Author: Baby Yit Lone

  • ကလေးတွင် ဆယ်ရက်ကြာတိုက်ပွဲ

    ကလေးတွင် ဆယ်ရက်ကြာတိုက်ပွဲ

    ကလေးတွင် ဆယ်ရက်ကြာတိုက်ပွဲအတွင်း ရန်သူ့အလောင်း သုံးလောင်းနှင့် လက်နက် ဆယ်လက်သိမ်းဆည်းရမိ

    ၂၀၂၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုးစစ်ဆင်လာသည့် ရန်သူစစ်ကောင်စီတပ် တတက-၁၀ မှ ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီး ထွန်းလင်းသူ နှင့် စကခ-၁၀ လက်အောက်ခံ ခမရ-၃၆၃ မှ ကြည်း-၄၇၁၇၁ ဗိုလ်ကြီး ၀င်းမင်းစိုး တို့ဦးစီးသည့် ခန့်မှန်းအင်အား (၁၂၀) ကျော်ပါသော စစ်ကြောင်းအား မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြရာ ရန်သူ့အလောင်း (၃) လောင်းရရှိခဲ့ပြီး သုံ့ပန်း (၁) ဦးဖမ်းမိခဲ့သည်။

    ရန်သူ့ဘက်မှ အတင်းအဓမ္မစစ်သားစုဆောင်းထားသော ဟိန္ဒူ ဂေါ်ရခါးလူမျိုး စစ်မှူထမ်းစစ်သား အများအပြား သေဆုံးခဲ့သည်။

    တိုက်ပွဲအား မိမိတို့ဘက်မှ အမှတ် (၅) အထူးလှုပ်ရှား တပ်ရင်း၊ အမှတ် (၆) အထူးလှုပ်ရှား တပ်ရင်း၊ ကလေးခရိုင် အမှတ် (၄) တပ်ရင်း၊ ကလေးခရိုင် အထူးစစ်ကြောင်း (PDF + ပကဖ)၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ PDF Zoland-Drone Team တို့ ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တိုက်ပွဲအတွင်း ရန်သူ့ လက်နက်မျိုးစုံ (၁၀) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရခဲ့သည်။

    သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

    ၁။ MG-42 (၁) လက်

    ၂။ BA-100 (၁) လက်

    ၃။ MA-4 (၁) လက်

    ၄။ MA-E (၂) လက်

    ၅။ MA-1 (၂) လက်

    ၆။ MA-3 (၂) လက်

    ၇။ G-3 (၁) လက်

    ၈။ MG-42 ပြောင်းပို (၂) ခု

    ၉။ RPG ဒုံးသီး (၅) ခု

    ၁၀။ ကျည်ဘောက်မျိုးစုံ (၂၄) ခု

    ၁၁။ ၄၀ မမ ဗုံးသီး (၁၂) လုံး

    ၁၂။ ၇.၆၂ ကပစကျည် (၁၉၀၃ ) တောင့်

    ၁၃။ ၅.၅၆ ကပစကျည် (၁၃၈၉ ) တောင့်

    ၁၄။ ၁၄ မိုင်း (၅) ခု

    ၁၅။ ၈၄ မမ မှန်ပြောင်း (၁) ခု

    ၁၆။ ၈၁ မမ မှန်ပြောင်း (၁) ခု

    ၁၇။ အီနာဂါ ဗုံးသီး (၁) ခု

    ၁၈။ ကျည်ကာဦးထုပ် (၁) လုံး

    အမှတ် (၁) စစ်ဒေသ

  • အင်းလေးတွင် လှေအမြန်မောင်းသဖြင့် လေးခွဖြင့်ပစ်၊ လှေမောင်း ၁ ဦး မျက်လုံးပျက်စီး

    အင်းလေးတွင် လှေအမြန်မောင်းသဖြင့် လေးခွဖြင့်ပစ်၊ လှေမောင်း ၁ ဦး မျက်လုံးပျက်စီး

    ရေကြီးနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲမှာ စက်လှေကို အမြန်မောင်းတာကြောင့် ရေမြုပ်နေတဲ့ အိမ်ရှင်တယောက်က လေးခွနဲ့ပစ်လို့ စက်လှေမောင်းသူတယောက် မျက်လုံးထိပြီး ပျက်စီးဆုံးရှုံးသွားရပါတယ်။

    သြဂုတ် ၂၁ ရက် မနက်ပိုင်းမှာ ရေတက်နေတဲ့ နေအိမ်တွေနားမှာ စက်လှေအမြန်မောင်းတာကြောင့် ရေနစ်မြုပ်ခံထားရတဲ့ အိမ်ရှင်တယောက်က လေးခွနဲ့ထပစ်ချိန် စက်လှေအမြန်မောင်းသူကို မထိဘဲ စက်လှေနှေးနှေးမောင်းတဲ့ အသက် ၅၀ အရွယ် ဦးအောင်မြရဲ့ မျက်လုံးကို ထိမှန်ခဲ့တာကြောင့် မျက်လုံးပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

    ဒေသခံတယောက်က “အိမ်တွေက အောက်ထပ်တွေ သွပ်တွေနဲ့ကာထားတာရော၊ အိမ်တွေက ငလျင်ဒဏ်ကြောင့်တကြောင်း၊ မနှစ်က ရေဘေးဖြစ်တော့တကြောင်း၊ မခိုင်ခံ့တော့ဘူးလေ။ စက်လှေပြင်းပြင်းမောင်းရင် အိမ်က ကာထားတဲ့အကာတွေက မခံနိုင်ဘူးလေ။ ပြီးတော့အိမ်ကလည်း ဆောင့်တွန်းသလို ဖြစ်တယ်ရော။ အဲဒါကြောင့် ပိုဆိုးတာ အခြေအနေက။ အဲဒီလိုတွေကြောင့် အခုလိုထိ ဖြစ်ကုန်တာ။ တထပ်တည်းအိမ်ဆိုရင် ပိုဆိုးတယ်” လို့ ပြောပါတယ်။

    မျက်လုံးထိခိုက်ပျက်စီးခဲ့ရသူဟာ မနောဖြူပရဟိတအဖွဲ့မှာ စက်လှေမောင်းနေတဲ့ သဘောကောင်းပြီး နေ့ည နေပူမိုးရွာမရှောင် လူတွေကို ကူညီဖေးမတတ်သူ ဦးအောင်မြ ဖြစ်တယ်လို့ သိရပါတယ်။

    လောက်စာလုံးမှန်လို့ ကွဲသွားတဲ့မျက်လုံးကို ထုတ်ပစ်ရတာကြောင့် အမြင်အာရုံ ပျက်စီးသွားရပြီး အခုလက်ရှိမှာတော့ တောင်ကြီး၊ စဝ်စံထွန်းဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

    လေးခွနဲ့ပစ်တဲ့သူဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို မသိရသေးပေမဲ့ သိရင်လည်း အမှုမလုပ်ဘူးလို့ ပစ်ခံရသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    မျက်လုံးထိခိုက်မိသူနဲ့ နီးစပ်သူက “(ပစ်တဲ့သူကို)သိလည်း အမှုမလုပ်တော့ဘူး ပြောတယ်။ ဖြစ်ကံပါလို့ ဖြစ်တယ်တဲ့။ အပစ်ခံရသူက သဘောထားကြီးတယ်။ စိတ်ရင်းကောင်းတယ်ဗျာ” လို့ ပြောပါတယ်။

    အခုလက်ရှိမှာလည်း အင်းထဲမှာ ရေကမကျသေးတာကြောင့် ချောင်းနဲ့နီးတဲ့ရွာတွေမှာ စက်လှေမောင်းရင် ဖြည်းဖြည်းမောင်းကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

