Author: Baby Yit Lone
-
ခိုးဆိုးလုနှိုက် လူငယ်များကို စစ်မှုထမ်းလူစားထိုးခေါ်ယူ၍ ရှေ့တန်းပို့ရာ နေအိမ်များ ဖောက်ထွင်းခိုးယူမှုများ ဖြစ်ပွားနေ
စစ်ကော်မရှင်နှင့် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းလူအစားထိုးခေါ်ယူရာတွင် ခိုးဆိုးလုယက်မှုများ ပြုလုပ်နေသည့် လူငယ်များကို ခေါ်ယူခဲ့ရာ ရှေ့တန်းထွက်သည့်အခါ ၎င်းလူငယ်များက လုယက်ခိုးယူမှုများ ကျူးလွန်နေကြောင်း သိရသည်။ စစ်မှုထမ်းသင်တန်းပေးပြီး ရှေ့တန်းသို့ ပို့ဆောင်ခံရသည့် အဆိုပါ ခိုးဆိုးလုယက် လူငယ်များသည် စစ်ကြောင်းထိုးရာ ကျေးရွာများရှိ နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းဝင်ရောက် လုယက်နေကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာမှ စစ်မှုထမ်းအမှတ်စဉ် (၂) တွင် ပါသွားခဲ့သည့် သူခိုးအများစုသည် ရှေ့တန်းရောက်သည့်အခါ နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ပြီး တန်ဖိုးရှိပစ္စည်းများကို လုယူကာ ရရှိသည့်ငွေကြေးနှင့် ရွှေထည်များကို မိဘများထံ ပြန်လည်ပို့ဆောင်ပေးနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “စစ်မှုထမ်းခေါ်တဲ့ အစောပိုင်း အမှတ်စဉ် (၂) လောက်က ပါသွားတဲ့ ရပ်ကွက်ထဲက သူခိုးနဲ့ မုဒိမ်းသမား သုံးယောက်ဆိုရင် သူတို့မိဘအိမ်ကို…
-

ကျောက်ဖြူတွင် AA တပ်စွဲထားသည့်နေရာများကို စစ်ကော်မရှင် အပြင်းအထန်စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေ
ကျောက်ဖြူတွင် AA တပ်စွဲထားသည့်နေရာများကို စစ်ကော်မရှင် အပြင်းအထန်စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေ အာရက္ခတပ်တော် (AA) တပ်စွဲထားသည့် နေရာအချို့ကို စစ်ကော်မရှင်က လက်နက်ကြီး ပစ်ကူများနှင့်အတူ အပြင်း အထန်စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။ မင်းတပ်တောင်နှင့် ကန္ဒီးကို စစ်ကော်မရှင်ဘက်က လက်နက်ကြီးများဖြင့် နေရာစုံမှပစ်ခတ်ပြီး ယနေ့ စက်တင်ဘာ ၁ရက်နေ့တွင် အပြင်းအထန် စစ်ကြောင်းထိုးနေကြောင်း little rabbitထံမှ သိရသည်။ ”မင်းတပ်တောင်ကို အဓိကထိုးစစ်ဆင်နေတယ် စစ်တပ်က။ ဓာတ်ငွေ့စက်ရုံဘက်ကလည်း တက်လာနေတာရှိပါတယ်။ AAက လုံးဝ နောက်ဆုတ်မပေးတော့ဘူး။ တန်ပြန်ထိုးစစ်ဆင်တဲ့ နေရာတွေလည်းရှိလို့ တိုက်ပွဲနေရာပြန့်နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်က AA ထိန်းချုပ်နယ်မြေအချို့ကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးနေသော်လည်း သေဆုံးထိခိုက်မှုများစွာနှင့် တပ်ဆုတ်ပြန်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကော်မရှင်သည် ပြီးခဲ့သည့်ရက်ပိုင်းက…
-

