Author: Baby Yit Lone

  • ဖယ်စမ်း.. ဖယ်စမ်း ငါပစ်တဲ့ အလောင်းလေး ကြည့်လိုက်ဦးမယ် လှလားလို့…

    ဖယ်စမ်း.. ဖယ်စမ်း ငါပစ်တဲ့ အလောင်းလေး ကြည့်လိုက်ဦးမယ် လှလားလို့…

    ကမ္ဘာ့အဆင့် ၃၅ ကြီးကလဲ NUG MOD အောက်ကတပ်ရင်းတွေနဲ့တွေ့ရင် ခုလိုဇာတ်သိမ်းရတာပါပဲ

    ပခုက္ကူခရိုင် တပ်ရင်း-၁၅

  • MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် – ၁၇ သင်တန်းဆင်းပွဲ ကျင်းပ

    MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် – ၁၇ သင်တန်းဆင်းပွဲ ကျင်းပ

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် – ၁၇ သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ MDY-PDF က စက်တင်ဘာ ၁၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    သင်တန်းဆင်းပွဲ အခမ်းအနားကိုု အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD၊ စစ်ရုံးချုပ် တာဝန်ရှိသူတွေ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃) တို့က တာဝန်ရှိသူတွေ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူတွေ၊ တော်လှန်ရေးနယ်ပယ်အသီးသီးက ရဲဘော်ရဲဘက်တွေနဲ့ ဒေသခံ ရပ်မိရပ်ဖတွေလည်း တက်ရောက်တယ်လို့ ဆိုပါတယ်။

    “သင်တန်းကာလအတွင်း အခြေခံ စစ်ပညာဆိုင်ရာ သင်ခန်းစာများ၊ စစ်နည်းဗျူဟာ ရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာများ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာ သင်ခန်းစာများ၊ နိုင်ငံရေး အသိပညာများနှင့် ကိုယ်ကာယ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာများကို ပြင်းပြင်းထန်ထန် လေ့ကျင့် သင်ကြားပေးခဲ့ပါသည်” လို့ MDY-PDF က ဖော်ပြပါတယ်။

    MDY-PDF ဟာ ကနဦးက MOD ရဲ့ ကွပ်ကဲမှု အောက်မှာ ရှိတဲ့ PDF တပ်ရင်း အမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅ ဆိုတဲ့ တပ်ရင်း ငါးရင်းနဲ့ စုဖွဲ့ထားတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။

    MDY-PDF ဟာ တအာင်းတပ်မတော် – TNLA နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပါဝင်ခဲ့သလို ၁၀၂၇ ရဲ့ ဟန်ချက်ညီ စစ်ဆင်ရေးဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးမှာလည်း NUG ကွပ်ကဲမှုအောက်က PDF တပ်ရင်း တပ်ဖွဲ့တွေ၊ ဗျူဟာတွေကို ဦးဆောင်ကာ တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိမှာ မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာက မြို့၊ရွာတွေနဲ့ စစ်စခန်း အများအပြားကို သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

    သတင်းထုတ်ပြန်ချက်

    ၂၀၂၅ခုနှစ် ၊ စက်တင်ဘာလ (၁၉)ရက်

    ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

    ၂။ သင်တန်းကာလအတွင်း အခြေခံ စစ်ပညာဆိုင်ရာသင်ခန်းစာများ၊ စစ်နည်းဗျူဟာ ရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာများ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာသင်ခန်းစာများ၊ နိုင်ငံရေးအသိပညာများနှင့် ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာများကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

    ၃။ ယခု အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်မှ တာဝန်ရှိသူများ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃) တို့မှ တာဝန်ရှိသူများ၊ မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူများ၊ တော်လှန်ရေးနယ်ပယ်အသီးသီးမှ ရဲဘော်ရဲဘက်များနှင့် ဒေသခံ ရပ်မိရပ်ဖများလည်း ပါဝင်တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များအား အားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။

    ၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး တာဝန်များကို ဦးလည်မသုန် ဆထက်ထမ်းပိုး ထမ်းဆောင်လျက်ရှိပါကြောင်း သတင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

    စစ်ရုံးချုပ်

    ကာကွယ်ရေးဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

  • စီးပွားရေးကျဆင်းပြီး ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် မြန်မာပြည်သူများ စိတ်ပိုင်းဆိုင်ရာပြဿနာ ကြုံနေရ

    စီးပွားရေးကျဆင်းပြီး ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် မြန်မာပြည်သူများ စိတ်ပိုင်းဆိုင်ရာပြဿနာ ကြုံနေရ

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ဆိုးဆိုးရွားရွား ကျဆင်းလာခဲ့ပြီး ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်လာခဲ့တာကြောင့် ပြည်သူလူထုဟာ ဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့ဒဏ်ကို အလူးအလဲ ခံစားနေကြရပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးလာနေပါတယ်။

    ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၂ အရွယ် ဒေါ်အေး (အမည်လွှဲ) ဟာ သားသမီးတွေရဲ့ ထောက်ပံ့မှုကို မှီခိုနေရသူ ဖြစ်ပါတယ်။ အရင်က သူ့သားသမီးတွေက သူ့အတွက် တလထောက်ပံ့ငွေဟာ ကျန်တဲ့စရိတ်စက ဖယ်လိုက်ရင် အိမ်အသုံးစရိတ်အဖြစ် ၄၀၀,၀၀၀ လောက် ကျန်ပါတယ်။

    အခုတော့ အိမ်လခတွေ ဈေးတက်သလို လျှပ်စစ်မီတာခတွေကလည်း အရင်ထက် ပိုကုန်ကျလာတာကြောင့် သူ့အိမ်အသုံးစရိတ် လျော့ပါးသွားပါတယ်။

    ဒါပေမဲ့ တဘက်မှာ ကုန်ဈေးနှုန်းကလည်း မြင့်တက်လာတဲ့အတွက် စားဝတ်နေရေးကို ချွေတာပြီး ဖြေရှင်းနေရပါတယ်။ ပတ်ဝန်းကျင်ကလူတွေလည်း သူ့လို အကျပ်အတည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

    “ဘုန်းဘုန်းတွေရဲ့ ဆွမ်းသပိတ်တွေထဲမှာလည်း ဆွမ်းလည်း မရှိဘူး၊ ဆွမ်းဟင်းလည်း သိပ်မရှိဘူး။ အမေတို့လည်း ကြက်သား ၇,၀၀၀ ဖိုးဆိုရင် တနေ့ကို ၂ တုံး၊ လူတွေလည်း အူတွေတောင် ကျုံ့လာပြီ၊ ဘယ်လိုပြောရမှန်းတောင် အမေ မပြောတတ်ဘူး။ လူတိုင်း အမေမှ မဟုတ်ဘူး၊ ဆိုက်ကားသမားလည်း အဲဒီလို ညည်းတာပဲ၊ တက္ကစီလည်း ထိုင်နေရတာများတယ်၊ လူတွေကို ကြည့်ရတာကိုက ခြောက်ကပ်ကပ်နဲ့ လန်းလန်းဆန်းဆန်း သိပ်မရှိဘူး။”

    စီးပွားရေးပညာရှင် ဦးစိန်ဌေးရဲ့ လေ့လာတွေ့ရှိချက်တွေ အချက်အလက်တွေအရ ၂၀၂၀ ကနေ ၂၀၂၄ ခုနှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ ပျမ်းမျှ ၇ ဆ ၈ ဆလောက် မြင့်တက်လာတယ်လို့ သိရပါတယ်။

    အဲဒီလို ကုန်ဈေးနှုန်း ထိုးတက်တာ မှန်ကန်ကြောင်းကို ဒေါ်အေးက သူ့နေ့စဉ်ဘဝမှာ ထိတွေ့နေရတဲ့ စားသောက်ကုန်ပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ပြပါတယ်။