    ရေမြုပ်နေတဲ့နေအိမ်က အမျိုးသမီးတယောက်က “စက်လှေမောင်းသူတွေက ကိုယ်ချင်းစာစိတ် မရှိကြဘူး။ အင်းတိန်အောက်ဝိုင်းမှာလည်း အသကုန်မောင်းကြတယ်။ အိမ်က ရေမြုပ်နေတာ သွပ်တွေ အကုန်ပြတ်ထွက်ကုန်တယ်။ ကိုယ်ချင်းစာစိတ်မရှိဘူး၊ အရမ်းပြင်းအောင် မောင်းကြတယ်” လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်ကလည်း လနဲ့ချီရေကြီးခဲ့တဲ့ အင်းလေးမှာ အခုတော့ ရေ ၁ ပေလောက် ကျသွားတယ်လို့ သိရပြီး ပုံမှန်ထက်တော့ မြင့်တက်နေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

    ရေကြီးတဲ့ဒဏ်နဲ့ ငလျင်ဒဏ်ကို ခံခဲ့ရတဲ့ အင်းလေးဒေသမှာ ပြန်လည်ထူထောင်ရေးလုပ်လို့ မပြီးသေးပေမဲ့ စစ်ကောင်စီကတော့ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲကို စက်တင်ဘာ ၂၂ ရက်ကနေ အောက်တိုဘာ ၉ ရက်နေ့အထိ ၁၈ ရက်ကြာ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

  • စစ်တပ်ထိန်းချုပ်ထားသော လားရှိုးမြို့ပေါ် ရပ်ကွက် ၅ တွင် နေ့လယ်အချိန် သေနတ်ဖြင့် ပစ်ခတ် ကားလုယက်

    စစ်တပ်ထိန်းချုပ်ထားသော လားရှိုးမြို့ပေါ် ရပ်ကွက် ၅ တွင် နေ့လယ်အချိန် သေနတ်ဖြင့် ပစ်ခတ် ကားလုယက်

    စစ်တပ်ထိန်းချုပ်ထားသော လားရှိုးမြို့ပေါ် ရပ်ကွက် ၅ တွင် နေ့လယ်အချိန် သေနတ်ဖြင့် ပစ်ခတ် ကားလုယက်

    စစ်တပ်က ရုံးများနှင့်တပ်များ၏ လုံခြုံရေးသာ အဓိက လုပ်ပြီး လူထုလုံခြုံရေးအတွက် လျစ်လျူရှုထား (ရုပ်/သံ)

    အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားသော လားရှိုးမြို့ပေါ် ရပ်ကွက် ၅ တွင် နေ့လယ်အချိန် သေနတ်ဖြင့် ပစ်ခတ်ပြီး ကားလုယက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် လားရှိုးမြို့၊ ရပ်ကွက် ၅ တွင် မြို့ခံ အမျိုးသမီး မောင်းနှင်လာသောကားကို အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ၍ သေနတ်ဖြင့် ပစ်ဖောက် ကားလုယက်သွားခဲ့ကြောင်း၊ ယင်းသို့ ကားလုယက်ချိန်တွင် အနီးအနားတွင် ပြည်သူများ ရှိနေသော်လည်း လုယက်သူများမှာ သေနတ်ကို ပစ်ဖောက်သဖြင့် မည်သူကမှ မကူညီရဲကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကားလုခံရသော အမျိုးသမီးမှာ ပေါင်တွင် သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေ ပြန်ဝင်လာပြီးကတည်းက ဖြစ်ချင်တိုင်းဖြစ်နေတာ။ ကားလုတာက သေနတ်နဲ့ပစ်လုတာမှာပေါင်ကို ထိမှန် ဒဏ်ရာရပါတယ်။ စစ်တပ်က အစိုးရရုံးတွေနဲ့ တပ်ရင်းတွေမှာပဲ လုံခြုံရေးယူထားတာ။ မြို့ပေါ်က ပြည်သူလူထုလုံခြုံရေးအတွက် ဘာမှ မလုပ်ပေးပါဘူး” ဟု လားရှိုးမြို့ခံ တက်ကြွလှုပ်ရှားသော တော်လှန်ရေး ထောက်ပို့တစ်ဦးက ရှင်းပြသည်။

    ယခုနှစ် ဧပြီလနှောင်းပိုင်း လားရှိုးမြို့ကို MNDAA ၏ လက်ထဲမှ စစ်တပ်က ပြန်လည်ရယူထိန်းချုပ်ပြီးနောက် ပိုင်း လားရှိုးမြို့ပေါ်တွင် လုယက်မှုများ၊ ခိုးမှုများနှင့် သေနတ်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

  • ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီး

    ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီး

    မိုင်းခွဲဖျက်ဆီးခံရတာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ ​ပေ ၃၀ ​ကျော် ပျက်စီး

    နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကိုယ်လိုနီခေတ် ရှေးဟောင်းအမွေအနှစ် ၊ကမ္ဘာကျော် ” ဂုတ်ထိပ်တံတား” ဒီနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းမှာ မိုင်းဖောက်ခွဲဖျက်ဆီး ခံလိုက်ရတယ်လို့ သိရပါတယ်။

    နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် မန္တလေး-လားရှိုးကို ဆက်သွယ်ထားတဲ့ မီးရထားသံလမ်း ဂုတ်ထိပ်တံတား(ကျောက်မဲဘက်ခြမ်း)ကို မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး တံတားရဲ့အလျား ပေ ၃၀ခန့်ပျက်ဆီးခဲ့ တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူဆီကသိရပါတယ်။

    စစ်တပ်အနေနဲ့ ကျောက်မဲမြို့ နယ်ဘက်ကို စစ်ကြောင်းထိုးစစ်ဆင်ဖို့အတွက် ဂုတ်ထိပ်တံတားက လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ တံတားတစ်စင်းဖြစ်တာကြောင့် TNLA ဘက်က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုမှုရှိပါတယ်။

    ” ဂုတ်ထိပ်တံတားမှာ ဒီကောင်တွေ အရင်ကတည်းက မိုင်းတွေတပ်ဆင်ထားဟန်ရှိတယ်။ ဒါကြောင့်လဲ တပ်မတော်ထိုးစစ် ရှေ့တိုးတာနဲ့ ပြေးပေါက်ရှာ ပြေးချိန်မှီအောင် တံတားကို ချက်ချင်း ဖောက်ခွဲဖျက်ဆီးလိုက်တာ ဖြစ်တယ်။
    ရှမ်းပြည်နယ်ရဲ့ ကမ္ဘာကျော်အမွေနှစ်တစ်ခုဖြစ်တဲ့ ဂုတ်ထိပ်တံတားကြီးကို ဖျက်ဆီးရက်နိုင်တာ တကယ်အံ့သြမိတယ်။ ဂုတ်တွင်းတံတားကြီးကလည်း ဖျက်ဆီးခံထားရတာလည်း မကြာသေးဘူး ဆိုတော့ ရှုမ်းလူမျိုးတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ” လို့ တပ်ထောက်ခံသူတယောက်က သုံးသပ်ပြောဆိုပါတယ်။

    ဂုတ်ထိပ်တံတား ဖျက်ဆီးခံရတဲ့အပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေဖြစ်ပေါ်နေပြီး ကမ္ဘာကျော် အမွေအနှစ်တံတားတခုကို ဖျက်ဆီးတာဟာမလုပ်သင့်ကြောင်း ဆန့်ကျင်ရှုတ်ချကြောင်း ပြောဆိုနေကြပါ တယ်။

