Author: Baby Yit Lone

  • ပြောင်းလဲခဲ့ရ ထိုခဏ

    ပြောင်းလဲခဲ့ရ ထိုခဏ

    ကျွန်တော် တစ်ခါမှ မစဉ်းစာခဲ့ဖူးဘူး။ ဒီလိုဖြစ်လာမယ်ဆိုတာလည်း စကားအဖြစ်တောင် မပြောခဲ့ဖူးဘူး။ လောကကြီးက တခါတလေ ခံယူချက်တွေ စိတ်ဓာတ်တွေကို ပြောင်းလည်းသွားအောင် အဖြစ်အပျက်တွေကို ဖန်တီးကြုံကြိုက်စေတယ်။ လိုက်ပွဲဆိုတာမျိုး ပေါင်တစ်ချောင်းပိုင်တယ်ဆိုတာမျိုးပြောတဲ့သူကို ခပ်ညံ့ညံ့ယောကျ်ားလို့ မြင်လေ့ရှိတဲ့ ကျွန်တော်ဟာ အခု မှန်ကြည့်တိုင်း အဲ့လိုလူကို မြင်နေရအောင် ဘယ်လိုပြောင်းလဲခဲ့တာလဲ၊ ဘာတွေက ဖြစ်စေခဲ့တာလဲ၊ သေချာတာကတော့ ကျွန်တော်ကိုယ်တိုင် ပါဝင်ဖြစ်ပျက်ခဲ့မိတာ၊ မူးလို့ဖြစ်သွားတာ စိတ်မထိန်းနိုင်လို့ပါ ဆိုတာတွေကို ကျွန်တော်လက်မခံခဲ့မိဘူး။ စိတ်ထဲမှာမရှိရင် မဖြစ်ဘူးလို့ ထင်ခဲ့မိပေမဲ့ တကယ်ကြုံလာတော့ သွေးထဲက ဆန္ဒတွေဟာ ကျွန်တော်မသိအောင် ကာလအတော်ကြာ ပုန်းနေခဲ့တယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော့်မိန်းမက ညီအစ်မ ၃ ယောက်ထဲမှာ အကြီးဆုံး။ ဒုတိယနဲ့ အငယ်ဆုံးက ၅ နှစ်စီ ငယ်တယ်။ ကျွန်တော့်ရဲ့ အထင်အမြင်တွေကို ပြောင်းလဲပြီး…

  • Stan the Man

    Stan the Man

    Stan the Man (2025) Stan the Man 2025 ရုပ်ရှင်ကို Kendall Bryant Jr. က ရိုက်ကူးထားပြီး Angus Benfield က Stan Jacobs အဖြစ် သရုပ်ဆောင်ထားကာ စက်တင်ဘာလ ၂ရက် ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဘာသာရေး၊အားကစား ဒရာမာကား တစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားဟာ ဂန္တဝင်ပရိုဘောလုံးနည်းပြဟောင်း Stan Jacobs ရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး သူကမူးယစ်ဆေးစွဲမှုကြောင့် အလုပ်အကိုင် ဆုံးရှုံးပြီး လမ်းဘေးမှာ နေထိုင်နေရသူပါ ဇာတ်လမ်းထဲမှာတော့ အရက်စွဲနေတဲ့ပုံစံနဲ့ ပြင်ဆင်ရိုက်ကူးထားပါတယ်ရုန်းကန်နေရတဲ့ ခရစ်ယာန်အထက်တန်းကျောင်းအသင်းကို သူတို့ရဲ့ပထမဆုံး ပြည်နယ်ချန်ပီယံဆုရရှိအောင် နည်းပြပေးခြင်းနဲ့ သူ့ဘဝကိုပြန်ပြင်ဆင်ဖို့ အခွင့်အရေးရလာတဲ့အခါမှာသူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ အရက်စွဲခြင်းရဲ့…

