတွင်လည်း အလူးအလဲခံရပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးလျက်ရှိကြသည်ဟု AAက ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီသည် စစ်ရှုံး၍ စိတ်ဓာတ်ပျက်နေသည့် ၎င်းတို့၏ လက်ကျန်တပ်ဖွဲ့ဝင်များ၊ အတင်းအဓမ္မစုဆောင်းထားသော…