    ဂုတ်ထိပ်တံတားဖျက်ဆီးခံရတဲ့အပေါ် အ​မေရိကန်ပြည်​ထောင်စုမှာ​နေတဲ့ ၈၈မျိုးဆက်​ခေါင်း​ဆောင် တ​ယောက်ဖြစ်တဲ့ ဦး​မောင်​မောင်​ကျော်က ” ဒီသတင်းကြားကြားချင်း ဝမ်းနည်းစိတ်မ​ကောင်းဖြစ်ရတယ် ဒါလုံးဝမလုပ်သင့်ဘူး။ ကမ္ဘာ့ ယဉ်ကျေးမှူအမွေအနှစ်ကို ချန်လှပ်ထားသင့်တယ်။ လုပ်တဲ့အဖွဲ့ ဘယ်အဖွဲ့လုပ်လုပ် လုံးဝဆန့်ကျင်ပါတယ်။” ဆိုပြီး ပြောဆိုပါတယ်။

    ဂုတ်ထိပ်တံတား ဖျက်ဆီးတဲ့အပေါ် ရှမ်းမြောက်ဒေသခံတွေကလည်း ရှုံ့ချဆန့်ကျင်ကြောင်း ပြောဆိုမှုရှိနေပါတယ်။

    ” TNLAဟာ သီပေါ၊ကျောက်မဲက ရှမ်းယဥ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးခဲ့သလို နောင်ချို ဂုတ်ထိပ်တံတားဟာလည်း အင်္ဂလိပ်တွေဆောက်လုပ်ခဲ့တဲ့ သမိုင်းဝင်တံတားတစ်ခု ကိုပါဖျက်ဆီးခြင်းဟာ အလွန်ယုတ်ညံ့တဲ့စိတ်ဘဲလို့ ” လို့ ရှမ်းပြည်​မြောက်ပိုင်းက ​ဒေသခံတ​​ယောက်က ဆိုပါတယ်။

    ဂုတ်ထိပ်တံတား ဖျက်ဆီးခံရတဲ့အပေါ် တဖက်အဖွဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကိုထောက်ခံဝန်းရံသူတွေကလည်း ဒါဟာစစ်တပ်ဘက်က ဖောက်ခွဲဖျက်ဆီးတာဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေ ​တွေ့ရပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    ဂုတ်ထိပ်တံတားက မန္တလေး-လားရှိုးလမ်း နောင်ချိုဘူတာအလွန် ၇ မိုင် ခန့်အကွာ မိုင်တိုင်အမှတ်(၄၆၃/၀၉)မှာ တည်ရှိပြီး သံမဏိအမျိုးအစားတံတားဖြစ်ကာ သံမဏိတိုင် ၁၆ တိုင်ဖြင့် ဆောက်လုပ်ထားပြီး အရှည် ၂၂၆၀ ပေ၊ ရေမျက်နှာပြင်အမြင့်ပေ ၁၁၀၀ ရှိကြောင်း၊ နောင်ချိုမြို့နယ်နှင့် ၇ မိုင်ခန့်ကွာဝေးပြီး ကျောက်မဲမြို့နယ်နှင့် ၁၄ မိုင်ခန့် ကွာဝေးကြောင်း သိရှိရပါတယ်။

    ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ကမ္ဘာ့အမြင့်ဆုံးတံတား စာရင်းဝင်ကမ္ဘာ့အမွေအနှစ် ဂုတ်ထိပ်တံတားကြီးဖြစ်တယ်လို့သိရပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာ ရှိတဲ့ ကမ္ဘာကျော် ဂုတ်တိပ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီးသွားပြီလို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။

    နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဂုတ်ထိပ်တံတားဟာ နောင်ချိုမြို့အနီး ခုနှစ်မိုင်ခန့်အကွာ၊ မန္တလေး – လားရှိုး လမ်းပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

    တံတားပျက်စီးမှုနဲ့ ပတ်သက်ပြီး ဘာကြောင့် ပျက်စီးသလဲ၊ ဘယ်သူက ဖျက်ဆီးတယ်ဆိုတာတွေကို မသိရသေးပါဘူး။

    လက်ရှိမှာ နောင်ချိုမြို့ကို အာဏာသိမ်း စစ်အုပ်စုက ပြန်လည် သိမ်းပိုက်ထိန်းချုပ်ထားပြီး နောင်ချိုကနေ ကျောက်မဲဘက်ကို စစ်အုပ်စုက စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    ကျောက်မဲမြို့နယ်ထဲ စစ်အုပ်စုနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့အကြား တိုက်ပွဲရက်ရှည် ဖြစ်ပွားနေသလို စစ်အုပ်စုဘက်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲပစ်ခတ် နေတာလည်း ဖြစ်ပါတယ်။

    တိုက်ပွဲတွေနဲ့ စစ်အုပ်စု ရန်ကြောင့် မန္တလေး – လားရှိုးလမ်းကို ပြည်သူတွေ အသုံးပြုခွင့်မရတာ နှစ်ပေါက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

    ဂုတ်ထိပ်တံတား မပျက်စီးမီကနဲ့ ပျက်စီးနေတဲ့ ဂုတ်ထိပ်တံတား/Photo – CJ

  • “ပုံကသာ AI ဖြစ်နေတာ….မြေပြင်မှာ အဲဒီထက်တောင် နီးကပ်ပါသေးတယ်” – Unicorn Guerrilla Force

    “ပုံကသာ AI ဖြစ်နေတာ….မြေပြင်မှာ အဲဒီထက်တောင် နီးကပ်ပါသေးတယ်” – Unicorn Guerrilla Force

    မန္တလေးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရေးတွင် ကူညီရန် အသင့်ရှိသည်ဟု မင်းကွန်းအခြေစိုက် “ ယူနီကွန်း” လူငယ်ပြောက်ကျားအဖွဲ့ က ပြောသည်။

    မေး။ ။ ယူနီကွန်း (Unicorn) ဆိုတဲ့ အမည်ကို ဘယ်လိုကြောင့်ပေးဖြစ်ခဲ့တာလဲ။ ယူနီကွန်းပြောက်ကျား တပ်ဖွဲ့မှာ ဘယ်လိုလူတွေပါဝင်လဲ။

    ဖြေ။ ။ ကျွန်တော်တို့ တော်လှန်ရေးကိုယ်ပိုင်အဖွဲ့တစ်ခုလုပ်မယ် ဆိုပြီးတော့ တွေးမိတဲ့အချိန်မှာ အဖွဲ့ တော်များများက အကောင်တွေ နာမည်တွေ သုံးကြတယ်၊ သိန်းငှက်တို့ ဥပမာ စွန်ရဲတို့၊မြွေပွေးတို့။ ဒီအကောင်နဲ့ပတ်သက်တာတွေ တော်တော်ပေးကြတာပေါ့နော်။ တစ်နိုင်ငံလုံး အတိုင်းတာအနေနဲ့ သိပ်ပြီးတော့မသုံးတဲ့၊ ထူးဆန်းတဲ့အကောင်မျိုး ဘာရှိတုန်းဆိုတော့ စဉ်းစားရတာပေါ့နော်။ စဉ်းစားတဲ့အချိန်မှာ ယူနီကွန်းကို စဉ်းစားမိသွားတာပေါ့။ အဲဒီမှာ ငါတို့က ပြောက်ကျား တိုက်မယ့်အဖွဲ့ဆိုပြီး ​ယူနီကွန်းပြောက်ကျားတပ်ဖွဲ့လို့ ပေးခဲ့တာပါ။

    မကြာသေးမီရက်များက ထုတ်ပြန်ခဲ့သည့် မန္တလေးမြို့အနီး တွေ့ရသော ယူနီကွန်းတပ်ဖွဲ့ဝင်တချို့။

    မေး။ ။ အဖွဲ့တည်ထောင်ပြီး မစ်ရှင်ပေါင်း ဘယ်နှခုလောက်ကြိုးစားခဲ့လဲ။ ဘယ်နှခုလောက် အောင်မြင်ခဲ့လဲ။

