Author: Baby Yit Lone

  • စဥ့်ကူးမြို့နယ်၌ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံး

    စဥ့်ကူးမြို့နယ်၌ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံး

    မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးရွာအနီးကို ဩဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လေကြောင်းကနေ တိုက်ခိုက်လို့ ရှောက်ပင်ရိုးရွာအနီး ထမင်းဆိုင်ပေါ်ကျပြီး အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်းရှိတဲ့အပြင် အဆောက်အအုံနဲ့ ကားပျက်စီးမှုရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ဒေသခံရွာသားတယောက်က “ကျနော်တို့ ရှောက်ပင်ရိုးရွာတောင်ဘက်၊ ကတ္တရာလမ်းမကြီးရဲ့ အနောက်ဘက်ခြမ်း၊ ထမင်းဆိုင်ကို ကြဲချသွားတာဗျ။ ပျက်စီးတာကတော့ ရစရာကို မရှိဘူး။ PDF လည်း မရှိ၊ ပကဖလည်း မရှိဘူး။ ပလဖ လည်း မရှိဘူး။ စကစ…

  • စစ်အုပ်စုရေယာဉ်များကို ၁၀၇ မမ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

    စစ်အုပ်စုရေယာဉ်များကို ၁၀၇ မမ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ စစ်အုပ်စုရေယာဉ်တွေကို ၁၀၇ မမ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က သတင်းထုတ်ပြန်ထားပါတယ်။ သြဂုတ် ၁၉ ရက် မနေ့က မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ စစ်အုပ်စုရေယာဉ်တွေကို ၁၀၇ မမ ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။’ စစ်အုပ်စုရေယာဉ်တွေ ထိခိုက်မှုရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဦးဆောင်ပြီး တပ်ခွဲ ၂ mahauurarDragon၊ ကနီမြို့နယ် မဟူရာကျားပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ မုံရွာခရိုင် အမှတ်(၁၈)တပ်ရင်း Justice Brothers Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ Video-မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃

  • ရန်ကုန်ဆေးရုံကြီးအပါအဝင် ပြည်သူ့ဆေးရုံများတွင် ဝန်ထမ်းများ၏ ရိုင်းပြစွာဆက်ဆံမှုကြောင့် လူနာများအနေဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိနေ

    ရန်ကုန်ဆေးရုံကြီးအပါအဝင် ပြည်သူ့ဆေးရုံများတွင် ဝန်ထမ်းများ၏ ရိုင်းပြစွာဆက်ဆံမှုကြောင့် လူနာများအနေဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိနေ

    စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ ကျဆင်းလာခဲ့ရာ ရန်ကုန် ဆေးရုံကြီးအပါအဝင် အချို့ပြည်သူ့ဆေးရုံများရှိ လုံခြုံရေးနှင့် ဝန်ထမ်းများက လူနာများကို ရိုင်းပြစွာ ပြောဆိုဆက်ဆံမှုများရှိနေကြောင်း လူနာများနှင့် လူနာရှင်များထံမှ သိရသည်။ ဆေးဝါးပစ္စည်းနှင့် အထွေထွေကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် နယ်မြို့များမှ ပြည်သူများသည် ပြည်သူ့ဆေးရုံများကို အားကိုး၍ ဆေးကုသရန်ရောက်ရှိလာချိန်တွင် ဆေးရုံဝန်ထမ်းများ၏ ရိုင်းစိုင်းသောပြောဆိုမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း မကွေးမှ ရန်ကုန်ဆေးရုံကြီးတွင် သားအိမ်ခေါင်းကင်ဆာကုသမှုခံယူနေသူ အမျိုးသမီးတစ်ဦးထံမှ သိရသည်။ “ကျွန်မတို့က ကင်ဆာအတွက် နယ်ကနေ ဆေးလာကုရတာဆိုတော့ အစားအသောက်ဝယ်စားရတာ အခက်အခဲရှိပါတယ်။ ဆေးကုသတဲ့ကုန်ကျစရိတ်လည်းရှိသေးတယ်။ အဲ့ဒါ ဆေးရုံကြီးမှာ အလှူရှင် လာလှူတဲ့ထမင်းနဲ့ဟင်းဝေလို့ သွားတန်းစီပြီး ယူတာကို မောင်းထုတ်ခံရတယ်။ ဆေးစာအုပ်ပြရဲ့သားနဲ့ကို မောင်းထုတ်ခံရပြီး ရဲလက်အပ်မယ်လို့ လုံခြုံရေးဝန်ထမ်းက ပြောတယ်” ဟု ဆေးကုသမှု ခံယူနေသူ အမျိုးသမီးက…

  • ၁၇ နှစ် မိန်းမပျိုကို ရည်းစားနဲ့အပေါင်းအပါက aဓမ္မပြုကျင့်ပြီး လျှာ နားရွက်တွေဖ်ြတ် မျက်လုံးတွေဖောက်ကာ ချောင်းထဲ လက်စဖျောက်ခဲ့ကြ

    ၁၇ နှစ် မိန်းမပျိုကို ရည်းစားနဲ့အပေါင်းအပါက aဓမ္မပြုကျင့်ပြီး လျှာ နားရွက်တွေဖ်ြတ် မျက်လုံးတွေဖောက်ကာ ချောင်းထဲ လက်စဖျောက်ခဲ့ကြ

    ၁၇ နှစ် မိန်းမပျိုကို ရည်းစားနဲ့အပေါင်းအပါက aဓမ္မပြုကျင့်ပြီး လျှာ နားရွက်တွေဖ်ြတ် မျက်လုံးတွေဖောက်ကာ ချောင်းထဲ လက်စဖျောက်ခဲ့ကြတယ်။ စစ်ကိုင်းကောလင်းမြို့နယ်၊ ကျွန်းလှမြို့မှာ သြဂုတ် ၉ ရက်က ဖြစ်ခဲ့တာပါ။

  • သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းက စစ်ရှောင်မိသားစုဝင် ၅ယောက်ကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ သတ်

    သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းက စစ်ရှောင်မိသားစုဝင် ၅ယောက်ကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ သတ်

    နွားထိုးကြီးတွင် သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းက စစ်ရှောင်မိသားစုဝင် ၅ယောက်ကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ သတ်ခဲ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူစောထီး သီတာယုမွန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့အနောက်ဘက်ခြမ်း သူစိုးကျေးရွာကို ဝင်ရောက်ရင်း စစ်ရှောင်မိသားစုဝင် ၅ယောက်ကို ရက်ရက်စက်စက် ကြိုးတုပ် သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့က အကြမ်းဖက်စစ်ကော်မရှင်နဲ့ ပျူစောထီးတပ်သားတွေဟာ သူစိုးကျေးရွာကို ဝင်ရောက်မွှေနှောက်ရင်း ခွေးရေတောတိုက်မှာနေထိုင်တဲ့ စစ်ရှောင်မိသားစုဝင်တွေကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ရင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုသတ်ဖြတ်ထားခဲ့သူတွေဟာ တောတိုက်အတွင်း နေထိုင်ရင်း တောင်ယာလုပ်ကိုင်ကြတဲ့ ဦးသန်းအောင် အသက် (၇၅) နှစ်၊ ဦးပြုံးချို (၃၆)နှစ်၊ ဒေါ်ဝင်းကြည် (၆၅)နှစ်၊ ဒေါ်အေး (၆၀)နှစ်နဲ့ ဒေါ်မြင့်ခိုင် (၅၅)နှစ်တို့ဖြစ်ကြောင်း…