Author: Baby Yit Lone

  • ကော့ကရိတ်-မြ၀တီ အာရှလမ်းတွင် တိုက်ပွဲ ဆက်ပြင်းထန်နေ

    ကော့ကရိတ်-မြ၀တီ အာရှလမ်းတွင် တိုက်ပွဲ ဆက်ပြင်းထန်နေ

    ကော့ကရိတ်-မြ၀တီ အာရှလမ်းတွင် တိုက်ပွဲ ဆက်ပြင်းထန်နေပြီး စစ်တပ်က မြဝတီမြို့မှ အာရှလမ်းဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းပိုင်းတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်း ဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၍ မြဝတီမြို့မှပါ အာရှလမ်းဘက်သို့ စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အာရှလမ်းပိုင်းရှိ တတန်ကူးရွာအနီး အကြမ်းဖက် စစ်တပ်က လူလှိုင်းဖြင့် ထိုးစစ်ဆင်ကာ လက်နက်ကြီး၊ ဒရုန်းများဖြင့် တစ်နေကုန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆၀ ဦးထက်မနည်း သေဆုံးကာ ၅ ကြိမ် တပ်လန်သွား၍ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ လက်ရှိအချိန်တွင်…

  • အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန် ရေးတပ် တို့  ညီနောင်တပ်ဖွဲ့ များအဖြစ်ပူးပေါင်းဖွဲ့စည်း

    အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန် ရေးတပ် တို့ ညီနောင်တပ်ဖွဲ့ များအဖြစ်ပူးပေါင်းဖွဲ့စည်း

    စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ခိုက်ရန် အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန် ရေးတပ် တို့ ညီနောင်တပ်ဖွဲ့ များအဖြစ်ပူးပေါင်းဖွဲ့စည်း စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃‌၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်း၍ ညီနောင်တပ်ဖွဲ့ အဖြစ်ဖွဲ့စည်းလိုက်ကြောင်း အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို က ပြောကြားသည်။ နည်းဗျူဟာ ၃‌၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် စကခ ၁၉ ဒရုန်းစစ်ဆင်ရေးမှစ၍ မဟာမိတ်အဖြစ် ပူးပေါင်းပြီး အတူလက်တွဲတိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ မဟာမိတ်အဖြစ်…

  • ဗန်းမော်မှာ တိုက်ပွဲပြန်လည်ပြင်းထန်ပြီး စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့မှာမှာ ဩဂုတ်လ ၂၅ ရက်က စစ်ကောင်စီတပ်နဲ့ ကချင်တပ် KIA ပူးပေါင်းတပ်ဖွဲ့တို့ တနေကုန်နီးပါး တိုက်ပွဲပြန်လည်ပြင်းထန်ပြီး စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံးကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “လေယာဉ်ကွင်း တခြမ်း ကျန်သေးတာ။ အဲဒီမှာ စစ်ကောင်စီတွေ အရင် ထိုးစစ်ဆင်လာတာကြောင့် ကေအိုင်အေနဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ တန်ပြန်ခုခံတိုက်ခိုက်တာ။ စစ်ကောင်စီတွေ ၅၀ ကျော်လောက် သေတယ်။ ၅၄ ယောက်လို့ ပြောတယ်။ မသေသေးတဲ့ ကောင်တွေလည်း ပါတယ် ပြောတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ကေအိုင်အေနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ ရှိရာ နေရာတွေဘက်ကို စစ်ကောက်စီဘက်က ၁၅ ဦး ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။…

  • တပခ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    တပခ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၄ လုံး ထိမှန်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန် BWM အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊…

  • မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    စစ်တပ်က မြန်မာအီလက်ထရောနစ်မဲပေးစက်များ တိုးမြှင့်ထုတ်လုပ်နေပြီး မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ၁ အတွ က် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အရှိန်အဟုန်မြှင့် တိုးမြှင့်ထုတ်လုပ်နေပြီး မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီက ရွေးကောက်ပွဲတစ်ခုလုံးအတွက် အီလက်ထရောနစ် မဲပေးစက် အရေအတွက် ၅ သောင်း ခွဲ နီးပါး ထုတ်လုပ်လျက်ရှိပြီး အရေအတွက်တိုးမြှင့်ထုတ်လုပ်ရန်လည်း စီစဉ်နေကြောင်း၊ မဲပေးစက်များ၏ နည်းပညာနှင့် လုံခြုံရေးစနစ်များကို စစ်တပ်က အဓိက ထိန်းချုပ် ထုတ်လုပ်နေကြောင်း၊ မဲပေးစက်များကိုလည်း စစ်တပ်က အဓိက…