    ဖြေ။ ။ ကျွန်တော်တို့က သာမန်အရပ်သားလူငယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ အများစုက စစ်ကိုင်းသားတွေ၊ မန္တလေးသားတွေနဲ့ ဧရာဝတီတိုင်းသားတွေလည်း ပါပါတယ်။ စပြီးတော့ အဖွဲ့ဖွဲ့တာ ၂၀၂၂ခုနှစ်၊ ခုနစ် လပိုင်း၊ ရှစ် လပိုင်းလောက်ကပါ။ အခုဆို သုံးနှစ်ရှိပြီ။ သုံးနှစ်ကာလအတွင်း မစ်ရှင်တွေက အများကြီးပါ။ အသေးစိတ်ပြောဖို့ ခက်တယ်ဗျ။ ဥပမာ ဒရုန်းမစ်ရှင်လား၊ စခန်းသိမ်းမစ်ရှင်လား။ အဲဒီလိုမျိုးပေါ့နော်။ ပြောက်ကျားမစ်ရှင်တွေဆိုလည်း အများကြီးအောင်မြင်ခဲ့ပါတယ်။

    ဒရုန်းမစ်ရှင်ဆိုလည်း ဒီစစ်ကိုင်းမှာပေါ့နော်။အဲဒီတုန်းက စစ်ကိုင်းတိုင်းထဲမှာ သိပ်ပြီး မတွင်ကျယ်သေးဘူး။ အဲဒီတုန်းက အဓိကသုံးတာ DGI က ထုတ်တဲ့ ဒရုန်းအသေးလေးတွေနဲ့ ၄၀၀ ဂရမ်၊ ၅၀၀ ဂရမ် အဲဒီလို ဒရုန်းလေးတွေနဲ့ ဗုံးသီးလေးတွေပဲ ချကြတဲ့အချိန်ပေါ့နော်။

    စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာအခြေစိုက် အမှတ် (၆၀၀၅) တင့်ကားတပ်ကို ယမန်နှစ် နှစ်လယ်က ယူနီကွန်းအဖွဲ့က တိုက်ခိုက်ခဲ့ကြစဉ်။

    ကျွန်တော်တို့ “ယူနီကွန်း” ဆိုပြီးတော့ နာမည်ထွက်သွားစေတာက ၂၀၂၂ နှစ်ကုန်ပိုင်း လောက်မှာပဲ။ ဧရာဝတီမြစ်ထဲမှာ အမြန်သွားနေတဲ့ ရဲစပိဘုတ်လေးကို ကျွန်တော်တို့ ဒရုန်းနဲ့လိုက်ချတဲ့ အချိန်ကနေစပြီး လူသိလာတာပေါ့နော်။ ကျွန်တော်တို့ ဒရုန်းမစ်ရှင်တွေ ဆိုရင် စစ်ကိုင်းမြို့နယ်မှာလည်း ချဖူးတယ်။ မြင်းမူတို့ ဝက်လက်တို့မှာလည်း လှုပ်ရှားခဲ့တယ်။ ပြောရမယ်ဆိုရင် ခေါင်းစဉ်တွေ ခွဲပြောရမယ်။ ကျွန်တော်တို့ အဲဒီလိုမျိုး စစ်ကားတွေကို လိုက်ချတာတွေလည်းရှိသလို၊ ရေထဲကမော်တော်တွေ လိုက်ချတာရှိတယ်။ သင်္ဘောတွေ လိုက်ချတာရှိတယ်။ စစ်တပ် အဆောက်အအုံတွေလည်း ရှိတယ်။ အုန်းတော ၆၀၀၅ တင့်ကားတပ်၊ ဆားတောင်ရဲစခန်း၊ မင်းကွန်းရဲစခန်းတွေဆိုလည်း ဒရုန်း ခဏတိုင်းချတယ်။ ပြီးရင် နောက်ဆုံး မတ္တရာမြို့ပေါ် အထိပေါ့။ ဒီမန္တလေးတိုင်းထဲက မတ္တရာမြို့ပေါ်ရဲစခန်းတွေ၊ ထွေအုပ်ရုံးတွေကအစ ကျွန်တော်တို့ ဒရုန်းချတာ။

    မေး။ ။ အဲဒီမစ်ရှင်တွေကြောင့် စစ်ကောင်စီ ဘယ်လောက်အထိနာခဲ့ရလဲ။

    ဖြေ။ ။ အများအပြားကတော့ မစ်ရှင်တွေ အကုန်လုံးပေါင်းမယ်ဆိုရင်တော့ များမယ်ဗျ။ ဟိုလိုမျိုး မစ်ရှင် တစ်ခါ လုပ်ရင်တော့ အစုလိုက်အပြုံလိုက်သေတာမျိုးကတော့ သိပ်ပြီးတော့ မရှိဘူးပေါ့နော်။ စစ်ကြောင်းတက်လာတဲ့ အချိန် ဒရုန်းချလို့ အများအပြားသေဆုံးကြတာမျိုးရှိတယ်။

    မေး။ ။ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေ ဘယ်လောက်ရှိလဲ။ အမှတ်တရအဖြစ်တွေရှိလား။

    ဖြေ။ ။ မနှစ်က စစ်ကိုင်း-မင်းကွန်းလမ်းမှာ စစ်ကားနှစ်စီးကို တိုက်ခိုက်ခဲ့တယ်။အဲဒီမှာ အများအပြားသေဆုံး ကြတယ်။ အမှတ်ရဆုံးမစ်ရှင်တွေဆိုရင် အဲ့ဒါကို ပြောလို့ရသလို၊ ဒီ ခြောက် လပိုင်း၂၇ ရက်နေ့က မစ်ရှင်လည်းပြောလို့ရတယ်။ ကျွန်တော်တို့ ရဲဘော်နှစ်ယောက်ကျတဲ့ မစ်ရှင်ပါ။ အဲဒီ တစ်ရက်တည်းကို နှစ်ယောက်ပေါ့နော်။ တစ်ပြိုင်တည်းပေါ့။ကျွန်တော်တို့ဆုံးရှုံးရတာ။ ကျန်တဲ့ တစ်ယောက်ကတော့ ၂၀၂၃ လောက်ထင်တယ်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ မင်းကွန်းတိုက်ပွဲတွင် ပြောက်ကျားတပ်ဖွဲ့ ဆုံးရှုံးလိုက်ရသော တပ်ဖွဲ့ဝင်နှစ်ဦး။

    မေး။ ။ စစ်ဆင်ရေးလုပ်ရတဲ့အခါ အရပ်သားတွေ ထိခိုက်သွားတာ ကြုံဖူးသလား။ ဘယ်တုန်းက ဘယ်လို ထိခိုက်သွားသလဲ။

    ဖြေ။ ။ ထိခိုက်သွားတာမျိုးက ကြုံခဲ့ဖူးတယ်ပေါ့နော်။ ဒါပေမဲ့ ဆိုးဆိုးရွားရွားတော့ မဟုတ်ဘူး။ ကျွန်တော်တို့ဘက်က လူကိုယ်တိုင်ကိုလည်း တောင်းပန်တယ်။ အဲဒီလိုမျိုး ဆေးရုံစရိတ်တွေ ဘာတွေကူညီပေးခဲ့တယ်။

    လူထိခိုက်တဲ့ဖြစ်စဥ်က ဆားတောင်ရဲစခန်းမှာ ဖြစ်တာဗျ။ ဆားတောင်ရဲစခန်းက ထွက်လာတဲ့ စစ်ကြောင်းကို ကျွန်တော်တို့ လိုက်ပြီးဒရုန်းနဲ့ချတော့ သူတို့ စစ်ကြောင်းရဲ့ဘေးအိမ်ပေါ် ကျပြီး ပြည်သူ တစ်ဦးထိတာပေါ့။