    “အခုဟာက အကုန်လုံးဈေးကြီးတယ်ကွာ။ အရင်တုန်းက ဘိန်းမုန့်တချပ်ကို ၁,၀၀၀၊ အခု ၂,၅၀၀၊ လမ်းသရဲမုန့်ကို အရင်တုန်းက ၃၀၀၊ ၃၀၀ ကနေ ၅၀၀၊ အခု ၁,၀၀၀၊ ဗမာမုန့်လေးတွေလေ၊ ဆနွင်းမကင်းလေးတွေလေ တတုံးကို ၂,၀၀၀၊ အဲဒီလိုတွေကို ပိုက်ဆံက လုံးဝ တန်ဖိုးမရှိဘူး။ ပိုက်ဆံက တန်ဖိုးမရှိဘူး၊ ကုန်ဈေးနှုန်းတွေက အဲဒီလိုမြင့်တက်တော့ စားရတာက မတန်ဘူး။ မတန်တော့ မစားတော့ဘူး။”

    ဒီလိုကျပ်တည်းနေတာ ဒေါ်အေးတို့ ပတ်ဝန်းကျင်ကလူတွေချည်းပဲတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ လက်ရှိအချိန်ထိ နိုင်ငံစီးပွားရေးတွေ ကျဆင်းလာပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတာကြောင့် ပြည်သူလူထုဟာ ဝင်ငွေနဲ့ ထွက်ငွေ မမျှတတဲ့ ဒဏ်တွေကို အလူးအလဲ ခံစားနေကြရပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ စီးပွားရေးကဏ္ဍ ကျဆင်းမှုနဲ့အတူ ပြည်တွင်းက လူ ၃ ယောက်မှာ ၁ ယောက်နှုန်း ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က စက်တင်ဘာ ၅ ရက်က ထုတ်ပြန်ထားပါတယ်။

    ကိုခိုင် (အမည်လွှဲ) က ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ရန်ကုန်ကို ရွှေ့ပြောင်းလာတဲ့ လူငယ်တယောက်ပါ။ သူဟာ ရန်ကုန်မှာ တက္ကသိုလ်ဆက်တက်ဖို့ စိတ်ကူးထားပေမဲ့လည်း လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် မိသားစုရဲ့ ပံ့ပိုးနိုင်မှု မရှိတော့တဲ့အတွက် လတ်တလော ဝမ်းရေးဖြေရှင်းဖို့ ရတဲ့အလုပ်ကို ဝင်လုပ်နေရပါတယ်။ ဒါပေမဲ့ ဝင်ငွေနဲ့ ထွက်ငွေ မမျှတတဲ့အတွက် စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာဖြစ်လာတယ်လို့ ပြောပါတယ်။

    “ဒီလက်ရှိဖြစ်နေတဲ့ ကုန်ဈေးနှုန်းရယ်၊ ဘာကြောင့်လဲဆို‌တော့ မီတာဘေ၊ တခြားတခြားသော ထွက်ငွေတွေ ရှိတယ်။ တခါတလေမှာ ကုန်ဈေးနှုန်းက တက်တက် တက်တက်လာတယ်။ ဒါပေမဲ့ ရလာတဲ့ဝင်ငွေက တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ ဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့ အခြေအနေမှာ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာက အဓိက ဖြစ်တယ်ပေါ့နော်။”

    ဒီလို စီးပွားရေးကျဆင်းမှုဒဏ်တွေအပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက စတင်ကျင့်သုံးတဲ့ လူတိုင်းမဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေနဲ့ မိသားစုအများအပြားနဲ့ လူငယ်အများအပြားကို ခြောက်လှန့်နေတာလည်း ဖြစ်ပါတယ်။

    ဒီလိုမျိုး လူမှုစီးပွားရေးတွေ အဆင်မပြေမှုတွေကြောင့် စိတ်မွန်းကြပ်မှုတွေ၊ သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ ဖြစ်လာပြီး အခန့်မသင့်ရင် မိမိကိုယ်ကိုယ် အဆုံးစီရင်လိုစိတ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း စိတ်ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။

