Author: Baby Yit Lone
-

Snake Infestation in Factory
Snake Infestation in Factory (2025) သဲထိတ်ရင်ဖို တောရိုင်းတိရိစ္ဆာန်သဘာဝဘေးအန္တရာယ်ဇာတ်လမ်းတွေကိုနှစ်သက်သူတွေအတွက် ဧရာမမြွေကားတင်ဆက်ပေးလိုက်ပါတယ်။ Online Movieကား ဆိုပေမယ့် မျှော်လင့်ထားတာထပ် CGI Effectတွေကောင်းပြီး ဇာတ်လမ်းရော သရုပ်ဆောင်တွေပါကောင်းတဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုမိတ်ဆက်ပေးရရင်တော့ စက်ရုံတစ်ခုရဲ့မြေနေရာတစ်ခုမှာ မြေကြီးတူးရင်မြွေသိုက်ရှိတဲ့သင်္ချိုင်းတစ်ခုကိုတူးမိရာကနေစပါတယ်။ မြွေသိုက်ကိုတူးမိတဲ့အချိန်ကစပြီး စက်ရုံမှာ မြွေတွေတစ်နေ့တခြားများလာပါတယ်။ စက်ရုံမှာမြွေအုပ်ကြီးတစ်ခုလုံးက သောင်းကျန်းလာတဲ့အချိန်ကျမှ တကယ်တော့ စက်ရုံကိုအသုံးချပြီး မြွေဖမ်းပြီးမှောင်ခိုရောင်းစားတဲ့သူရှိနေမှန်းသိလိုက်ကြရပေမယ့် နောက်ကျသွားခဲ့ပါပြီ။ စက်ရုံတစ်ခုလုံးက မြွေဘေးကအသက်လုပြေးနေရပြီး အသက်ရှင်ကျန်သူတွေက မြွေအန္တရာယ်အပြင် လူစိတ်မရှိတဲ့ ကြောက်စရာကောင်းတဲ့ မြွေဖမ်းသမားတွေရဲ့အန္တရာယ်ကပါလွတ်အောင်ပြေးနိုင်ပါ့မလား သဲထိတ်ရင်ဖိုခံစားကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
-

Danma and Xiangyang
Danma and Xiangyang (2025) တရုတ်နိုင်ငံရဲ့ လူငယ်တွေ သူတို့ရပ်ရွာတိုးတက်ရေးအတွက် ကြိုးပမ်းမှုတွေကို ရိုက်ကူးဖော်ပြထားတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ကွမ်ကျိခရိုင် ပါတီကော်မတီ အဖွဲ့အစည်းရေးရာဌာနမှ အရာရှိတစ်ဦးဖြစ်တဲ့ လျိုတန်းမော့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်အဖြစ် ပါဖုန်းတောင်ကျေးရွာကို တာဝန်ကျစေလွှတ်ခဲ့ပါတယ်။ ရွာရဲ့ ခေတ်နောက်ကျကျန်နေတဲ့ အခြေအနေနဲ့ ဆိုးရွားတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ရင်ဆိုင်ရင်း၊ တန်းမော့ဟာ ပါတီရဲ့ ဦးဆောင်မှုကို ခိုင်မာစွာကိုင်စွဲပြီး ခေါင်းဆောင်အဖွဲ့ကို အားကောင်းအောင် တည်ဆောက်ခဲ့ပါတယ်။ အများက လေးစားရတဲ့ ရွာပါတီအတွင်းရေးမှူးဟောင်း၊ ရွာကော်မတီဝင်တွေ၊ ပြီးတော့ ရွာကိုပြန်လာတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ဝမ်ရှန့်ယန်တို့နဲ့အတူ ရွာသူရွာသားတွေကို စည်းရုံးပြီး သာယာလှပတဲ့ ပတ်ဝန်းကျင်နဲ့ ပျော်ရွှင်တဲ့ဘဝကို အတူတကွ ဖန်တီးပုံဖော်ခဲ့ကြပါတယ်။ ဒီလိုကြိုးပမ်းမှုတွေကြောင့် တစ်ချိန်က ညစ်ညမ်းပြီး လူတွေမနေချင်တဲ့ရွာလေးဟာ အခုအခါမှာတော့…
-

