Snake Infestation in Factory (2025)

သဲထိတ်ရင်ဖို တောရိုင်းတိရိစ္ဆာန်သဘာဝဘေးအန္တရာယ်ဇာတ်လမ်းတွေကိုနှစ်သက်သူတွေအတွက် ဧရာမမြွေကားတင်ဆက်ပေးလိုက်ပါတယ်။
Online Movieကား ဆိုပေမယ့် မျှော်လင့်ထားတာထပ် CGI Effectတွေကောင်းပြီး ဇာတ်လမ်းရော သရုပ်ဆောင်တွေပါကောင်းတဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းကိုမိတ်ဆက်ပေးရရင်တော့ စက်ရုံတစ်ခုရဲ့မြေနေရာတစ်ခုမှာ မြေကြီးတူးရင်မြွေသိုက်ရှိတဲ့သင်္ချိုင်းတစ်ခုကိုတူးမိရာကနေစပါတယ်။
မြွေသိုက်ကိုတူးမိတဲ့အချိန်ကစပြီး စက်ရုံမှာ မြွေတွေတစ်နေ့တခြားများလာပါတယ်။
စက်ရုံမှာမြွေအုပ်ကြီးတစ်ခုလုံးက သောင်းကျန်းလာတဲ့အချိန်ကျမှ တကယ်တော့ စက်ရုံကိုအသုံးချပြီး မြွေဖမ်းပြီးမှောင်ခိုရောင်းစားတဲ့သူရှိနေမှန်းသိလိုက်ကြရပေမယ့် နောက်ကျသွားခဲ့ပါပြီ။
စက်ရုံတစ်ခုလုံးက မြွေဘေးကအသက်လုပြေးနေရပြီး အသက်ရှင်ကျန်သူတွေက မြွေအန္တရာယ်အပြင် လူစိတ်မရှိတဲ့ ကြောက်စရာကောင်းတဲ့ မြွေဖမ်းသမားတွေရဲ့အန္တရာယ်ကပါလွတ်အောင်ပြေးနိုင်ပါ့မလား သဲထိတ်ရင်ဖိုခံစားကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။



Leave a Reply