    ဟာဝိုင်ယီ အခြေစိုက် စိတ်ကျန်းမာရေးပညာရှင်တယောက်ဖြစ်တဲ့ ဂျူးဂျူးမင်းသူကလည်း သူတို့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပေးနေတဲ့ Jue Jue’s Safe Space မှာ လာရောက် အကူအညီတောင်းကြတဲ့သူတွေထဲမှာ စီးပွားရေး ကျပ်တည်းပြီး အကြွေးတွေကြောင့် ထွက်ပေါက်အဖြစ် မိမိကိုယ်ကိုယ် အဆုံးစီရင်စိတ်တွေ ဝင်လာကြတဲ့အတွက် အကူအညီ လာရောက်တောင်းတဲ့သူတွေကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။

    “ဒီလိုမျိုး စိတ်ထွက်ပေါက်ရှာတဲ့ ကိစ္စတွေ မဖြစ်အောင် တယောက်ယောက်က လာရောက်ပြီးတော့ ရင်ဖွင့်တယ်။ မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့အတွက် အတွေးတွေ ဝင်နေတယ်။ မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့အတွက် နေချင်စိတ်တွေ မရှိတော့ဘူး၊ ဒီ လူလုပ်ချင်တဲ့စိတ်တွေ မရှိတော့ဘူး၊ ဒီကမ္ဘာကြီးကနေ ထွက်သွားချင်တယ်၊ ငါ လိပ်ပြာလေးတကောင်လိုပဲ ပျောက်သွားချင်တယ်၊ ထွက်ပြေးပြီးတော့ ပျံသန်းသွားချင်တယ် ဆိုတဲ့ စကားတွေ အရိပ်အမြွက် ပြောလာပြီဆိုရင် ကျမတို့အနေနဲ့ တိုက်ရိုက်မေးခွန်း မေးပေးလို့ရတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အတွက် စဉ်းစားနေတာလား၊ ဟုတ်တယ်ဆိုရင် ကိုယ်ဆက်ပြီးတော့ မလုပ်တတ်ဘူးဆိုရင် ကျမတို့ အဖွဲ့အစည်းတွေကို ချိတ်ဆက်ပေးလို့ ရတယ်။ လုပ်တတ်တယ်ဆိုရင်တော့ ဆက်ပြီးတော့ မေးလို့ ရတယ်ပေါ့နော်။ ဘာအစီအစဉ်တွေ ရှိလဲ။ အဲဒီအစီအစဉ်ကို ဆက်ပြီးတော့လုပ်ဖို့ ရည်ရွယ်ချက်ရှိလား၊ အဲလိုမျိုးတွေ မေးလိုက်ခြင်းအားဖြင့် ကျမတို့က ကာကွယ်လို့ရတယ်။ သူ့ရဲ့ အစီအစဉ်ကို ကာကွယ်လို့ရတယ်။ မလုပ်အောင်လို့ တားဆီးလို့ရတယ်ပေါ့နော်။”

    စက်တင်ဘာလအတွင်း ရန်ကုန်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သူ ၅ ယောက်အထိ ရှိခဲ့ပါတယ်။ မိမိကိုယ်ကိုယ် အဆုံးစီရင် ကြံစည်မှုဟာ ဩဂုတ်လကုန်ပိုင်းကနေ အခုရက်ပိုင်းအထိ ၆ ယောက် ရှိပြီး အဲဒီထဲက ၂ ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    စိတ်ကျန်းမာရေးပညာရှင်တွေကတော့ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး ပြဿနာတွေကြောင့် တယောက်တည်း မဖြေရှင်းနိုင်တော့ဘူးလို့ ခံစားရရင်၊ ဒါမှမဟုတ် စိတ်ခံစားမှုတွေ ပုံမှန်မဟုတ်ဘဲ အဆိုးဘက်ကို ရောက်နေတယ်လို့ ခံစားရရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်တာဟာ အကောင်းဆုံးဖြစ်ကြောင်း တိုက်တွန်းထားပါတယ်။