Fish Flew Away
Fish Flew Away (2025) ဇာတ်ကွက်က ကျုံးရှီဆိုတဲ့ အမျိုးသားတစ်ယောက် ပင်လယ်ထဲ ခုန်ချပြီး သေသွားတာနဲ့ စတာပဲ ရဲတွေကတော့ သတ်သေတယ်ပေါ့။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေက “ဟယ် သူက အောင်မြင်နေတာပဲ၊ ပျော်လည်း ပျော်နေတာပဲ ဘာလို့ရုတ်တရက်ကြီး သေရတာလဲ” ဆိုပြီး အံ့ဩနေကြတယ်။ လောင်ကျုံးရဲ့ အလောင်းကို သင်္ချိုင်းပို့ဖို့ လုပ်နေတုန်း သူ့ဇနီး ရှန်ဖေးဟုန်က စက်ဘီးနဲ့ အလျင်လိုလိုက်လာရင်း လီယွီဆိုတဲ့ အမျိုးသမီး မောင်းလာတဲ့ကားနဲ့ တိုက်မိရောနှစ်ယောက်သား စကားပြောကြည့်တော့ လီယွီကလည်း သူ့ခင်ပွန်း သတ်သေသွားလို့ ဈာပန လာတာတဲ့ ပိုဆိုးတာက သူတို့ ခင်ပွန်းနှစ်ယောက်လုံးဟာ အချိန်တူ နေရာတူ မှာ သေဆုံးခဲ့ကြတာကို သိလိုက်ရတယ်… အဲဒါတင်မကသေးဘူးနော်… လီယွီရဲ့ ခင်ပွန်း ကျုံးရှီဟာ ရှန်ဖေးဟုန်ရဲ့…
-

Familiar Touch
Familiar Touch (2025) ပရိသတ်ကြီးရေ၊ ဒီတစ်ခါမှာတော့ သက်ကြီးရွယ်အိုဘဝကို သိမ်မွေ့နက်နဲစွာ ချဉ်းကပ်တင်ပြထားတဲ့ ဒရာမာရုပ်ရှင်ကောင်းတစ်ကားဖြစ်တဲ့ Familiar Touch (2024) ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားဟာ ဒါရိုက်တာ Sarah Friedland ရဲ့ ပထမဆုံး ဇာတ်လမ်းရုပ်ရှင်ရှည်ဖြစ်ပြီး၊ Venice ရုပ်ရှင်ပွဲတော်မှာ ဆုတွေ ရရှိထားတာကြောင့် အနုပညာတန်ဖိုး မြင့်မားတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုနိုင်ပါတယ်။ ဇာတ်လမ်း အကျဉ်းချုပ် ဇာတ်လမ်းက အသက် ၈၀ အရွယ် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရုသ့် (Kathleen Chalfant) အကြောင်းပါ။ သူဟာ မှတ်ဉာဏ်လျော့ပါးလာတဲ့ (Dementia) ရောဂါကို ရင်ဆိုင်နေရပြီး၊ သူ့ရဲ့သားက သူ့ကို သူနာပြု စောင့်ရှောက်မှုပေးတဲ့ စင်တာတစ်ခု ကို ပြောင်းရွှေ့ပေးတဲ့အခါမှာ ဇာတ်လမ်း စတင်ပါတယ်။…
-

Winter in Sokcho
Winter in Sokcho (2025) စာရေးဆရာမ Elisa Shua Dusapin ရဲ့ လက်ရာမြောက် ဝတ္ထုတစ်ပုဒ်ကိုအခြေခံရိုက်ကူးထားတဲ့အပြင် ဂျပန်-ပြင်သစ် filmmaker တစ်ဦးဖြစ်တဲ့ Koya Kamura ရဲ့ ပြောင်မြောက်တဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ကာ Galway Film Fleadh, Bergamo Film Meeting တို့လို Film Festival တွေမှာ ဆုပေါင်းများစွာ ရခဲ့တဲ့ Winter In Sokcho ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဆော့ချို ပင်လယ်ကမ်းရိုးတန်းဒေသက ရွာလေးတစ်ရွာမှာ ဂင်ဆူဟာ (Bella Kim) ဆိုတဲ့ကောင်မလေးဟာ သူမရဲ့မိခင်ရယ်၊ ကောင်လေးဖြစ်သူ ဂျွန်အိုတို့နဲ့အတူ မပြောင်းမလဲ ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းနေထိုင်လျက်ရှိပါတယ်… တစ်နေ့ ဆူဟာအလုပ်လုပ်တဲ့ တည်းခိုဆောင်ကို Yan…