Author: Baby Yit Lone

  • မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၅ ဦးအပါ ၁၂ ဦး သေဆုံး

    မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၅ ဦးအပါ ၁၂ ဦး သေဆုံး

    ရခိုင်ရှေးဟောင်းယဉ်ကျေးမှုရှိရာ မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကေလး ၅ ဦးအပါ ၁၂ ဦး သေဆုံး ရခိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစွာ တည်ရှိသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ငါးဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် ULA/AA ထံမွ သိရသည်။ ဦး..နဲ့ ဒေါ်.. တို့အိမ်မှာ သုံးဘီးဝယ်ပြီး ကျနော်တို့ဒီဘက်ဓလေ့အရ ပစ္စည်းတခုဝယ်ပြီးရင် ပရိတ်ရွတ် ဆွမ်းကျွေးဖို့လုပ်တယ်။ အဲ့ဒီအတွက် မနက်ကျရင် ဆွမ်းကျွေးပရိတ်နာ လုပ်ဖို့ မိသားစု ဆွေးမျိုးတွေက လာပြင်ဆင်ကြတာ။ ဂ်က္ဖိုက္တာက အဲ့ဒီအိမ်ဘေးနားကို လာကြဲလို့ လူတွေအသေအပြောက်များတာ။ အဲ့ဒီသုံးဘီးလည်းပါသွားတယ်။ ကံဆိုးသွားတာပေါ့။ စစ်ကောင်စီကတော့ အရပ်သားပြည်သူတွေကိုပဲ ဦးတည်တိုက်နေတာ ဟု ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။…

  • ချစ်သူကောင်မလေးရဲ့ မြန်မာကျားဖြန့်ထံ ရောင်းစားခံခဲ့ရတဲ့ တရုတ်လူငယ် လွတ်မြောက်လာ

    ချစ်သူကောင်မလေးရဲ့ မြန်မာကျားဖြန့်ထံ ရောင်းစားခံခဲ့ရတဲ့ တရုတ်လူငယ် လွတ်မြောက်လာ

    မိသားစုက လျော်ကြေးငွေ သိန်း ၂၁၀၀ ကျော် ပေးပြီးနောက် ချစ်သူကောင်မလေးရဲ့ မြန်မာကျားဖြန့်ထံ ရောင်းစားခံခဲ့ရတဲ့ တရုတ်လူငယ် လွတ်မြောက်လာ အသက် ၁၉ နှစ်အရွယ် ချစ်သူကောင်လေးကို မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းတစ်ခုထံ ဒေါ်လာ ၁၄၀၀၀ နဲ့ညီမျှတဲ့ ယွမ် ၁၀၀၀၀၀ နဲ့ ရောင်းချခဲ့သူလို့ စွပ်စွဲခံနေရတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဉီး ပါဝင်သောအမှုကို တရုတ်နိုင်ငံရှိ တရားရုံးတစ်ရုံးက ကြားနာတော့မှာဖြစ်ပါတယ်။ ‘ဟောင်’လို့ခေါ်တဲ့ အမျိုးသားဟာ သူ့ရဲ့မိသားစုက ဒေါ်လာ ၄၈၀၀၀ နဲ့ညီမျှတဲ့ ယွမ် ၃၅၀၀၀၀ ကို ကျားဖြန့်ဂိုဏ်းတစ်ခုထံ ပေးပြီးနောက် ဇွန်လကုန်မှာ လွတ်မြောက်လာခဲ့ပါတယ်။ ‘ဟောင်’ဟာ လေးလနီးပါး ဖမ်းဆီးခံခဲ့ရပြီး အဆိုပါကာလအတွင်း မကြာခဏ ရိုက်နှက်ခံခဲ့ရလို့ နားထိုင်းလာခဲ့ပါတယ်။ ဟောင်ရဲ့အစ်မဖြစ်သူက…

  • ကျောက်ပန်းတောင်းမှာ နေအိမ်မီးလောင်မှုဖြစ်ပြီး စိတ်ကျန်းမာရေးကြောင့် သံကြိုးခတ်ခံထားရသူအမျိုးသား သေဆုံး

    ကျောက်ပန်းတောင်းမှာ နေအိမ်မီးလောင်မှုဖြစ်ပြီး စိတ်ကျန်းမာရေးကြောင့် သံကြိုးခတ်ခံထားရသူအမျိုးသား သေဆုံး

    မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ်ကွက်၊ မဉ္ဇူသကလမ်းရှိ နေအိမ်တခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး စိတ်ကျန်းမာရေးမကောင်းသူအမျိုးသား ၁ ဦး မီးထဲပါသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။ မီးလောင်သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် ကိုအောင်ဖြိုးမင်းဆိုသူဖြစ်ပြီး ဩဂုတ် ၂၅ ရက်ယမန်နေ့ မနက် ၈ နာရီကျော်မှာ သူ့ရဲ့ နေအိမ်မှာ ရှိနေစဥ် မီးခြစ်အသုံးပြုရာကနေ နေအိမ်ထရံကို မီးကူးဆက်လောင်ခဲ့တာလို့ ဆိုပါတယ်။ ” သူက စိတ်ကျန်းမာရေးမကောင်းဘူး။ အိမ်က ခဏခဏထွက်ပြေးတာတို့ရှိတော့ သူတို့အိမ်ထဲမှာ သံကြိုးနဲ့ချည်ပြီးထားထားရတယ်။ သူကဆေးလိပ်သောက်တယ်။ မီးခြစ်တွေခဏခဏကိုင်တယ်။ အဲ့လိုတွေဖြစ်တာ။ အဲ့ဒီအတွက်ကြောင့် သူ့အိမ်ကလူတွေက သူ့ကိုအဲ့လိုလုပ်ထားတာ။ ဖြစ်တဲ့အချိန် အမေလုပ်သူက စျေးသွားနေတဲ့အချိန် မီးခြစ်နဲ့မီးကစားရာကနေ ပါသွားတာ”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူက မြေလတ်အသံကို ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားနေချိန် မိခင်ဖြစ်သူနဲ့ ကျန်အိမ်သားတွေက စျေးနဲ့လုပ်ငန်းခွင်တွေသွားရောက်နေချိန်ဖြစ်ပြီး…

  • ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ  ၁၀၀ ဦးကို ဖမ်းဆီးရရှိ

    ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ဦးကို ဖမ်းဆီးရရှိ

    ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ဦးကို ဖမ်းဆီးရရှိပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားမှ လာရောက်သူများဖြစ်၊ ဖမ်းဆီးရမိ မြန်မာလူငယ်များအားလုံးကို မြန်မာပြည်သို့ ပြန်လည် လွှဲပြောင်းမည် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ တောအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ ကန်ချပူရီခရိုင်၊ ဆန်ခလာဘူရီ အတွင်းရှိ တောများအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ပုန်းအောင်း ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ တရားမဝင် ဝင်ရောက်သော မြန်မာနိုင်ငံသား လူငယ် ၁၀၀ဦးအတွင် အမျိုးသား ၆၂ ဦးနှင့် အမျိုးသမီး ၃၈ ဦးတို့ ပါဝင်ကြောင်း သိရှိရသည်။…

  • စစ်တပ်၏ ရွေးကောက်ပွဲ ဥပဒေကြောင်းအရ တရားမဝင်၍ KNU က လုံး၀ လက်မခံဟု ကြေညာ

    စစ်တပ်၏ ရွေးကောက်ပွဲ ဥပဒေကြောင်းအရ တရားမဝင်၍ KNU က လုံး၀ လက်မခံဟု ကြေညာ

    ရွေးကောက်ပွဲတွင် ပါဝင်လျှင် “အဆိပ်ပင် ရေလောင်းသည့် သမိုင်းတရားခံ” ဖြစ်နိုင်ဟု သတိပေး အခြေခံဥပဒေသစ်ရေးဆွဲပြီး ရွေးကောက်ပွဲကျင်းပမှသာ မြန်မာ့နိုင်ငံရေး ပဋိပက္ခအဆုံးသတ်မည့် အချက်အပါအဝင် စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အချက် ၇ ချက်ကို KNU ထုတ်ပြန် အကြမ်းဖက် အာဏာသိမ်း စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲမှာ ဥပဒေကြောင်းအရ တရားမဝင်၍ ကရင်အမျိုးသား အစည်း အရုံး- KNU က လုံး၀ လက်မခံကြောင်း ယနေ့ တရားဝင် ထုတ်ပြန်ကြေညာသည်။ ယနေ့တွင် KNU က အချက် ၇ ချက် ပါဝင်သော စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်သော ကြေညာ ချက်ကို ထုတ်ပြန်လိုက်ပြီး ယင်းကြေညာချက်တွင် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲသည် ဥပဒေအရ တရားမဝင်ကြောင်း၊…