Author: Baby Yit Lone

  • Violent Ends

    Violent Ends

    Violent Ends (2025) ဒီတစ်ခါမှာတော့ Crime Drama ကား ကောင်းကောင်းလေးတစ်ကားဖြစ်တဲ့ Violent Ends ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ MC ကရိုးရိုးသားသား အေးအေးဆေးဆေး နေချင်တဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူ့မိသားစုက သာမန်မိသားစုမဟုတ်ဘဲ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့ပဲ အသက်ရှင်ရပ်တည်နေတဲ့ Crime Family ကြီးဖြစ်နေတာပါပဲ။ “အကြမ်းဖက်မှုဆိုတာ သူတို့ရဲ့ တစ်ခုတည်းသော အမွေအနှစ်” ဆိုတဲ့အတိုင်း ဒီလို အမွေဆိုးတွေရှိနေတဲ့ မိသားစုအသိုင်းအဝိုင်းကြားထဲမှာ ရိုးရိုးသားသားနေချင်တဲ့ လူတစ်ယောက် ဘယ်လိုရုန်းကန်မလဲ၊ မိသားစုရဲ့ သံသရာထဲကိုပဲ ပြန်ရောက်သွားမလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့်ကားပါ။ Ratings တွေအနေနဲ့ IMDb မှာ 6/10 နဲ့ Rotten Tomatoes မှာ 68% ရထားတဲ့အတွက် အရမ်းကြီး…

  • P

    P

    P (2005) ထိုင်းနိုင်ငံရဲ့ကျေးလက်တစ်ခုမှာ ကြီးပြင်းလာတဲ့ ခမာလူမျိုး မိဘမဲ့မိန်းကလးတစ်ဦးဟာ အဖွားဖြစ်သူဆီက ဂါထာပညာရပ်များကိုသင်ယူခဲ့ရပါတယ်။ အဖွားဖြစ်သူက အသက်ကြီးပြီးနေမကောင်းဖြစ်တာကြောင့် မြေးဖြစ်သူ “အောလ်”ဟာ အဖွားဆေးဖိုးအတွက် ဘန်ကောက်မှာအလုပ်လုပ်ဖို့ဆွဲဆောင်ခံခဲ့ရပါတယ်။ ဘားတစ်ခုမှာအလုပ်ရပြီး အလုပ်ခက်ခဲမှု နဲ့ ကျေးလက်ကလာတာကြောင့် နှိမ်ချခံရပြီးအနိုင်ကျင့်တဲ့တချိုလူတွေရှိတာကြောင့် အဖွားသင်ပေးခဲ့တဲ့ဂါထာကိုသုံးပြီး အသက်ရှင်ဖိုကြိုးစားပါတော့တယ်။ သူသတိမရမိတာက ဒီပညာရပ်ကိုအသုံးပြုရင် အ၀တ်လှန်းတဲ့ကြိုးအောက်ဖြတ်မသွားရဘူး ၊ အသားစိမ်းမစားရဘူး ၊ တခြားသူကို ဒီပညာသင်ပေးရင် ဘာမှမတောင်းဆိုရဘူး လို့အဖွားကအမြဲတမ်းပြောခဲ့ပေမဲ့ တနေ့မှာ “အောလ်” ဟာတစ်ခုပြီးတစ်ခု တားဆီးထားတဲ့အချက်၃ချက်ကိုချိုးဖျက်မိတော့…. ဒီပညာဟာတဖြည်းဖြည်းအ‌မှောင်ဖက်ပြောင်းပြီး ဘာဆိုးကျိုး‌တွေဖြစ်သွားမလဲ… ဒီအမှောင်စွမ်းအားကိုရော ထိန်းချုပ်နိုင်မလား…. အသက်ရှင်ပြီး အဖွားနဲ့ရော ပြန်ဆုံရမလားဆိုတာကို ကြည့်ရှုလိုက်ကြ‌ရအောင်………