သံတောင်ကြီး၊ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်
သံတောင်ကြီး၊ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး အရာရှိနေအိမ်နှင့် သင်တန်းသား အိပ်ဆောင်တချို့ မီးလောင်ဟုဆို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘုရင့်နောင် စစ်သင်တန်းကျောင်း ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး ဒုကျောင်းအုပ်ကြီးနေအိမ်၊ သင်တန်းသား အိပ်ဆောင် ၂ ခု မီးလောင်မှုအပါ အဝင်အများအပြား ထိခိုက်ပျက်စီးသွားကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ ဩဂုတ်လ ၂၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်က သံတောင်ကြီးမြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက် ရေး ကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ…
-

ရန်ကုန်လေဆိပ်၌ ဝင်ရောက်လာသူများ၏ ခရီးဆောင်အိတ်များကို တင်းကျပ်စစ်ဆေးနေ
ပြည်ပနိုင်ငံတွေကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ဝင်ရောက်လာသူတွေရဲ့ ခရီးဆောင်အိတ်တွေနဲ့ သယ်ယူလာတဲ့ တခြားအိတ်တွေကိုပါ လေဆိပ်က ဝန်ထမ်းတွေက တင်းကျပ် စစ်ဆေးနေကြောင်း လေဆိပ်မှာ ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာပဲ လေဆိပ်က သယ်ခွင့်မရှိတဲ့ တားမြစ်ပစ္စည်းတွေနဲ့ အကောက်ခွန်ဦးစီးဌာနကို အခွန်ဆောင်ပြီး သယ်ယူခွင့်ရှိတဲ့ ပစ္စည်းတွေစာရင်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာပြီးနောက်မှာ အခုလို တင်းကျပ်စစ်ဆေးလာတာပဲ ဖြစ်ပါတယ်။ ဩဂုတ်လ နောက်ဆုံးပတ်က ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ပြန်လာခဲ့စဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကိုယ်တိုင်ကြုံခဲ့ရသူတယောက်က “အခု လိုင်းပေါ်ပျံ့နေတဲ့ တားမြစ်ပစ္စည်း ဘာညာနဲ့ တခြားရွှေထည်ပစ္စည်းတွေ ဝတ်သွားတဲ့အတိုင်း ပြန်ယူလာရမယ် ဆိုတာက အရင်ကတည်းက ကြေညာထားတာလို့ လေဆိပ်က ဝန်ထမ်းက ပြောတယ်။ ဒါပေမဲ့ ကိုယ်တွေကြုံခဲ့တာကတော့ ရန်ကုန်အဝင်လေဆိပ်မှာ အိတ်တွေ အကြီးတွေရော အိတ်အသေးတွေ အသေစစ်တယ်။…
-

ရေတာရှည်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပဒဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မဟာမိတ်တွေနဲ့အတူ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဝရဇိန်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ယမန်နေ့ သြဂုတ် ၃၁ ရက်မွန်းတည့် ၁၂ နာရီလောက်က အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ပဒဲကျေးရွာအနီးစစ်ကြောင်းထိုးလာချိန် ဝရဇီန်တပ်ဖွဲ့နဲ့ မဟာမိတ်တွေဖြစ်တဲ့ ဖိုက်တာစားခဲ၊ ပုဝါနီစစ်ကြောင်း၊ သမန်း ကျား စတဲ့တပ်ဖွဲ့တွေက ၁နာရီကြာ ခုခံတိုက်ခိုက်ခဲ့တယ် လို့ ဖော်ပြပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းက ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ထိခိုက်သေဆုံးမှုအတိအကျကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။ အလားတူ သြဂုတ် ၂၇ ရက် ညပိုင်းကလည်း အထက်ပါ အင်အား ၁၅၀ပါစစ်ကြောင်းဟာ ပဒဲကျေးရွာဘက်ကို စစ်ကြောင်းသုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးလာစဥ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇီန်တပ်ဖွဲ့က အသိပေးပါတယ်။ “၂၇ ရက်နေ့က…