    နောက်ထပ်က ကျွန်တော်တို့ မစ်ရှင်ကြောင့် ဆိုးရွားစွာ ထိခိုက်တာတော့ မရှိဘူးဗျ။ ဒါပေမဲ့ တိုက်ရိုက် မဟုတ်ဘဲနဲ့ သွယ်ဝိုက်ထိခိုက်တာမျိုးရှိတယ်။ ဘယ်လိုတုန်းဆိုတော့ ကျွန်တော်တို့မစ်ရှင်ကြောင့်မို့လို့ အရပ်သားတွေ ဖမ်းခံရတာတွေ၊ နောက် အရပ်သားအိမ်တွေ မီးရှို့ခံရတာတွေတော့ ရှိတယ်။ အဲဒါကတော့ တော်လှန်ရေးအဖွဲ့အစည်းတိုင်း ကြုံတွေ့နေရတဲ့ အရာပေါ့။

    မေး​။ ။ စစ်တပ်သတင်းပေးသူတွေကို ဘယ်လို ကိုင်တွယ် အရေးယူသလဲ။ လူမှားပြီး အရေးယူမိတာမျိုး ရှိသလား။

    ဖြေ။ ။ အဲဒီလိုမျိုးတော့ မရှိဘူးဗျ။ ကျွန်တော်တို့အနေနဲ့ လူမှားပြီး အရေးယူမိမှာတွေ အရမ်းကြောက်တယ်။ ဒလန်ဆိုပြီး ပြည်သူတစ်ယောက်က လာပြီး ကျွန်တော်တို့ကို သတင်းပေးတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က အလုံးစုံ ယုံပေးလို့မရဘူး။ စိစစ်ရတယ်။ သတိပေးတယ်။ ဖျောင်းဖျတယ်။ နောက်ဘယ်လိုမှ ဖျောင်းဖျလို့မရဘူး ဆိုတော့မှ ကျွန်တော်တို့ဘက်က အဲဒီလိုမျိုး နောက်ဆုံးလမ်းကို ရွေးရတာပေါ့နော်။

    လုံးဝ သတင်းပေး(ဒလန်) သေချာနေတယ်ဆိုရင်တောင်မှ ကျွန်တော်တို့ဘက်က လူသားချင်း စာနာပြီးတော့ မလုပ်တာများပါတယ်။ ဒီ မိုးဇာရပ်ကွက်ဥက္ကဋ္ဌပေါ့၊ စစ်ကိုင်းမြို့ပေါ်က နာမည်ကြီး ပျူခေါင်းဆောင် ရွှေကျားတုန်းကဆိုရင် ကလေး နှစ်ယောက်နဲ့ လူကြီး တစ်ယောက်နဲ့ အရှင်ဖမ်းမိတယ်ဗျ။ ကလေး နှစ်ယောက်ရဲ့ နောင်ရေးပေါ့။ ကလေး နှစ်ယောက်ရဲ့ ဒုက္ခကို ထည့်တွက်ပြီးတော့ အရှင်ဖမ်းမိတဲ့ တစ်ယောက်ကိုပါ ကျွန်တော်တို့ လွှတ်ပေးခဲ့တယ်။ ကလေး နှစ်ယောက်ကို မင်းခေါ်သွား၊ မင်းသွားပြီး ပြန်ပို့ပေးလိုက်ဆိုပြီး ပြန်လွှတ်ပေးခဲ့တာ ရှိပါတယ်။

    မေး။ ။ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုက ဘယ်လိုရှိလဲ။

    ဖြေ။ ။ မဟာမိတ်တွေကတော့ အများကြီးရှိတယ်​ဗျ။ ကျွန်တော်တို့ အရင်ကတည်းက အဖွဲ့ စဖြစ်လာ ပါပြီဆိုကတည်းက တွဲလာတဲ့ မဟာမိတ်ပေါ့နော်။ ဒီအမြဲတမ်းမဟာမိတ်ဆိုရင် Phoenix sgg ရှိတယ်။

    ကျန်တာတွေကတော့ အလျဉ်းသင့်ရင် သင့်သလို အကုန်တွဲလုပ်ကြတာပေါ့။ တပ်ရင်းတပ်ဖွဲ့တွေနဲ့ရော၊ ပကဖတွေနဲ့ရော အဲဒီလိုမျိုး အစုံပဲ။ အကုန် မဟာမိတ်လုပ်ပြီးတော့ တိုက်ကြတာပေါ့။

    မေး။ ။ မစ်ရှင်တွေဖော်ဆောင်ရာမှာ ကြုံရတဲ့အခက်အခဲတွေ။ နောက် စစ်ကောင်စီရဲ့ရန်ရှာမှုတွေ။ စစ်ကြောင်းထိုးမှုတွေကြောင့် အန္တရာယ်တွေကြုံခဲ့ရသလား။

    ဖြေ။ ။ ဒါတွေကလည်း တပ်ဖွဲ့တွေ အကုန်လုံးနီးပါး ကြုံရတဲ့အခက်အခဲတွေ ဖြစ်မှာပေါ့နော်။ အကြီးမားဆုံး အခက်အခဲကတော့ ခဲယမ်းပေါ့။ တခြားအဖွဲ့အစည်းတွေလည်း ဒီလိုပဲ။ တိုက်ပွဲမှာ ရှုံးသွားတာတို့၊ သူတို့နဲ့ ယှဉ်ပြီးတော့ သတ္တိမရှိလို့မဟုတ်ဘဲနဲ့ ခဲယမ်းမရှိလို့ ပေးလိုက်ရတာ။ အဲဒီလိုမျိုးတွေရှိတယ်။ သူတို့နဲ့ ယှဥ်တိုက်လို့ရတယ်။ခဲယမ်းအခက်အခဲတွေကြောင့် နေရာတွေ ပြန်ပေးလိုက်ရတာ။

    မေလအတွင်း ဒရုန်းစစ်ဆေးနေကြသော ယူနီကွန်းတပ်ဖွဲ့ဝင်တချို့။

    မေး။ ။ ယူနီကွန်းက NUG လက်အောက်ခံ အဖွဲ့တစ်ခုလား။ NUG က ထောက်ပံ့နေသလား။

    ဖြေ။ ။ ကျွန်တော်တို့ ယူနီကွန်းက NUG လက်အောက်ခံ​တော့ မဟုတ်ဘူးပေါ့။ NUG မှာတော့ နာမည် ပေါက်ပြီးသားပေါ့။ အခုနောက်ပိုင်းမှာ လိုအပ်တာလေး ထောက်ပံ့လာတာ ရှိတယ်။ အဓိကတော့ ခဲယမ်းပေါ့နော်။ ခဲယမ်းထောက်ပံ့လာတာရှိတယ်။ အရင်တုန်းကတော့ မရှိဘူး။

    ဘဏ္ဍာရေးအခက်အခဲကတော့ အမြဲတမ်းရှိနေမှာပေါ့။ Online ပေါ်က အပါအဝင် ပြည်တွင်းပြည်ပက ထောက်ပို့တွေရဲ့အားနဲ့ ရပ်တည်နေတာဆိုတော့ ကျွန်တော်တို့မှာက မြေပြင်စီးပွားရေး မရှိဘူး။ တခြားအဖွဲ့တွေလို ထောက်ပံ့နိုင်မယ့် စီးပွားရေးပေါ့။ အဲဒီလိုဟာ မရှိဘူးဗျ။ ကျွန်တော်တို့မှာ အဓိက ပြည်သူ့ထောက်ပို့နဲ့ ရှေ့ဆက်သွားနေတာပေါ့။ ကိုယ်နဲ့သိတဲ့ ရင်းနှီးတာတွေပေါ့နော်၊ အများကြီးတော့ မဟုတ်ဘူး။ အဲဒီလိုမျိုး ရိက္ခာပို့ ဘာပို့ညာပို့၊ အဲဒီလိုလေးတော့ ရှိပါတယ်။