  • My Blind Date with Life

    My Blind Date with Life

    My Blind Date with Life (2017) ဟိုတယ်တွေကို သိပ်ချစ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူ့အိပ်မက်ကတော့ ဟိုတယ်ဝန်ထမ်းဖြစ်ဖို့ပေါ့။ ဟိုတယ်ကြီးတစ်ခုမှာ ဝန်ထမ်းလုပ်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့မဟုတ်ဘူး။ စနစ်တွေစည်းကမ်းတွေ အများကြီး သင်ယူပြီး စာမေးပွဲတွေဖြေပြီးမှ အလုပ်ရတယ်။ ဟိုတယ်ရဲ့အဘက်ဘက်က ကိစ္စတွေကိုလည်း ကျွမ်းကျင်ရတယ်။ ဒီလိုခက်ခဲတဲ့ အလုပ်က သူ့အိပ်မက်ဖြစ်ခဲ့ပေမဲ့ ကောင်လေးဟာ မြင်လွှာရဲ့၉၅ရာခိုင်နှုန်းကို ဆုံးရှုံးသွားပြီး အကန်းနီးနီးဖြစ်သွားတယ်။ အမြင်ရှိတယ်ဆိုပေမဲ့ ဘာမှမမြင်ရတော့သလောက်ပါပဲ။ အလင်းကိုမြင်တာတို့ ဘာတို့လောက်ပဲ မြင်ရတယ်။ ဒီလိုအခြေအနေဖြစ်သွားတဲ့ ကောင်လေးဟာ သူ့အိပ်မက်ကို လက်မလျှော့ခဲ့ဘဲ ဟိုတယ်တွေမှာ အလုပ်လျှောက်ခဲ့ပေမဲ့ ကန်းနေလို့ လက်မခံခဲ့ကြဘူး။ နောက်ဆုံး သူက ဟိုတယ်ကြီးတစ်ခုမှ သူမျက်စိကန်းနေတာကို ထုတ်မပြောဘဲ အလုပ်သွားလျှောက်ခဲ့တယ်။ ကြိုးစားလေ့ကျင့်ထားတာဆိုတော့ သတိတော့မထားမိခဲ့ကြဘူး။ ဒါပေမဲ့ မျက်စိမမြင်ရတဲ့ ကောင်လေးဟာ ရှုပ်ထွေးလှတဲ့ ဟိုတယ်ရေးရာကိစ္စတွေကို…

  • True Love, Liar, Little Love

    True Love, Liar, Little Love

    True Love, Liar, Little Love (2017) ထိုင်းနိုင်ငံရဲ့ လမ်းမတစ်နေရာမှာ လက်တန်း သရုပ်ဆောင်လေ့ကျင့်နေတဲ့ တော်ဝင် အနုပညာ တက္ကသိုလ်မှ ကျောင်းသူ ယန်ကျန်းကျန်း…. ကပ္ပတိန် ကျန်းရော့ချန် က လမ်းပေါ်မှာ တကယ် ဒုက္ခရောက်နေတယ်ထင်ပြီး ယန်ကျန်းကျန်း ကို အကူအညီပေးခဲ့ပြီး နောက်ပိုင်းမှအရာအားလုံးက လိမ်လည်လှည့်ဖြားခဲ့တာဆိုတာသိခဲ့လိုက်ရတယ်။ နောက်ပြီး အကြောင်းအရင်းတချို့ကြောင့် ဦးလေးဝူ မိသားစုရဲ့သမီး ဟွမ်းဟွမ်း အဖြစ်သို့ ပြောင်းလဲသွားပြီး မိသားစုမိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ ကျန်းရော့ချန်နဲ့ပြန်လည်တွေ့ဆုံတဲ့အခါ…. ယန်ကျန်းကျန်း က အထောက်အထားတွေကို ဖျောက်ဖျက်ကာ ဘယ်လိုနည်းပေါင်းစုံနဲ့ ကြိုးစားပြီး အန္တရာယ်မှ အကြိမ်ကြိမ် လွတ်မြောက်နိုင်မလဲ…. ကျန်းရော့ချန်ကရော ဦးလေးဝူအတွက် ဒီအတုအယောင်တွေကို ဘယ်လိုမျိုး ကူညီဖော်ထုတ်ပေးမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုအားပေးကြပါဦးနော်….

  • Leizhenzi: The Origin of the Gods

    Leizhenzi: The Origin of the Gods

    Leizhenzi: The Origin of the Gods (2021) ဒီရုပ်ရှင်ကို “ဖုန်းရှန်ယန်ယိ” ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ယွမ်ရှီထျန်းကျွင်းဟာ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို အသုံးပြီး နတ်ဘုရားစစ်ခင်းကျင်းမှုကို တည်ဆောက်ခဲ့ပါတယ်။ ကမ္ဘာလောကကြီးမှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာတဲ့အခါ မွေးရာပါ အတောင်ပံနှစ်ဖက်ရှိတဲ့ ငှက်မျိုးနွယ်တို့က သူတို့ရဲ့ မုန်တိုင်းတောင်ပံစွမ်းအားကို အသုံးပြုပြီး အဲဒီစစ်ခင်းကျင်းမှုကို ဖွင့်လှစ်နိုင်ဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ရှန်းမင်းဆက် နှောင်းပိုင်းကာလမှာ ရှန်းကျိုးမင်းကြီးက ရက်စက်ကြမ်းကြုတ်စွာ အုပ်စိုးခဲ့ချိန် ငှက်မျိုးနွယ်စုခေါင်းဆောင်က ကမ္ဘာလောကကို ကယ်တင်ဖို့ ကောင်းကင်စောင့်ကြည့်ကျောက်တုံးကို လူ့ပြည်ကို ပစ်ချခဲ့ပါတယ်။ အဲဒီနောက်မှာ တကယ့် “ကြယ်တာရာစစ်သူကြီး” ဖြစ်တဲ့ လေကျန့်ကျီကို ကာကွယ်ဖို့ လူအများရှေ့မှာ လှည့်ကွက်ကို အသုံးပြုပြီး မုန်တိုင်းတောင်ပံစွမ်းအားကို အမွှာညီအစ်ကိုဖြစ်သူ ရှင်းဟွမ်ရဲ့…