Author: Baby Yit Lone

  • ရဲဘော်ကတုံး ပစ်သတ်ခံရမှု တာဝန်ယူဖြေရှင်းသွားမယ်ဆိုတဲ့ ဗိုလ်နဂါး

    ရဲဘော်ကတုံး ပစ်သတ်ခံရမှု တာဝန်ယူဖြေရှင်းသွားမယ်ဆိုတဲ့ ဗိုလ်နဂါး

    အသိပေးထုတ်ပြန်ကြေညာချက် ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၃ ရက် 12. 2.2026 ညနေ (၅:၃၀) အချိန်ခန့် ပုလဲမြို့နယ်အတွင်းတနေရာတွင် ယင်းမာပင်ခရိုင်၊ တပ်ရင်း (၄) မှရဲဘော်ကတုံးနှင့် BNRA ရင်း (၃) မှ ရဲဘော်နှစ်ဦး အပြန်အလှန်ပ၊စ်ခ၊တ်မှုဖြစ်ပွားခဲ့ရာ ရဲဘော်ကတုံးကျဆုံးပြီး BNRA ရင်း (၃) မှ ရဲဘော်တဦးညာဘက်ပေါင်တွင် ကျည်ထိ၊မှန်ဒါဏ်ရာရရှိခဲ့ပါသည်။ အကြောင်းအရင်းမှာ ၂၀၂၂ ခုနှစ် တော်လှန်ရေးအစောပိုင်း MRDA အဖြစ်လုပ်ဆောင်စဥ်ကာလတွင် ကျေးရွာ‌လုံခြုံရေးအတွက် ကျေးရွာရပ်မိရပ်ဖများနှင့်ကာကွယ်ရေးခေါင်းဆောင်များမှ MRDAနှင့်ဦးဆောင်သူဗိုလ်နဂါးထံ တင်ပြတောင်းခံမှုအရ အာမခံကြေးဖြင့် (xxx) ကျေးရွာတွင်တပ်ဆင်ပေးထားသည့် ပါရီလက်နက်နှစ်လက်အား ကိုကတုံးနှင့် (ကို အ-မ) တို့မှ ယူငင်ကိုင်ဆောင်ထားခဲ့သည်။ (ကို အ-မ) ကိုင်ဆောင်ထားသောလက်နက်မှာ ကနဦးပိုင်းတွင်ကျေးရွာမှသိရှိလက်ခံထားသော်လည်း ကိုကတုံးကိုင်ဆောင်ထားသောလက်နက်ကိုမူကျေးရွာမှလက်ခံပေးအပ်ထားခြင်းမရှိဘဲ…

  • တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

    တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

    တာမွေမြိုနယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု( ၁)လမ်းတွင် ဖေဖော်ဝါရီ ၁၃ ရက်၊ ည ၈ နာရီခွဲကျော်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။ စက်မှု (၁) လမ်းရှိ မြေကွက်တွင် စုဆောက်ထားသည့် နေအိမ်အသေးလေးများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပရဟိတအဖွဲများထံမှ သိရသည်။ “မီးရထားလမ်းနဲ့ ကပ်နေတဲ့ အိမ်အသေးလေးတွေ ဆောက်ထားတဲ့နေရာမှာ လောင်တာပါ။လတ်တလောတော့ ထိခိုက်ဒဏ်ရာရတဲ့ သူမရှိဘူးလို့ ကနဦး သတင်းအရ သိရပါတယ်”ဟု မီးလောင်ရာသို ရောက်ရှိခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အခြားတာဝန်ရှိသူများ လာရောက်ခဲ့ပြီး ကူညီငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုမှာ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီး အဆိုပါ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့မှ Level 1 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