    ကျွန်တော်တို့က အရင်ကတည်းက တပ်ဖွဲ့တစ်ခုလုံးအနေနဲ့ အမှားအယွင်း၊ လုပ်ရပ်အမှားတွေ မရှိအောင် ကျွန်တော်တို့ ရပ်တည်ခဲ့တယ်။ ကိုယ်နေတဲ့ဒေသ အကျိုးကိုလည်း ဆောင်ရွက်တယ်။ များသောအားဖြင့် အမှားကင်းအောင်နေတယ်။ အဲဒီမှာ ကျွန်တော်တို့ကို ပြည်သူလူထုက ထောက်ခံကြတယ်။ အားပေးကြတယ်ဗျာ။

    မေး။ ။ Road to Mandalay ဆိုတဲ့ စစ်ရေးရည်မှန်းချက်ကရော ဖြစ်နိုင်သလား။ လက်တွေ့မှာ ဘယ်လောက်ခရီးရောက်ပြီလဲ။

    ဖြေ။ ။ မဖြစ်နိုင်တဲ့ (မျှော်လင့်ချက်) တွေ ကျွန်တော်တို့က ပြည်သူကို မပေးဘူးပေါ့။ တကယ်လည်း ကျွန်တော်တို့ မန္တလေးနဲ့ အနီးဆုံး ဘယ်လောက်ထိရောက်နေပြီလဲဆိုတော့ သိတဲ့သူတွေ သိတယ်ဗျာ။ အဲဒီလိုမျိုး အနေအထားမှာ ရည်ရွယ်ချက်ကတော့ အောင်မြင်ဖို့ နည်းနည်း လိုသေးတယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ ပထမခြေလှမ်းက အောင်မြင်ခဲ့ပြီ၊ ဒုတိယခြေလှမ်းက သိပ်မဝေးတော့ဘူး။

    Road to Mandalayရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ တစ်ဖွဲ့တည်းနဲ့ ငါတို့ မန္တလေးကို သိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးမဟုတ်ဘူး။ မန္တလေးကို တကယ်သိမ်းနိုင်မယ့် အဖွဲ့အစည်းတွေရောက်လာခဲ့ရင် ကျွန်တော်တို့က နယ်မြေခံအနေနဲ့ သူတို့လိုအပ်တာတွေ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ မြေပြင်လမ်းကြောင်းဆိုင်ရာ ဘယ်လိုရှိတယ်ဆိုတာ ကူညီပေးနိုင်မယ်။ မန္တလေးကို သိမ်းမယ့်အဖွဲ့တွေကို ကျွန်တော်တို့ အကူအညီပေးဖို့ အဓိကရှိတယ်ပေါ့နော်။

    မေး။ ။ လက်ရှိမှာမန္တလေးနဲ့ နီးကပ်တဲ့နေရာတွေအထိ ယူနီကွန်းတပ်တွေက ရောက်နေခဲ့ပြီဆိုတော့ စစ်ရေးအခြေအနေက မန္တလေးမြို့ကိုဘယ်လောက်အထိ သက်ရောက်နိုင်နေလဲ။ မန္တလေးကို ခြိမ်းခြောက် နိုင်ပြီလား။

    ဖြေ။ ။ ကျွန်တော်တို့ ခြိမ်းခြောက်နိုင်ပြီလို့ပဲ ပြောရမယ်။ ဘာလို့လဲဆိုတော့ ဒီလက်နက်ခဲယမ်းတွေနဲ့ ခြိမ်းခြောက်တာတောင် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရည်ရွယ်ချက်မရှိဘဲနဲ့ လုပ်လိုက်တဲ့ အရာလေးကတောင်မှ မန္တလေးတစ်ခုလုံး၊ မန္တလေးတစ်မြို့လုံး၊ (စစ်တပ် အခြေစိုက်တဲ့) နန်းတွင်းတစ်ခုလုံး ဘယ်လောက်ထိ သက်ရောက်သလဲ ဆိုတော့ သူတို့ဘက်က တုံ့ပြန်ကြတယ်။ နောက် အဲ့ဒီပုံတင်တဲ့ ညကဆိုရင် ဒီနန်းတွင်းထဲက တပ်တစ်ခုလုံး ကောင်းကောင်းမအိပ်ရဘူးဆိုတဲ့ ပုံစံမျိုးထိ ကျွန်တော်တို့ ပြန်ကြားရတယ်။

    ဩဂုတ်လ၊ ၁၁ ရက်နေ့က လူမှုကွန်ရက်တွင် တင်ခဲ့သော AI ဓာတ်ပုံ။

    မေး။ ။ မန္တလေးမြို့ကြီးကို လှမ်းမြင်ရတဲ့ ဓာတ်ပုံတစ်ခု လူမှုကွန်ရက်မှာ ပေါက်သွားတာတွေ့ရတယ်။ နောက်ပြီး AI ဆိုပြီး ဖြေရှင်းတာ တွေ့ရတယ်။ အဲဒီဓာတ်ပုံထဲကလိုရော မြေပြင်အနေအထားမှာ တကယ် ဖြစ်နိုင်ရဲ့လား။

    ဖြေ။ ။ ကျွန်တော်အထက်မှာပြောတဲ့ (စစ်ကိုင်းဘက်က) မစ်ရှင်ဆိုရင် မန္တလေးနဲ့ ငါးမိုင်လောက်ပဲ ကွာတယ်။ အဲဒီပုံကမှ နည်းနည်းလေး ဝေးနေသေးတယ်ဗျာ။ အဲဒီနားမှာလည်း ကျွန်တော်တို့ မစ်ရှင်က တစ်ခုမကဘူးဗျ။ ငလျင်အပြီး တစ်လလောက် အကြာမှာထင်တယ်။ စစ်ကားတစ်စီးကို ဝိုင်းပစ်တဲ့ ဟာဆိုရင်လည်း အကွာအဝေးက အတူတူပဲ၊ ငါးမိုင်လောက်ပဲ။ ပြောချင်တာက ပုံကသာ AI ဖြစ်နေတာ။ မြေပြင်မှာ အဲဒီထက်တောင် နီးကပ်ပါသေးတယ်။

    မေး။ ။ အဲဒီ AI ဓာတ်ပုံ ဘာလို့တင်လိုက်တာလဲ။

    ဖြေ။ ။ အဲဒီပုံက အဓိကက ဘာရည်ရွယ်ချက်မှ မရှိဘဲနဲ့ ဖြစ်သွားတာဗျာ။ ဒီအတိုင်းပဲပေါ့။ ကျွန်တော့်မှာ ရှိတဲ့ ဓာတ်ပုံလေး နှစ်ပုံကို ပေါင်းလိုက်တာပေါ့နော်။

    တစ်ပုံက ကျွန်တော်တို့ ကိုယ်တိုင် ရိုက်ထားတဲ့ပုံ။ မန္တလေးဘက်ဂရောင်းနဲ့ နောက်တစ်ပုံက သူများတွေ ပြောတာ ဗီယက်နမ် စစ်သားတွေပေါ့နော်။ ကျွန်တော်က နှစ်ခုကို ပေါင်းပေးပါဆိုပြီး လုပ်လိုက်တယ်။ အဲဒီပုံ ထွက်လာတော့ ကြိုက်သွား၊ သဘောကျသွားတာပေါ့။

    သဘောကျသွားပြီးတော့ ဘာရည်ရွယ်ချက်မှ မပါဘူးဗျ။ ကျွန်တော် Cover photo တွေမှာ photo တွေ လျှောက်ပြောင်းလိုက်တာ။ ဒီပုံလေး သဘောကျတယ် ပြောင်းမယ်ဆိုပြီးတော့ ပြောင်းလိုက်တာ။ ညမှာ ပြောင်းလိုက်တာကိုမှ မနက်ခင်းကျတော့ ကျွန်တော်တို့က အလုပ်ကိစ္စရှိတော့ အလုပ်ကိစ္စ သွားလိုက်တာ။