  • Pistol Whipped

    Pistol Whipped

    Pistol Whipped (2008) အမေရိကန်အက်ရှင်ကားကောင်းတစ်ကားပါ။ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်တဲ့ မတ်ထ်ကော်နာဟာ အမှုတစ်ခုကိုရင်ဆိုင်ရပြီးတဲ့နောက်မှာ အလုပ်ပြုတ် အကြွေးတွေတပုံတခေါင်းနဲ့ လောင်းကစားနွံထဲမှာနစ်နေခဲ့ပါပြီ။ ဘဝပျက်လုမတတ်ဖြစ်နေတဲ့အချိန်မှာ အမည်မသိလူတစ်စုက သူ့ရဲ့အကြွေးတွေကိုလျှို့ဝှက်ဆပ်ပေးလာတယ်။ မကြာခင်မှာပဲ ဂန်းစတားတွေကိုသတ်ပေးဖို့အတွက် သူ့ကိုအလုပ်ကမ်းလှမ်းလာခဲ့တယ်။ မတ်ထ်တစ်ယောက် အကြွေးတွေကိုဖြေရှင်းဖို့အတွက် လက်ခံခဲ့ရပြီး တစ်နေ့မှာတော့ ထုံးစံအတိုင်း လူတစ်ယောက်ကိုရှင်းပစ်ဖို့ကမ်းလှမ်းခံရတဲ့အချိန်မှာတော့ အဲ့ဒီလူဟာ သူ့ဘဝဒုက္ခရောက်နေတဲ့အချိန်မှာ အစစအရာရာကူညီကယ်တင်ပေးခဲ့တဲ့ သူ့သူငယ်ချင်းကောင်းဖြစ်နေပါတော့တယ်။ ရှေ့ဆက်ပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အက်ရှင်ကောင်းတွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။

  • Flight of Fury

    Flight of Fury

    Flight of Fury (2007) အမေရိကန် လေတပ်၏ အထူးလျှို့ဝှက် တပ်ဖွဲ့ဝင် အဖြစ် စတီဗင်စေဂဲလ်ကို ဂျွန်အဖြစ် မြင်‌တွေ့ရမှာပါ ဂျွန် သည် လျှို့ဝှက်လုပ်ဆောင်ချက်များစွာအပြီးတွင် အဖမ်းခံရပြီး အရည်အသွေးမြင့် စစ်ဆေးမှုခန်းတွင် ထားစောင့်ကြည့်ခံရသည်။ သူ့ခေါင်းမှာ လျှို့ဝှက်သတင်းအချက်အလက်များစွာ ရှိနေသဖြင့် အာဏာပိုင်များက သူ့ကို ထိန်းချုပ်ထားလိုကြသည်။ ထိုအချိန်တွင် အမေရိကန်စစ်တပ်၏ အဆင့်မြင့် စွမ်းအားမြှင့်ထားသော လေယာဉ်တစ်စင်းကို လျှို့ဝှက်အကြမ်းဖက်အဖွဲ့တစ်ခုက ခိုးယူသွားနိုင်ကာ၊ ၎င်းလေယာဉ်တွင် အန္တရာယ်အကြီးမားဆုံး “Rainmaker” ဗုံးကြဲစနစ်ပါဝင်နေသည်။ ဤလေယာဉ်ကို မကောင်းကြံသူများ စွဲယူထားလျှင် ဒေသအနှံ့ အကြီးမားဆုံး ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်နိုင်သည်။ ဂျွန်ကို ပြန်လည်သိမ်းယူရန် တာဝန်ပေးကြသည်။ ရန်သူများ၊ လျှို့ဝှက်စစ်‌ဆင်ရေး လှုပ်ရှားမှု ဆိုသည့်အတိုင်း စိတ်လှုပ်ရှားဖွယ် ကြည့်ရှု့ရမှာပါ ။ အဆုံးမှာ ဂျွန်တစ်ယောက်…

  • UFC သမိုင်းရဲ့ မြန်မာနိုင်ငံဖွား MMA ဖိုက်တာ Joshua Van အကြောင်း🇲🇲

    UFC သမိုင်းရဲ့ မြန်မာနိုင်ငံဖွား MMA ဖိုက်တာ Joshua Van အကြောင်း🇲🇲

    Joshua Van ကို ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးမြို့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပြီး လက်ရှိ အနားယူသွားတဲ့ အောင်လအန်ဆန် လိုပဲ မြန်မာ့ဂုဏ်ဆောင် MMA ဖိုက်တာတစ်ဦး ဖြစ်ပါတယ်။ လက်ရှိတွင် ကမ္ဘာ့အကြီးဆုံးပြိုင်ပွဲ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UFC ရဲ့ Flyweight တန်းမှာ ယှဉ်ပြိုင်နေပြီး၊ UFC သမိုင်းတစ်လျှောက် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ပထမဆုံး မြန်မာနိုင်ငံသား တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ စာရင်းအရ Joshua Van ဟာ UFC ဖလိုက်ဝိတ် အဆင့်သတ်မှတ်ချက်တွင် နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။ စုစုပေါင်း ၁၇ ပွဲ…