P (2005)

ထိုင်းနိုင်ငံရဲ့ကျေးလက်တစ်ခုမှာ ကြီးပြင်းလာတဲ့ ခမာလူမျိုး မိဘမဲ့မိန်းကလးတစ်ဦးဟာ အဖွားဖြစ်သူဆီက ဂါထာပညာရပ်များကိုသင်ယူခဲ့ရပါတယ်။
အဖွားဖြစ်သူက အသက်ကြီးပြီးနေမကောင်းဖြစ်တာကြောင့် မြေးဖြစ်သူ “အောလ်”ဟာ အဖွားဆေးဖိုးအတွက် ဘန်ကောက်မှာအလုပ်လုပ်ဖို့ဆွဲဆောင်ခံခဲ့ရပါတယ်။
ဘားတစ်ခုမှာအလုပ်ရပြီး အလုပ်ခက်ခဲမှု နဲ့ ကျေးလက်ကလာတာကြောင့် နှိမ်ချခံရပြီးအနိုင်ကျင့်တဲ့တချိုလူတွေရှိတာကြောင့်
အဖွားသင်ပေးခဲ့တဲ့ဂါထာကိုသုံးပြီး အသက်ရှင်ဖိုကြိုးစားပါတော့တယ်။
သူသတိမရမိတာက ဒီပညာရပ်ကိုအသုံးပြုရင် အ၀တ်လှန်းတဲ့ကြိုးအောက်ဖြတ်မသွားရဘူး ၊ အသားစိမ်းမစားရဘူး ၊ တခြားသူကို ဒီပညာသင်ပေးရင် ဘာမှမတောင်းဆိုရဘူး လို့အဖွားကအမြဲတမ်းပြောခဲ့ပေမဲ့ တနေ့မှာ “အောလ်” ဟာတစ်ခုပြီးတစ်ခု တားဆီးထားတဲ့အချက်၃ချက်ကိုချိုးဖျက်မိတော့….
ဒီပညာဟာတဖြည်းဖြည်းအမှောင်ဖက်ပြောင်းပြီး ဘာဆိုးကျိုးတွေဖြစ်သွားမလဲ…
ဒီအမှောင်စွမ်းအားကိုရော ထိန်းချုပ်နိုင်မလား….
အသက်ရှင်ပြီး အဖွားနဲ့ရော ပြန်ဆုံရမလားဆိုတာကို ကြည့်ရှုလိုက်ကြရအောင်………



Leave a Reply