Author: Baby Yit Lone
-

မပခ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံး
မြစ်ကြီးနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးပြီး ၂ ဦးဒဏ်ရာရ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ကျော်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်က မြစ်ကြီးနာမြို့ ရမ်ပူ အပိုင်း ၁၂ ဘက်တွင် ကျရောက်ပေါက်ကွဲပြီး စာကျက်နေသည့် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးသွားကြောင်း၊ လူကြီး ၂…
-

မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိ
စစ်ကိုင်းမြို့နယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိပြီး ၎င်း၏ ဖုန်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များကို စိန်ခေါ်ထားသော မက်ဆေ့များတွေ့ရှိရ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိပြီး ၎င်း၏ ဖုန်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များကို စိန်ခေါ်ထားသော မက်ဆေ့များတွေ့ရှိရကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ခံက ပြောဆိုသည်။ ဩဂုတ်လ ၂၁ ရက်နေ့ စစ်ကိုင်းမြိုနယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်မ ၃၃ လက်အောက်ခံ ဆက်သွယ်ရေး နှင့် အင်ဂျင်နီယာတပ်မှ တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ အရှင် ဖမ်းဆီးရမိသော တပ်ကြပ် ရဲလင်းနိုင်ထံမှ ဖုန်း ၂လုံး သိမ်းဆည်းရမိခဲ့ပြီး…
-

ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်
စာသင်ကျောင်း အပါအဝင် နေအိမ် ၂၄၀ ကျော်လည်း မီးလောင်ပြာကျ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာမှ ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ် ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဩဂုတ်လ ၁၉ ရက်နေ့ ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာကို ခမရ ၃၆၁ တပ်ရင်းမှ စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာ စာသင်ကျောင်း အပါအဝင် ပြည်သူပိုင် နေ အိမ် ၂၄၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။…
-

ခိုက်ရန် ဖြစ်ပွားသည့် မဲဆောက်ဈေးက မြန်မာဈေးသည်များအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီး
ခိုက်ရန် ဖြစ်ပွားသည့် မဲဆောက်ဈေးက မြန်မာဈေးသည်များအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီး မြန်မာနိုင်ငံ၊ မြဝတီမြို့ နယ်စပ်ရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့မဈေးတွင် မြန်မာဈေးသည်များ ယခုရက်ပိုင်းအတွင်း အချင်းချင်း ခိုက်ရန်ပွဲဖြစ်ပွားနောက် ထိုင်းအာဏာပိုင်များက မဲဆောက်ဈေးက မြန်မာဈေးသည်များအား ဝင်ရောက်ဖမ်းဆီးနေသည်။ မဲဆောက်ဈေးတွင် မြန်မာဈေးသည်များအချင်းချင်း ခိုက်ရန်ပွဲ အနည်းဆုံး ၄ ပွဲထက်မနည်း ဖြစ်ပွားခဲ့ပြီးနောက်မှာ ရဲ၊ လဝက၊ စည်ပင် စသည့် အဖွဲ့ပေါင်းစုံပါဝင်သော ထိုင်းအာဏာပိုင်များက ယနေ့ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ဖမ်းဆီးနေခြင်းဖြစ်သည်။ မြန်မာဈေးသည်များမှာ တုတ်၊ ဓါးများ ကိုင်ဆောင်၍ ခိုက်ရန်ပွဲဖြစ်ပွားခဲ့သလို ကိုယ်ထိလက်ရောက် ထိုးနှက်မှုများကိုလည်း ကျူးလွန်ခဲ့ကြကြောင်း မျက်မြင်များက ပြောဆိုသည်။ ထို့ကြောင့် ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးရာတွင် ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းနေသော မြန်မာဈေးသည်များအား ဖမ်းဆီးခြင်းနှင့်…
-

NUG ရဲ့ ရာဇသံ
NUG စိုးမိုးထိန်းချုပ်နယ်မြေများတွင် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေး ကောက်ပွဲ ဖိအားပေးလုပ် ဆောင်မှုများကို ဖမ်းဆီးအရေးယူမည်ဟု ကြေညာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖိအားပေးလုပ်ဆောင်မှုများကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း NUG က တရားဝင် ထုတ်ပြန် ကြေညာသည်။ အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံဖြစ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမည်ခံ အဖွဲ့အစည်းတို့ကို အကြမ်းဖက် အုပ်စုများအဖြစ်ကြေညာထားပြီးဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများအတွင်း တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်ရန် ပြည်သူလူထုအား ဖိအားပေးဆောင်ရွက် လာမှုများရှိပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း NUG က တရားဝင် အသိပေးကြေညာသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့တွင် နိုင်ငံတော်…