    နေ့လယ်လောက် ပြန်လာတဲ့အချိန် လိုင်းသုံးမရခင်မှာ လေယာဉ်က ၁၄ မိုင်ဂိတ်ကို ကြဲတာ။ ကြဲတဲ့ အချိန် ကျွန်တော်တို့ အဲဒီသွားပြီးတော့ ထိခိုက်တဲ့လူနာတွေကို သွားပြီး ကယ်ဆယ်ရေး လုပ်နေတဲ့အချိန်၊ အဲဒီပုံက ပေါက်နေပြီ။ ကျွန်တော်မသိဘူး။ အဲဒီမှာ ပြန်လာပြီးတော့ ည ၁၂ နာရီ လောက်မှာ ကျွန်တော်တို့ ဌာနေကို ပြန်ရောက်တယ်။အဲဒီမှာ ရှိတဲ့ ရဲဘော်က ပြောတာပေါ့။ လူတွေဆီ တအားပေါက်တာနော် ဆိုတော့ ဟုတ်လား ဘယ်လိုပေါက်တာတုန်းဆိုတော့ ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ အဖွဲ့ကို မလိုတာပဲဖြစ်ဖြစ်၊ မြေပြင်ရှိတဲ့ တချို့လူတွေက ဒီပုံကြောင့် ဒီလေကြောင်း တိုက်ခံရပါတယ်ဆိုပြီး စွပ်စွဲကြတယ်။

    နောက်ထပ်အခြေအနေဆိုးတာတွေ ဖြစ်လာမှာစိုးလို့ အဲဒီမှာ AI ပုံဆိုပြီး ကျွန်တော်တို့ ပြန်တင်လိုက်တယ်။ ဒါ တကယ် ဘာရည်ရွယ်ချက်မှ မရှိဘူး။ ပုံလေးကြိုက်လို့ တင်လိုက်တာကနေပြီးတော့ အဲဒီလောက်ထိ အကြီးအကျယ်တွေ ဖြစ်ကုန်တာပေါ့။

    မေး။ ။ အနီးကပ်ဆုံး မင်းကွန်းရဲ့ စစ်ရေးအခြေအနေကရော ဘယ်လိုရှိလဲ။ မင်းကွန်းဒေသကို တော်လှန်ရေးတပ်တွေက ဘယ်လောက်စိုးမိုးနိုင်ပြီလဲ။

    ဖြေ။ ။ လက်ရှိကတော့ စိုးမိုးထားနိုင်တယ်ပေါ့နော်။ နယ်မြေအနေအထားကတော့ ကိုယ်က စိုးမိုးနိုင်တယ် ဆိုပေမယ့် မနက်ဖြန် သဘက်ခါမှာ မတူတဲ့အခြေအနေတွေ ချက်ချင်းပြောင်းလဲ သွားနိုင်တယ်။ မင်းတို့ ကြိုက်တဲ့ကောင် လာခဲ့၊ ငါတို့ မင်းတို့ကို မလာနိုင်အောင် လုပ်နိုင်ပြီဆိုတဲ့ အနေအထားမှာတော့ မရှိဘူး။ ဒါပေမဲ့ မင်းကွန်းမှာတော့ ရွေးကောက်ပွဲ မဖြစ်အောင် ကျွန်တော်တို့ ရှိတဲ့အားနဲ့ စွမ်းဆောင်ရမှာပေါ့။

    မေး။ ။ မင်းကွန်းမှာ အရင်က ရဲစခန်း အပါအဝင် ခြောက်နေရာ၊ ခုနစ်နေရာလောက်ကို စစ်တပ် တပ်စွဲထားတယ်ပေါ့နော်။ အခုရော အဲဒီလိုအနေအထားရှိသေးလား။

    ဖြေ။ ။ မရှိတော့ဘူးဗျ။ နှစ်နေရာပဲ ပြန်ဖြစ်သွားတာဗျ။ သူတို့က မင်းကွန်းရဲ့ မြောက်ဘက်ကို စစ်ကြောင်း ထိုးလာတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က ခံတိုက်ရင်၊ မရနိုင်ဘူးဆိုရင် ဘာလုပ်နိုင်လဲဆိုတာမျိုး တွေးတယ်။ သူတ်ို့ဘက်က စစ်ကြောင်းထိုးလာတဲ့အချိန်မှာ တပ်စွဲတာ ခြောက်နေရာလောက် တပ်စွဲတယ်ဆိုရင် လူတွေက ပြန့်သွားပြီဗျာ။

    အဲဒီလိုမျိုး ပြန့်သွားပြီဆိုတော့ နောက်ကနေ ပြန်ပတ်ပြီးတော့ နှိုက်တာပေါ့နော်။ ကျွန်တော်တို့က နောက်က ပြန်ပတ်ပြီးတော့ သူတို့ အင်အား ၂၀၊ ၃၀ လောက် တပ်စွဲထားတဲ့ စခန်းကုန်းကို ကျွန်တော်တို့ တက်ပြီးတော့ သိမ်းလိုက်တယ်။ ကိုယ့်ဘက်က အထိကို မရှိဘူး၊ ရဲဘော်တစ်ယောက် ဒဏ်ရာရတယ်၊ လက်နက်တွေရတယ်၊ ပစ္စည်းတွေရတယ်။ အဲဒီလိုမျိုးတွေ ဖြစ်တဲ့အချိန်မှာ သူတို့ တပ်ဖြန့်စွဲထားရာက နေပြီးတော့မှ မူရင်းနှစ်နေရာမှာပဲ (မင်းကွန်းရဲစခန်း၊ မြသိန်းတန်ဘုရားမှာပဲ) ပြန်ပြီးတော့ ပေါင်းသွားတာ ပေါ့နော်။ အရင်လို ဖြန့်ပြီးတပ်မစွဲရဲတော့ဘဲနဲ့။

    ငလျင်ကြောင့် ပျက်စီးသွားသော မင်းကွန်းဒေသမှ နာမည်ကျော် မြသိန်းတန်စေတီ။ (ဓာတ်ပုံ-မိုးဦး)

    မေး။ ။ မင်းကွန်းက စစ်ရေးဘယ်လောက်အချက်အချာကျလဲ။

    ဖြေ။ ။ မင်းကွန်းက စစ်ကိုင်းနဲ့မန္တလေး မြို့နှစ်မြို့ရဲ့ အဓိက မြို့ဝင်ပေါက်တွေဗျာ။ မင်းကွန်းကနေ ဆက်ပြီးတော့ တက်လိုက်မယ်ဆိုရင် သွားနိုင်တဲ့နေရာတွေ။ ဘယ်လောက်ထိ အချက်အချာကျ၊
    သူတို့အတွက် မင်းကွန်းက ဘယ်လောက်ထိ အရေးပါတယ်ဆိုတာလည်း ကျွန်တော်တို့သိတယ်။ ကျွန်တော်တို့အတွက် ဘယ်လောက်ထိ အရေးပါတယ်ဆိုတာလည်း သူတို့သိတယ်။

    မေး။ ။ မင်းကွန်းစစ်ရှောင်၊ငလျင်ရှောင်တွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေတာ တွေ့ရပါတယ်။ လူပေါင်းဘယ်လောက်ကို ကယ်တင်ထားရလဲ။ အဲ့ဒီအတွက် ဘာအခက်အခဲတွေရှိလဲ။