  • ဇီးကုန်းရဲစခန်းစီးနင်းတိုက်ခိုက်ခံရမှု တပ်ထောက်ခံသူတွေက ရဲတွေကို အပြစ်တင်

    ဇီးကုန်းရဲစခန်းစီးနင်းတိုက်ခိုက်ခံရမှု တပ်ထောက်ခံသူတွေက ရဲတွေကို အပြစ်တင်

    ဝါသဝလက်အောက်ပျူစောထီး ၁၀၀ ခန့်နဲ့ ရဲစခန်းထဲ တပ်ပြန်စွဲပြီး မြို့အဝင်၊အထွက်ပိတ်ထား

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းတိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပေါ့လျော့မှုကြောင့်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေ ဝေဖန်အပြစ်တင်ရေးသားနေကြပြီး တိုက်ခိုက်ခံရပြီးတဲ့နောက် ပျူစောထီးနဲ့ပူးပေါင်းတပ်ဖွဲ့တွေက ရဲစခန်းမှာ ပြန်လည်တပ်စွဲထားတယ်လို့ သိရပါတယ်။

    စက်တင်ဘာ ၁၇ ရက်ညနေ ၃ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇီးကုန်းမြို့ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူအများရဲ့ချီးကျူးမှုကိုလည်း ခံခဲ့ရတာပါ။

    စစ်တပ်ကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာတော့ ဇီးကုန်းရဲစခန်းတိုက်ခိုက်ခံရမှုဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးပေါ့လျော့မှု၊ PDF တွေရဲ့ အယုံသွင်းခံရမှုတွေကြောင့်ဖြစ်ကြောင်း၊ တိုက်ခိုက်ခံရမှုရုပ်သံမှတ်တမ်း အွန်လိုင်းမှာပျံ့နှံ့သွားတာကြောင့် တပ်သိက္ခာကျကြောင်းဆိုကာ အပြစ်တင်ရေးသားတာတွေကို တွေ့ရပါတယ်။

    PDF နယ်မြေအတွင်းရဲစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လူ၊လက်နက်၊ခဲယမ်း အင်အားအနည်းငယ်နဲ့သာ ခုခံတိုက်ခိုက်နေရတာကြောင့် စိတ်ဓာတ်ရေးရာတွေမှာ ကျဆင်းနေကြသလို ရဲတပ်ဖွဲ့ဝင်အများအပြားဟာ ငွေရရှိရေးကိုသာ အဓိကလုပ်ဆောင်ကြတာကြောင့် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်မှုမရှိဘူးလို့ CDM ရဲအရာရှိ ကိုပိုင်စိုး က မြေလတ်အသံကို ပြောပါတယ်။

    ဇီးကုန်းရဲစခန်းတိုက်ပွဲအတွင်း ဒုရဲအုပ်အဆင့်အပါ ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊ သုံ့ပန်း ၁၁ ဦး ဖမ်းမိကာ အကျဉ်းသား ၃ ဦး ကို ကယ်ထုတ်နိုင်ခဲ့ပြီး G 3 ၉ လက်အပါ သေနတ် ၁၂ လက် သိမ်းဆည်းရခဲ့တယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦး)ထံက သိရပါတယ်။

    တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာ ၁၈ ရက် ယမန်နေ့မှာ ကန့်ဘလူအခြေစိုက် အမှတ် ၆၀၀၆ တင့်ကားတပ်က ပျူဘုန်းကြီး ဝါသဝလက်အောက် ပျူစောထီးပူးပေါင်းအင်အား ၁၀၀ ခန့် ဇီးကုန်းရဲစခန်းအတွင်း တပ်ပြန်စွဲခဲ့ပြီး မြို့အဝင်၊အထွက်ကို ပိတ်ဆို့ထားတယ်လို့ ကန်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