  • မြောက်ဥက္ကလာတွင် YBS ၄၂ ခရီးသည်တင်ယာဉ် မိနစ်ပိုင်းအတွင်း မီးလောင်ပြာကျ

    မြောက်ဥက္ကလာတွင် YBS ၄၂ ခရီးသည်တင်ယာဉ် မိနစ်ပိုင်းအတွင်း မီးလောင်ပြာကျ

    ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ပြေးဆွဲနေသည့် YBS ၄၂ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိနစ်ပိုင်းအတွင်း ယာဉ်တစီးလုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့မွန်းလွဲ ၁ နာရီ ၁၉ မိနစ်အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ/တိုးချဲ့) ရပ်ကွက်၊ သုဓမ္မာလမ်းမပေါ်ရှိ အဝိုင်းကြီးကားမှတ်တိုင်အနီးတွင် အဆိုပါယာဉ်မှာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ မီးမှာ အလွန်ပြင်းထန်ပြီး ၁၀ မိနစ်ခန့်အတွင်းမှာပင် ယာဉ်တစီးလုံးသို့ ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မီးလောင်မှုသတင်းရရှိပြီးနောက် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီးနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ မီးသတ်ယာဉ် တစီးတို့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း ရန်ကုန်နာရေးကူညီမှုအသင်း၏…

  • ဝိုင်းမော် KIA ကာကင်းစခန်းများကို စစ်တပ်စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်

    ဝိုင်းမော် KIA ကာကင်းစခန်းများကို စစ်တပ်စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ စခန်းထိုင်နေတဲ့ ကာကင်းစခန်းဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ KIA က ပြောပါတယ်။ မြို့ရဲ့ မြောက်ဘက်ခြမ်း မိုင်းနားနဲ့ လမြန်ရွာကြားက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကောင်စီ ကာကင်းစခန်းတွေကို ပြန်ရဖို့ ဝိုင်းမော်မြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၅၈ တပ်ရင်းကနေ အင်အားရာချီနဲ့ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။ စစ်ကောင်စီက လက်နက်ကြီးနဲ့ပါ ပစ်ကူပေးပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။ “အရင် ကျနော်တို့ KIA ပူပေါင်းတပ်တွေ ထိုင်တဲ့နေရာကို…

  • လားရှိုးမြို့အနီးတစ်ဝိုက် စစ်ကော်မရှင်နှင့် MNDAA တို့ လုံခြုံရေးတိုးချပြီး စစ်ရေးပြင်ဆင်နေ

    လားရှိုးမြို့အနီးတစ်ဝိုက် စစ်ကော်မရှင်နှင့် MNDAA တို့ လုံခြုံရေးတိုးချပြီး စစ်ရေးပြင်ဆင်နေ

    ရှမ်းမြောက်၊ လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲပြီးနောက် ကိုးကန့်တပ် MNDAA နှင့် စစ်ကော်မရှင်တို့ တပ်ဖွဲ့ဝင်အင်အားများတိုးချကာ စစ်ရေးပြင်ဆင်မှုများပြုလုပ်လာကြောင်း သိရသည်။ လားရှိုးမြို့ ရပ်ကွက် (၁၁) အတွင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်က ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲပြီးနောက် စစ်ကော်မရှင်က ယင်းတို့ တပ်စွဲနေရာယူထားရာ စခန်းများတွင် စစ်အင်အားများ တိုးချဲ့ချထားခဲ့ပြီး ကာကင်းစခန်းများကိုပါ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “ရှော့တိုက်ဒုံးကျလို့ MNDAA ကို လားရှိုးမြို့အတွင်းက နှင်ထုတ်မယ်လို့ သတင်းထွက်နေတာ။ စစ်ပြင် ဆင်တာကတော့ အဲဒီမတိုင်ခင် အရင်ရက်ကတည်းက ပြင်ဆင်နေတာ”ဟု သတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်က ရှော့တိုက်ဒုံးပစ်ခတ်သည့် ဖြစ်စဥ်ကို MNDAA ပြုလုပ်သည်ဟု ယူဆ၍ အင်အားတိုးချလာခြင်းဖြစ်ပြီး MNDAA တပ်များဘက်မှလည်း လားရှိုးမြို့နယ်အတွင်းကျေးရွာများနှင့်…