    ဖြေ။ ။ အဓိကကတော့ ကျွန်တော်တို့က ငလျင် စဖြစ်တဲ့အချိန်မှာ တော်တော် ခက်ခဲကြတာဆိုတော့ ကျွန်တော်တို့ ဘာလုပ်နိုင်လဲပေါ့။ အိုးအိမ်ပျက်စီးတာတွေ ရှိတယ်။ စားဖို့သောက်ဖို့ ခက်ခဲကြတယ်။ အဲဒီလိုမျိုးဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ဘာတွေ လုပ်ပေးနိုင်လဲ။ ကျွန်တော်တို့ လုပ်ပေးနိုင်တာက အဓိက လိုအပ်တာ မိုးကာ၊ ကျွန်တော်တို့ မိုးကာနဲ့ပတ်သက်တာတွေ၊ ဒီ အဆောက်အအုံနဲ့ ပတ်သက်တာတွေ ကျွန်တော်တို့ ကူညီပေးတယ်။ အဓိက စားဖို့သောက်ဖို့ ဆန်ဆိုရင် ဆန် ခွဲပေးတယ်။

    ကျွန်တော်တို့က ကူညီတာ မဟုတ်ဘူး။ ကျွန်တော်တို့က ကြားခံပေါ့။ ဒီဒေသကို ကူညီထောက်ပံ့မှု ပေးချင်ရင် ကျွန်တော်တို့ကို ဆက်သွယ်ပြီး ကျွန်တော်တို့က ပြန်ပြီးတော့ ဒီလူတွေကို တကယ်ထိခိုက်ခဲ့တဲ့ ရွာတွေကို ပိုပြီးတော့ အာရုံစိုက်ပြီးတော့ လုပ်ပေးခဲ့တာပေါ့။

    အခုအချိန်ထိတော့ ကျွန်တော်တို့ဘက်က တာဝန်ယူထားတာမျိုးတွေ သိပ်မရှိတော့ဘူး။ သူတို့ (ဒေသခံတွေ) ပုံမှန်အတိုင်း ပြန်ပြီးတော့ လည်ပတ်နေကြပြီ။ မိသားစုဆုံးရှုံးတဲ့ လူတွေကလည်း မိသားစုဆုံးရှုံးတဲ့ အလျောက်ပေါ့။ အဲဒီလိုမျိုးကူညီဖို့ ကြိုးစားခဲ့တာပေါ့နော်။ အမြဲတမ်းလည်း တစ်သက်လုံး လှူနေမယ့် အလှူရှင်လည်း မရှိဘူးလေနော်။ ကိုယ့်ကိုယ်ကိုယ် ပြန်ရပ်တည်နိုင်အောင် လုပ်ပေးတာပေါ့နော်။ တချို့လူတွေဆိုရင် စီးပွားရေး လုပ်လို့ရအောင် စီစဉ်ပေးရတယ်။ ပြန်ရပ်တည်နိုင်အောင်ပေါ့။

    မေး။ ။ မင်းကွန်းဒေသခံတွေက နဂိုကတည်းကမှ ခရီးသွားတွေကို မှီတင်းနေထိုင်ရသူတွေပေါ့နော်။ခုလို ငလျင်ဘေး စစ်ဘေးတွေရော ကြုံကြိုက်နေရတော့ လူမှုဒုက္ခတွေ ဘယ်လောက်တောင်များနေကြလဲ။

    ဖြေ။ ။ အဓိကကတော့ ကျွန်တော်တို့ဘက်မှာ တွင်းထွက်လည်း ထွက်တာ မရှိဘူး။ သစ်တောဆိုတာလည်း သစ်တောကြီးလည်း မဟုတ်ဘူး။ အဓိက နိုင်ငံခြားသားနဲ့ ပြည်တွင်းခရီးသွား ဧည့်သည်တွေကို မှီခိုပြီးတော့ လုပ်ကိုင်စားသောက် နေရတဲ့လူက များတယ်။ လက်ရှိ စစ်ဖြစ်တဲ့ အခြေအနေမှာ ခရီးသွားဧည့်သည်က မလာနိုင်ဘူး ဆိုတော့ မြို့ပေါ်တက်ပြီးတော့ အပြောင်းအရွှေ့ လုပ်သူကလုပ်၊ သွားစရာမရှိတဲ့လူတွေကတော့ ရှိတဲ့အလုပ်လေးပေါ့။ တောင်ယာ အလုပ်လေးပဲဖြစ်ဖြစ်၊ ဒီလိုမျိုး ဈေးရောင်းတဲ့အလုပ်ပဲဖြစ်ဖြစ် သူတို့ကျင်လည်နေတာ များပါတယ်။

    အများစုကတော့ စစ်ရှောင်ရင်လည်း နီးစပ်ရာကျေးရွာတွေ၊ မြို့တွေမှာ ရှောင်ရတာ များပါတယ်။ ကျန်ခဲ့တဲ့ လူလည်း ရှိတော့ ရှိပါတယ်။ ကျန်ခဲ့တဲ့လူကလည်း မီးရှို့ခံရတာနဲ့ ငလျင်လှုပ်လို့ပြောင်းရတာနဲ့ဆိုတော့ အကုန်လုံးက ဒီ မိုးမိတ် ဘုန်းကြီးကျောင်းထဲမှာပဲ အကုန်လုံးက စုပြီးတော့ နေကြတာ။ ရှောင်ကြရမှာလည်း ကြောက်၊ ပြန်ရမှာလည်း ကြောက်တော့ ဘုန်းကြီးရဲ့ အရိပ်အာဝါသ အောက်မှာပဲ အကုန်စုပြီးတော့ နေကြတာ။ အခု လောလောဆိုရင်တော့ ငလျင်အလှူရှင်တွေ အနည်းငယ်ရှိတော့ သူတို့ အဆင်နည်းနည်းပြေပါသေးတယ်။

    ဧပြီလ၊ ၂၈ ရက်နေ့က မင်းကွန်းဒေသ ငလျင်သင့်သူများအား အထောက်အပံ့ပစ္စည်းအချို့ ပေးဝေနေစဉ်။ (ဓာတ်ပုံ- ယူနီကွန်း)

    မေး။ ။ ဖြည့်စွက်ပြောချင်တာတွေရှိလား။

    ဖြေ။ ။ တော်လှန်ရေးဆိုတာ ပြည်သူက အဓိကကျတယ်ဆိုတဲ့ အကြောင်းပေါ့နော်။ အစပိုင်းတုန်းက ကျွန်တော်တို့မှာ လက်နက်နဲ့အင်အား သူတို့ (စစ်တပ်)ကို ယှဉ်လို့ မရခဲ့ဘဲ ပြည်သူ့ထောက်ခံမှုကသာ အားသာခဲ့တာပေါ့နော်။ ဘယ်လိုသာလဲဆိုတော့ ကျွန်တော်တို့ တစ်နေရာကို စစ်ရေးလှုပ်ရှားမယ်ဆိုရင် ကျွန်တော်တို့ကို သူတို့ သတင်းအတိအကျကို ပေးမယ့်လူတွေက ပြည်သူပဲပေါ့နော်။ ပြောပေးမယ့်သူက များတယ်ဗျ။ သူတို့ဘက်မှာ မရှိဘူး၊ အဲ့လိုမျိုးပေါ့။ သတင်းအချက်အလက်နဲ့ ပြည်သူ့ထောက်ခံမှု အားသာတဲ့အချိန်မှာ စစ်ရေးလှုပ်ရှားရတာ လွယ်တယ်။ အန္တရာယ်ကင်းတယ်။ ထိလည်း ထိရောက်တယ်။

    နောက်ပိုင်းမှာတော့ လုပ်ပုံကိုင်ပုံ အလွဲတွေရှိလာတာပေါ့နော်။ လုပ်ကိုင်မှုအလွဲဆိုတာက ပြည်သူက မချစ်တော့ဘူးပေါ့။ သတင်းမပေးချင်တော့ဘူး။ တကယ်လည်း မပေးတော့ဘူး။ ပြည်သူ မထောက်ခံရင်တော့ တော်လှန်ရေးက အောင်ဖို့ မလွယ်ဘူးဗျ။