    “မစ်ရှင်ပြီးတဲ့နောက် ၁ ရက်မှာ ကား ၅ စီးနဲ့ပြန်ဝင်လာတယ်။ ရဲတွေအဓိကပေါ့။ အင်အားဘယ်လောက်ဆိုတာ အတိအကျတော့မသိရဘူး ခန့်မှန်း ၁၀၀ လောက်ရှိမယ်။ ကား ၅ စီးဆိုပေမယ့် အေဒီဗင်လေးတွေပါတယ်။ ထန်းကုန်းဘက်က ရှိတဲ့ပျူတွေစုတယ်။ ၆၀၀၆ ကရဲတွေပါတယ်။ လက်ရှိအသွားအလာတွေပိတ်ထားတယ်”လို့ ဆိုပါတယ်။

    ရဲစခန်းစီးနင်းခံရချိန်မှာ စစ်ကော်မရှင်တပ်က စစ်ကူလာခဲ့ပေမယ့် ဇီးကုန်းမြို့အထိမရောက်ဘဲ မူးဘောင်တွေအနီးကနေ ပြန်လှည့်သွားပြီး နောက် ၁ ရက်မှ အင်အားအလုံးအရင်းနဲ့ပြန်ရောက်လာတာလို့ဆိုပါတယ်။

    လက်ရှိမှာ ရဲနဲ့ပျူစောထီးတွေက မြို့အဝင်အထွက်ကိုပိတ်ဆို့ထားပြီး မြို့တွင်းပြည်သူတွေကို မြို့ပြင်ထွက်ခွာခွင့်ပိတ်ထားသလို ကျေးရွာတွေဘက်က ပြည်သူတွေကိုလည်း မြို့တွင်း ဝင်ရောက်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။

  • စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းထိုးတဲ့စစ်တပ်ရဲ့ ရုပ်အလောင်းတွေတွေ့

    စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းထိုးတဲ့စစ်တပ်ရဲ့ ရုပ်အလောင်းတွေတွေ့

    စစ်ကိုင်းမြို့နယ်မှာ လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့စစ်တပ် မိုင်းမိပြီး သေဆုံးနေတဲ့ ရုပ်အလောင်း ၅လောင်းတွေ့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကိုင်းမြို့နယ်အရှေ့ခြမ်းက စမွန်းနဲ့ခက်ခကျေးရွာကြားမှာ စစ်ကောင်စီတပ်သားတွေ မိုင်းမိပြီး အဲဒီအနီးမှာပဲ အလောင်းတွေကို မြေမြှုပ်ထားခဲ့တာလို့ သိရပါတယ်။

    “အခုထိ နယ်မြေအကုန်မရှင်းလင်းရသေးဘူး။လောလောဆယ် ၅လောင်းတွေ့ထားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

    ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ ခက်ခအနောက်ရွာဘုန်းကြီးကျောင်းကိုဝင်ပြီး ကျောင်းထိုင်ဘုန်းကြီးကို သတ်ကာ “စစ်တပ်ကို နိုင်ချင်ရင် -က်ခံလိုက်)ဆိုတဲ့ စာကို ဘုရားရင်ပြင်မှာ ရေးသွားတယ်လို့လည်း သိရပါတယ်။

    အဲဒီ စစ်ကြောင်းဟာ မင်းကွန်းတိုက်နယ်ဘက်ကနေ စစ်ကိုင်း၊ဝက်လက်နဲ့ မတ္တရာမြို့နယ် သုံးနယ်အစပ်နေရာတွေကို စစ်ကြောင်းထိုး သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းလို့ သိရပါတယ်။

    စစ်ကြောင်းဟာ ဇူလိုင်လကနေစက်တင်ဘာအထိ အဲဒီသုံးမြို့နယ်အတွင်းမှာကျောင်းထိုင် ဆရာတော်တွေအပါအဝင် ပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

    လက်တလောမှာ အဲဒီစစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်း၊အောင်ဇေယျကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကြောင်းနဲ့ ပူးပေါင်းသွားတယ်လို့ သိရပါတယ်။

    (မိုင်းမိပြီး သေဆုံးတဲ့ စစ်သားရုပ်အလောင်းတွေ တူးဖော်နေစဉ်။ ဓာတ်ပုံ – CJ)